• Follow Us on

Home ဖားကန္႔ၿမိဳ႕နယ္တြင္ ယခုကာလအတြင္း မဲဆြယ္စည္း႐ုံးျခင္းမ်ားခြင့္ျပဳမည္မဟုတ္

ဖားကန္႔ၿမိဳ႕နယ္တြင္ ယခုကာလအတြင္း မဲဆြယ္စည္း႐ုံးျခင္းမ်ားခြင့္ျပဳမည္မဟုတ္

Share this post

ဖားကန္႔၊ စက္တင္ဘာလ၂၃

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္အတြင္း ကိုဗစ္ ၁၉ ပိုးေတြ႕ လူနာမ်ားလာသည့္အတြက္ ေျမျပင္၌ သြားလာလႈပ္ရွားကာ မဲဆြယ္စည္း႐ုံးျခင္းမ်ားကို ခြင့္ျပဳမည္ မဟုတ္ေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ႐ုံးမွသိရသည္။

ဖာကန္႔ၿမိဳ႕နယ္ကို Stay at home ခ်မွတ္ထားၿပီး​ တစ္အိမ္တက္ တစ္အိမ္ဆင္း (Door to Door) စနစ္ျဖင့္ မဲဆြယ္ျခင္းမ်ားကိုလည္း ခြင့္ျပဳမည္ မဟုတ္ေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံးမွ ဥကၠ႒ ဦးသိန္းဟန္ကေျပာသည္။

“ဖားကန္႔မွာက stay home မွတ္ထားေတာ့ အိမ္ကထြက္ေနအျပင္ထြက္ ခ်င္ရင္ေတာင္ အျပင္ထြတ္ခြင့္ ကပ္ေလးေတြ လုပ္ေပးထားတယ္၊ ဒါ့ေၾကာင့္ မဲဆြယ္ရာမွာလဲ အျပင္ထြက္ၿပီး Door to Door စနစ္နဲ႔ မဲဆြယ္ခြင့္ေတာ့ ျပဳမွာ မဟုတ္ဘူး” ဟု ၎က ေျပာသည္။

စက္တင္ဘာလ (၂၁)ရက္ေန႔က ဖားကန္႔ၿမိဳ႕နယ္အတြင္း ပါတီမ်ားကို မဲဆြယ္စည္း႐ုံးခြင့္မ်ား မျပဳလုပ္ရန္ ညႊန္ၾကားခဲ့ျခင္းေၾကာင့္ မဲဆြယ္စည္း႐ုံးျခင္း ရပ္တန္႔ခဲ့ၿပီးျဖစ္ေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးအင္ဖေရာင္ဂမ္ကေျပာသည္။

“က်ေနာ္တို႔ကို ၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္က လက္ရွိဖားကန္႔အေျခအေနေၾကာင့္ မဲဆြယ္မဲ့အစဥ္ေတြကိုခြင့္မျပဳတဲ့ အေၾကာင္း စက္တင္ဘာလ (၂၁)ရက္ေန႔က ညႊန္ၾကားခဲ့တယ္၊ က်ေနာ္တို႔ အေနနဲ႔လည္း ညႊန္ၾကားခ်က္အတိုင္း မဲဆြယ္စည္း႐ုံးေရးေတြကို ယာယီရပ္နားထားပါတယ္” ဟု ၎ကေျပာသည္။

ပါတီမဲဆြယ္ခြင့္မ်ား ရပ္နားထားျခင္းေၾကာင့္ အဓိကအားျဖင့္ ေရြ႕ေျပာင္းလုပ္သားမ်ား မဲေပးနိုင္ေရးအတြက္ကို စိုးရိမ္ေၾကာင္း အမ်ိဳးသား ဒီမိုကေရစီအဖြဲခ်ဳပ္ ဖားကန္႔ၿမိဳ႕နယ္ ဥကၠ႒ ဦးသိန္းဟန္ကေျပာသည္။

“က်ေနာ္တို႔ ပါတီေတြအားလုံးကိုမဲဆြယ္ခြင့္ရပ္နားထားတာ ျပည္သူမ်ားအေနနဲ႔ ေရာဂါျပန္ပြားမႈကို ကာကြယ္နိုင္ေပမဲ့ ၊ ပုံစံ(၃)(က)ျဖင့္ မဲထည့္ရမဲ့ ေရြ႕ေျပာင္းလုပ္သားမ်ားအတြက္ေတာ့ မဲေပးနိုင္ေရး ေဆာင္ရြက္ရာမွာ မဲမေပးနိုင္မွာကို စိုးရိမ္မိတယ္” ဟု ၎ေျပာသည္။

ဖားကန္႔ၿမိဳ႕နယ္တြင္ ေရြးေကာက္ပြဲဝင္မည့္ နိုင္ငံေရးပါတီအေနျဖင့္ (၆) ပါတီ၊ တစ္သီးပုဂၢလ ယွဥ္ၿပိဳင္သူ (၁)ဦး အထိ ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး တိုင္းရင္းသား ကိုယ္စားလွယ္ေလာင္းမ်ား အျပင္ကိုယ္စားလွယ္ေလာင္း (၂၃) ဦးအထိ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။

ဖားကန္႔ၿမိဳ႕နယ္တြင္ ၂၀၁၅ ခုႏွစ္အေထြေထြ ေရြးေကာက္ပြဲတြင္လူဦးေရ ၆ ေသာင္းေက်ာ္မဲေပးနိုင္ခဲ့ၿပီး ယခု ၂၀၂၀ ေရြးေကာက္ပြဲတြင္မူ လူဦးေရ ၁သိန္း ၅ ေသာင္း ေက်ာ္အထိ မဲေပးနိုင္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း – ေဝယံ
ဓါတ္ပုံ – ေနာေနာ္

#PeopleMedia #EPN #ဖားကန႔္

(unicode)

ဖားကန့်မြို့နယ်တွင် ယခုကာလအတွင်း မဲဆွယ်စည်းရုံးခြင်းများခွင့်ပြုမည်မဟုတ်

ဖားကန့်၊ စက်တင်ဘာလ၂၃

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကိုဗစ် ၁၉ ပိုးတွေ့ လူနာများလာသည့်အတွက် မြေပြင်၌ သွားလာလှုပ်ရှားကာ မဲဆွယ်စည်းရုံးခြင်းများကို ခွင့်ပြုမည် မဟုတ်ကြောင်း ဖားကန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။

ဖာကန့်မြို့နယ်ကို Stay at home ချမှတ်ထားပြီး​ တစ်အိမ်တက် တစ်အိမ်ဆင်း (Door to Door) စနစ်ဖြင့် မဲဆွယ်ခြင်းများကိုလည်း ခွင့်ပြုမည် မဟုတ်ကြောင်း ဖားကန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဥက္ကဋ္ဌ ဦးသိန်းဟန်ကပြောသည်။

“ဖားကန့်မှာက stay home မှတ်ထားတော့ အိမ်ကထွက်နေအပြင်ထွက် ချင်ရင်တောင် အပြင်ထွတ်ခွင့် ကပ်လေးတွေ လုပ်ပေးထားတယ်၊ ဒါ့ကြောင့် မဲဆွယ်ရာမှာလဲ အပြင်ထွက်ပြီး Door to Door စနစ်နဲ့ မဲဆွယ်ခွင့်တော့ ပြုမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

စက်တင်ဘာလ (၂၁)ရက်နေ့က ဖားကန့်မြို့နယ်အတွင်း ပါတီများကို မဲဆွယ်စည်းရုံးခွင့်များ မပြုလုပ်ရန် ညွှန်ကြားခဲ့ခြင်းကြောင့် မဲဆွယ်စည်းရုံးခြင်း ရပ်တန့်ခဲ့ပြီးဖြစ်ကြောင်း ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးအင်ဖရောင်ဂမ်ကပြောသည်။

“ကျနော်တို့ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်က လက်ရှိဖားကန့်အခြေအနေကြောင့် မဲဆွယ်မဲ့အစဉ်တွေကိုခွင့်မပြုတဲ့ အကြောင်း စက်တင်ဘာလ (၂၁)ရက်နေ့က ညွှန်ကြားခဲ့တယ်၊ ကျနော်တို့ အနေနဲ့လည်း ညွှန်ကြားချက်အတိုင်း မဲဆွယ်စည်းရုံးရေးတွေကို ယာယီရပ်နားထားပါတယ်” ဟု ၎င်းကပြောသည်။

ပါတီမဲဆွယ်ခွင့်များ ရပ်နားထားခြင်းကြောင့် အဓိကအားဖြင့် ရွေ့ပြောင်းလုပ်သားများ မဲပေးနိုင်ရေးအတွက်ကို စိုးရိမ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲချုပ် ဖားကန့်မြို့နယ် ဥက္ကဋ္ဌ ဦးသိန်းဟန်ကပြောသည်။

“ကျနော်တို့ ပါတီတွေအားလုံးကိုမဲဆွယ်ခွင့်ရပ်နားထားတာ ပြည်သူများအနေနဲ့ ရောဂါပြန်ပွားမှုကို ကာကွယ်နိုင်ပေမဲ့ ၊ ပုံစံ(၃)(က)ဖြင့် မဲထည့်ရမဲ့ ရွေ့ပြောင်းလုပ်သားများအတွက်တော့ မဲပေးနိုင်ရေး ဆောင်ရွက်ရာမှာ မဲမပေးနိုင်မှာကို စိုးရိမ်မိတယ်” ဟု ၎င်းပြောသည်။

ဖားကန့်မြို့နယ်တွင် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီအနေဖြင့် (၆) ပါတီ၊ တစ်သီးပုဂ္ဂလ ယှဥ်ပြိုင်သူ (၁)ဦး အထိ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး တိုင်းရင်းသား ကိုယ်စားလှယ်လောင်းများ အပြင်ကိုယ်စားလှယ်လောင်း (၂၃) ဦးအထိ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲတွင်လူဦးရေ ၆ သောင်းကျော်မဲပေးနိုင်ခဲ့ပြီး ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်မူ လူဦးရေ ၁သိန်း ၅ သောင်း ကျော်အထိ မဲပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း – ဝေယံ
ဓါတ်ပုံ – နောနော်

#PeopleMedia #EPN #ဖားကန့်


Share this post