• Follow Us on

Home ဖားကန္႔ၿမိဳ႕တြင္ အႏၲရာယ္ရွိေသာကုမၸဏီလုပ္ကြက္ေဟာင္းမွ ေက်ာက္တူးရာတြင္ အသုံးျပဳသည့္ တရားမဝင္စက္ ပစၥည္းမ်ား သိမ္းဆည္းရမိ

ဖားကန္႔ၿမိဳ႕တြင္ အႏၲရာယ္ရွိေသာကုမၸဏီလုပ္ကြက္ေဟာင္းမွ ေက်ာက္တူးရာတြင္ အသုံးျပဳသည့္ တရားမဝင္စက္ ပစၥည္းမ်ား သိမ္းဆည္းရမိ

Share this post

ဖားကန္႔ ၊ စက္တင္ဘာ ၃

ကခ်င္ျပည္နယ္၊ မိုးညႇင္းခ႐ိုင္၊ ဖားကန္႔ၿမိဳ႕နယ္၊ ေတာင္ၿပိဳေက်းရြာအနီးရွိ သီဟႏွင့္ ညီအစ္ကိုသုံး ေယာက္ကုမၸဏီ လုပ္ကြက္ေဟာင္းမွ ေက်ာက္တူးရာတြင္ အသုံးျပဳသည့္ တရားမဝင္ စက္ပစၥည္းမ်ား သိမ္းဆည္း ရမိခဲ့ေၾကာင္း ေတာင္ၿပိဳေက်းရြာ တာဝန္ခံ႐ုံးမွ သိရသည္။

အဆိုပါ ဖားကန္႔ၿမိဳ႕နယ္၊ အေနာက္ေျမာက္ဘက္ (၂)မိုင္ခန္႔အကြာ၊ ေတာင္ၿပိဳေက်းရြာ အနီးရွိ သီဟႏွင့္ ညီအစ္ကိုသုံးေယာက္ကုမၸဏီ လုပ္ကြက္ေဟာင္းတြင္ ေျမစာပုံၿပိဳက်ႏိုင္သည့္ အႏၲရာ ယ္ရွိေသာကမ္းပါးယံတြင္ ေခါင္းက်င္းတူးျခင္းလုပ္ငန္း ႏွင့္ ေမွ်ာတိုက္ျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ေနေၾကာင္း သတင္းအရ အသိပညာေပး တားျမစ္ျခင္းမ်ား‌ေဆာင္ရြက္ရန္ ယူနတီ အေျချပဳရဲကင္းမွ ဒုရဲမွဴး လွထြဋ္ ဦးစီးသည့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ လုံးခင္း/ဖားကန္႔ ေက်ာက္မ်က္တူးေဖာ္ေရးဌာနမွ လက္ေထာက္အေထြေထြမန္ေနဂ်ာ ဦးသုဝဏႏွင့္ ဝန္ထမ္းမ်ားႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ား ပူးေပါင္းအဖြဲ႕သည္ သြားေရာက္ခဲ့ရာ ေခါင္းက်င္းတူးျခင္းလုပ္ငန္းႏွင့္ ေမွ်ာတိုက္ျခင္းလုပ္ငန္းမ်ားလုပ္ကိုင္ေနသည့္ ေရမေဆးလုပ္သား (၅၀)ဦးခန္႔တို႔မွ ပူးေပါင္းအဖြဲ႕ ေရာက္ရွိလာသည္ကိုေတြ႕ျမင္၍ လုပ္ကြက္ကမ္းပါးယံမ်ားမွ အသီးသီး ထြက္ေျပးသြားခဲ့ၿပီး အဆိုပါ ပူးေပါင္းအဖြဲ႕ ေခါင္းက်င္းလုပ္ငန္းမ်ား လုပ္ကိုင္သည့္ ေနရာမ်ားအား လိုက္လံစစ္ေဆးရာ ေရမေဆးလုပ္သားမ်ားထြက္ေျပးစဉ္ က်န္ရွိခဲ့သည့္ Porforce. JLM တံဆိပ္ပါ အျပာေရာင္ ေရစုပ္စက္ (၁)လုံး၊ NAKAMUYA တံဆိပ္ပါ အဝါေရာင္ ေရစုပ္စက္ (၁)လုံး၊ XIMA တံဆိပ္ပါ ေက်ာက္တူးေဖာက္စက္ (၉)လုံး၊ ငွက္မီးရွည္အမ်ိဳးအစား ေက်ာ္တူးေဖာက္စက္ (၂)လုံး၊ MGMH အမ်ိဳးအစား ေက်ာက္တူးေဖာက္စက္(၁)လုံးစသည့္ ေက်ာက္တူးေဖာက္စက္မ်ားႏွင့္ ေရစုပ္စက္မ်ားအား ေတြ႕ရွိသိမ္းဆည္း ရမိခဲ့သည္။

ထို႔ေနာက္ အဆိုပါပူးေပါင္းအဖြဲ႕သည္ အႏၲရာယ္ရွိေသာ လုပ္ကြက္ေဟာင္းကမ္းပါးယံတြင္ တရားမဝင္လုပ္ကိုင္ေနေသာ ေရမေဆးလုပ္သားမ်ား က်န္ရွိခဲ့သည့္ စက္ပစၥည္း မ်ိဳးစုံ (၁၄)လုံးအား သိမ္းဆည္းထားရွိၿပီး လိုအပ္သည့္ တားဆီးပညာေပးအေရးယူမႈႏွင့္ ယာယီထိန္းသိမ္း ေဆာင္ရြက္ထားရွိႏိုင္ရန္အတြက္ ေတာင္ၿပိဳ ေက်းရြာတာဝန္ခံ႐ုံးသို႔ လႊဲေျပာင္း/လက္ခံေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

လူေမာ္

#PeopleMedia

(unicode)
ဖားကန့်မြို့တွင် အန္တရာယ်ရှိသောကုမ္ပဏီလုပ်ကွက်ဟောင်းမှ ကျောက်တူးရာတွင် အသုံးပြုသည့် တရားမဝင်စက် ပစ္စည်းများ သိမ်းဆည်းရမိ
…………………………………………………

ဖားကန့် ၊ စက်တင်ဘာ ၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ တောင်ပြိုကျေးရွာအနီးရှိ သီဟနှင့် ညီအစ်ကိုသုံး ယောက်ကုမ္ပဏီ လုပ်ကွက်ဟောင်းမှ ကျောက်တူးရာတွင် အသုံးပြုသည့် တရားမဝင် စက်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်း တောင်ပြိုကျေးရွာ တာဝန်ခံရုံးမှ သိရသည်။

အဆိုပါ ဖားကန့်မြို့နယ်၊ အနောက်မြောက်ဘက် (၂)မိုင်ခန့်အကွာ၊ တောင်ပြိုကျေးရွာ အနီးရှိ သီဟနှင့် ညီအစ်ကိုသုံးယောက်ကုမ္ပဏီ လုပ်ကွက်ဟောင်းတွင် မြေစာပုံပြိုကျနိုင်သည့် အန္တရာ ယ်ရှိသောကမ်းပါးယံတွင် ခေါင်းကျင်းတူးခြင်းလုပ်ငန်း နှင့် မျှောတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်းအရ အသိပညာပေး တားမြစ်ခြင်းများ‌ဆောင်ရွက်ရန် ယူနတီ အခြေပြုရဲကင်းမှ ဒုရဲမှူး လှထွဋ် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ လုံးခင်း/ဖားကန့် ကျောက်မျက်တူးဖော်ရေးဌာနမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးသုဝဏနှင့် ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သွားရောက်ခဲ့ရာ ခေါင်းကျင်းတူးခြင်းလုပ်ငန်းနှင့် မျှောတိုက်ခြင်းလုပ်ငန်းများလုပ်ကိုင်နေသည့် ရေမဆေးလုပ်သား (၅၀)ဦးခန့်တို့မှ ပူးပေါင်းအဖွဲ့ ရောက်ရှိလာသည်ကိုတွေ့မြင်၍ လုပ်ကွက်ကမ်းပါးယံများမှ အသီးသီး ထွက်ပြေးသွားခဲ့ပြီး အဆိုပါ ပူးပေါင်းအဖွဲ့ ခေါင်းကျင်းလုပ်ငန်းများ လုပ်ကိုင်သည့် နေရာများအား လိုက်လံစစ်ဆေးရာ ရေမဆေးလုပ်သားများထွက်ပြေးစဉ် ကျန်ရှိခဲ့သည့် Porforce. JLM တံဆိပ်ပါ အပြာရောင် ရေစုပ်စက် (၁)လုံး၊ NAKAMUYA တံဆိပ်ပါ အဝါရောင် ရေစုပ်စက် (၁)လုံး၊ XIMA တံဆိပ်ပါ ကျောက်တူးဖောက်စက် (၉)လုံး၊ ငှက်မီးရှည်အမျိုးအစား ကျော်တူးဖောက်စက် (၂)လုံး၊ MGMH အမျိုးအစား ကျောက်တူးဖောက်စက်(၁)လုံးစသည့် ကျောက်တူးဖောက်စက်များနှင့် ရေစုပ်စက်များအား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

ထို့နောက် အဆိုပါပူးပေါင်းအဖွဲ့သည် အန္တရာယ်ရှိသော လုပ်ကွက်ဟောင်းကမ်းပါးယံတွင် တရားမဝင်လုပ်ကိုင်နေသော ရေမဆေးလုပ်သားများ ကျန်ရှိခဲ့သည့် စက်ပစ္စည်း မျိုးစုံ (၁၄)လုံးအား သိမ်းဆည်းထားရှိပြီး လိုအပ်သည့် တားဆီးပညာပေးအရေးယူမှုနှင့် ယာယီထိန်းသိမ်း ဆောင်ရွက်ထားရှိနိုင်ရန်အတွက် တောင်ပြို ကျေးရွာတာဝန်ခံရုံးသို့ လွှဲပြောင်း/လက်ခံဆောင်ရွက်ထားရှိကြောင်း သိရသည်။

လူမော်

#PeopleMedia


Share this post