• Follow Us on

Home ဖားကန့်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦး လုပ်ကြံသတ်ဖြတ်ခံရပြီး တစ်ဦးပွဲချင်းပြီး သေဆုံး၊ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

ဖားကန့်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦး လုပ်ကြံသတ်ဖြတ်ခံရပြီး တစ်ဦးပွဲချင်းပြီး သေဆုံး၊ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

Share this post

မန္တလေး၊ နိုဝင်ဘာ ၂၇ (People Media)

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦး လုပ်ကြံ သတ်ဖြတ်ခံရပြီး တစ်ဦးပွဲချင်းပြီး သေဆုံးပြီးနောက် တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရပါတယ်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၅ ရက်နေ့ ညပိုင်းက ဖားကန့်မြို့နယ် မှော်ဆီစာကျေးရွာရှိ အရန်မီးသတ်တပ်ဖွဲ့မှ တပ်ခွဲ မှူး ဦးဇော်မင်းဦးနှင့် အရန်မီးသတ်တပ်ကြပ်ကြီး ဦးလှိုင်မင်းသိန်းတို့သည် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသလို ဓါးဖြင့် ထိုးသွင်းဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

 

“နှစ်ယောက်က သွားလာနေစဉ် လမ်းမှာ လုပ်ကြံခံရတာ။ ဦးဇော်မင်းဦးက နေရာမှာ သေသွားတယ်။ ဦး လှိုင်မင်းသိန်းက ပြင်းထန်ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဖားကန့်မြို့နယ်၊ မှော်ဆီစာကျေးရွာအနီးတစ်ဝိုက်၌ KIA အဖွဲ့မှ လှုပ်ရှားနေသလို ကျောင်းများ မဖွင့်ရန် ဒေသခံ PDF အဖွဲ့များက လှုံ့ဆော်လျက်ရှိသည့်ဒေသတစ်ခုဖြစ်ပါတယ်။

 

Photo – ပြည်သူ့အကျိုးဆောင်ရွက်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များ

 

#PeopleMedia #မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ #ဖားကန့်မြို့

 

(unicode)


…………………………………………………

 

မန်တလေး၊ နိုဝငျဘာ ၂၇ (People Media)

 


 


 


 


 


 



Share this post