• Follow Us on

Home ဖားကန္႔ၿမိဳ႕နယ္၌ ကိုဗစ္-၁၉ အတည္ျပဳလူနာႏွင့္ ထိေတြ႕မႈမရွိ၊ ခရီးသြားရာဇဝင္မရွိသူ (၄)ဦး၌ ကိုဗစ္-၁၉ ပိုးေတြ႕

ဖားကန္႔ၿမိဳ႕နယ္၌ ကိုဗစ္-၁၉ အတည္ျပဳလူနာႏွင့္ ထိေတြ႕မႈမရွိ၊ ခရီးသြားရာဇဝင္မရွိသူ (၄)ဦး၌ ကိုဗစ္-၁၉ ပိုးေတြ႕

Share this post

ဖားကန္႔၊ နိုဝင္ဘာ ၃၀

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္တြင္ ကိုဗစ္-၁၉ အတည္ျပဳလူနာႏွင္ ထိေတြ႕မႈမရွိ၊ ခရီးသြားရာဇဝင္မရွိသူ (၄)ဦး၌ ကိုဗစ္-၁၉ ပိုး ေတြ႕ရွိခဲ့ေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံမွ တာဝန္ရွိသူထံမွ သိရသည္။

အဆိုပါ ပိုးေတြ႕လူနာ (၄)ဦးမွာ ဖားကန္႔ၿမိဳ႕နယ္အတြင္း ေက်ာက္အေရာင္းအဝယ္လုပ္ကိုင္သူမ်ားျဖစ္ေၾကာင္း၊ ၄င္းတို႔သည္ ခရီးသြားရာဇဝင္မရွိ၊ ပိုးေတြ႕လူနာႏွင့္ ထိေတြ႕မႈမရွိခဲ့ေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးမွ ဆရာဝန္ႀကီး ေဒါက္တာ မင္းလြင္က ေျပာသည္။

“သူတို႔က အနံ႔ေပ်ာက္တာေၾကာင့္ ဒီသက္မွတ္ထားတဲ့ေနရာမွ သူတို႔ကိုက်န္းမာေရး ေဆးစစ္ခဲ့တယ္၊ အဲ့ဒီ (၄) ဦးက ခရီးသြား ရာဇဝင္မရွိဘူး၊ ပိုးေတြ႕လူနာနဲ႔လဲ ထိေတြတာမရွိခဲ့ဘူးလို႔ သိရတယ္၊ ဘယ္လိုကူးတာျဖစ္နိုင္လဲဆိုေတာ့ ဖားကန္႔က ၿမိဳ႕တြင္း ကူးဆက္မႈေတြရွိေနတဲ့အခါက် ၿမိဳ႕နယ္အတြင္း သြားလာတဲ့ေနရာေတြက ေရာဂါပိုးရွိသူတစ္ေနရာမဟုတ္တစ္ေနရာမွ ထိေတြ႕ ထားလို႔ေနမွာပါ” ဟု၎က ေျပာသည္။

ဖားကန္႔ၿမိဳ႕နယ္အတြင္း နိုဝင္ဘာလ (၂၁) ရက္ေန႔ခန္႔က စတင္ကာ ၿမိဳ႕နယ္အတြင္း ကူးစက္မႈ (ခရီးသြားရာဇဝင္မရွိ၊ ပိုး ေတြ႕လူနာႏွင့္ ထိဆက္မႈမရွိသူ) မ်ား ရွိလာခဲ့ရာ ယေန႔အထိ လူဦးေရ (၃၀)ေက်ာ္ခန္႔မွာ ခရီးသြားရာဇဝင္မရွိ၊ ပိုးေတြ႕လူနာႏွင့္ ထိဆက္မႈမရွိဘဲ ေရာဂါပိုးေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

ဖားကန႔္ၿမိဳ႕နယ္ကို (Stay at Home) အေနျဖင့္ (၂၀.၁၁.၂၀၂၀) ရက္ေန႔မွစတင္ကာ သတ္မွတ္ထားသည္။

ဖားကန္႔ၿမိဳ႕နယ္တြင္ ကိုဗစ္စတင္ျဖစ္ပြားခ်ိန္မွစ၍ နိုဝင္ဘာလ (၂၉) ရက္ေန႔အထိ ပိုးေတြ႕လူနာ စုစုေပါင္း (၁၁၉)ဦး အထိ ရွိခဲ့ေသာ္လည္း ေဆး႐ုံမွ ဆင္းခြင့္ရသူ (၉၁)ဦး ကုသမႈခံယူလွ်က္ရွိသူ (၂၇)ဦး ရွိေနၿပီး ယေန႔မနက္ပိုင္းက အဆိုပါ (၄)ဦး၌ ထပ္မံ ပိုးေတြ႕ခဲ့ေၾကာင္း သိရသည္။

ကခ်င္ျပည္နယ္ တစ္ျပည္နယ္လုံးအေနျဖင့္ နိုဝင္ဘာလ (၂၉)ရက္ေန႔အထိ ပိုးေတြ႕လူနာစုစုေပါင္း (၂၁၂)ဦး အထိရွိခဲ့ၿပီး ေဆး႐ုံမွဆင္းခြင့္ရသူ (၁၅၈)ဦး ကုသမႈခံယူလၽွက္ရွိသူ (၅၄)ဦး ရွိခဲ့ေၾကာင္း ကခ်င္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

Photo – Credit

ေဝယံ

#PeopleMedia #COVID #ဖားကန႔္ၿမိဳ႕

(unicode)
ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် ထိတွေ့မှုမရှိ၊ ခရီးသွားရာဇဝင်မရှိသူ (၄)ဦး၌ ကိုဗစ်-၁၉ ပိုးတွေ့
……………………………………………………………

ဖားကန့်၊ နိုဝင်ဘာ ၃၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှင် ထိတွေ့မှုမရှိ၊ ခရီးသွားရာဇဝင်မရှိသူ (၄)ဦး၌ ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ပိုးတွေ့လူနာ (၄)ဦးမှာ ဖားကန့်မြို့နယ်အတွင်း ကျောက်အရောင်းအဝယ်လုပ်ကိုင်သူများဖြစ်ကြောင်း၊ ၄င်းတို့သည် ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာနှင့် ထိတွေ့မှုမရှိခဲ့ကြောင်း ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီး ဒေါက်တာ မင်းလွင်က ပြောသည်။

“သူတို့က အနံ့ပျောက်တာကြောင့် ဒီသက်မှတ်ထားတဲ့နေရာမှ သူတို့ကိုကျန်းမာရေး ဆေးစစ်ခဲ့တယ်၊ အဲ့ဒီ (၄) ဦးက ခရီးသွား ရာဇဝင်မရှိဘူး၊ ပိုးတွေ့လူနာနဲ့လဲ ထိတွေတာမရှိခဲ့ဘူးလို့ သိရတယ်၊ ဘယ်လိုကူးတာဖြစ်နိုင်လဲဆိုတော့ ဖားကန့်က မြို့တွင်း ကူးဆက်မှုတွေရှိနေတဲ့အခါကျ မြို့နယ်အတွင်း သွားလာတဲ့နေရာတွေက ရောဂါပိုးရှိသူတစ်နေရာမဟုတ်တစ်နေရာမှ ထိတွေ့ ထားလို့နေမှာပါ” ဟု၎င်းက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း နိုဝင်ဘာလ (၂၁) ရက်နေ့ခန့်က စတင်ကာ မြို့နယ်အတွင်း ကူးစက်မှု (ခရီးသွားရာဇဝင်မရှိ၊ ပိုး တွေ့လူနာနှင့် ထိဆက်မှုမရှိသူ) များ ရှိလာခဲ့ရာ ယနေ့အထိ လူဦးရေ (၃၀)ကျော်ခန့်မှာ ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာနှင့် ထိဆက်မှုမရှိဘဲ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်ကို (Stay at Home) အနေဖြင့် (၂၀.၁၁.၂၀၂၀) ရက်နေ့မှစတင်ကာ သတ်မှတ်ထားသည်။

ဖားကန့်မြို့နယ်တွင် ကိုဗစ်စတင်ဖြစ်ပွားချိန်မှစ၍ နိုဝင်ဘာလ (၂၉) ရက်နေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း (၁၁၉)ဦး အထိ ရှိခဲ့သော်လည်း ဆေးရုံမှ ဆင်းခွင့်ရသူ (၉၁)ဦး ကုသမှုခံယူလျှက်ရှိသူ (၂၇)ဦး ရှိနေပြီး ယနေ့မနက်ပိုင်းက အဆိုပါ (၄)ဦး၌ ထပ်မံ ပိုးတွေ့ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးအနေဖြင့် နိုဝင်ဘာလ (၂၉)ရက်နေ့အထိ ပိုးတွေ့လူနာစုစုပေါင်း (၂၁၂)ဦး အထိရှိခဲ့ပြီး ဆေးရုံမှဆင်းခွင့်ရသူ (၁၅၈)ဦး ကုသမှုခံယူလျှက်ရှိသူ (၅၄)ဦး ရှိခဲ့ကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

Photo – Credit

ဝေယံ

#PeopleMedia #COVID #ဖားကန့်မြို့


Share this post