• Follow Us on

Home ဖားကန္႔ၿမိဳ႕နယ္၌ ေျမၿပိဳက်မႈျဖစ္ပြား

ဖားကန္႔ၿမိဳ႕နယ္၌ ေျမၿပိဳက်မႈျဖစ္ပြား

Share this post

ဖားကန္႔၊ ၾသဂုတ္ ၁၃

ဖားကန္႔ၿမိဳ႕နယ္ ၊ ဆိပ္မူေက်းရြာအုပ္စု၊ ေဝွခါေက်းရြာတြင္ ျသဂုတ္လ ၁၀ ရက္ေန႔မွစတင္ကာ ေျမၿပိဳက်မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေျမၿပိဳက်မႈမွာ လခူးေခ်ာင္း ေက်းရြာအတြင္းရွိ ေရႊဟိန္းထက္ေက်ာက္မ်က္တူးေဖာ္ေရး ကုမၸဏီအုပ္ခ်ဳပ္မႈေဆာင္ဝန္းအတြင္းရွိ ကုမၸဏီအုပ္ခ်ဳပ္မႈ အေဆာင္ေဟာင္း အနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“အဲ့ဒီေျမၿပိဳက်မႈမွာေတာ့ လူအေသအေပ်ာက္ မရွိဘူး၊ အေဆာက္အအုံေဟာင္းက လူမေနဘူးေလ ဒါေပမယ့္ အဲဒီ အေဆာက္ အအုံ ကေတာ့ ေျမၿပိဳက်မႈနဲ႔အတူပါသြားတယ္။ ” ဟု ဖားကန္႔ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႈး ဦးဉာဏ္လင္းေအာင္က ေျပသည္။

ထို႔အျပင္ ၾသဂုတ္လ ၁၁ ရက္ေန႔တြင္လည္း မိုးသည္းထန္စြာ ဆက္လက္ရြာသြန္းမႈေၾကာင့္ေျမစာပုံ ထပ္မံ ၿပိဳက်မႈ ျဖစ္ပြားခဲ့ၿပီး ေရႊဟိန္းထက္ ေက်ာက္မ်က္တူးေဖာ္ေရး ကုမၸဏီအုပ္ခ်ဳပ္မႈ အေဆာင္ အနီးရွိ လူေန ထိုင္ျခင္းမရွိသည့္ (၂)ထပ္ အေဆာက္ အအုံ ၁လုံး ေျမစာမ်ားႏွင့္ အတူ ၿပိဳက်မွဴျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မိုးဆက္လက္ ရြာသြန္းပါက ထပ္မံ ၿပိဳက်ႏိုင္သည့္ အေျခအေနရွိေသာေၾကာင့္ ေျမစာၿပိဳက်ရာ ေနရာ အနီးအနားသို႔ ရြာသူရြာသားမ်ား သြားလာျခင္း မရွိေစရန္ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရး အဖြဲ႕က အသိေပးႏိႈးေဆာ္ထားေၾကာင္း သိရသည္။

ေဝယံ

#PeopleMedia #ဖားကန္႔

(unicode)
ဖားကန့်မြို့နယ်၌ မြေပြိုကျမှုဖြစ်ပွား
……………………

ဖားကန့်၊ ဩဂုတ် ၁၃

ဖားကန့်မြို့နယ် ၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာတွင် သြဂုတ်လ ၁၀ ရက်နေ့မှစတင်ကာ မြေပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မြေပြိုကျမှုမှာ လခူးချောင်း ကျေးရွာအတွင်းရှိ ရွှေဟိန်းထက်ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီအုပ်ချုပ်မှုဆောင်ဝန်းအတွင်းရှိ ကုမ္ပဏီအုပ်ချုပ်မှု အဆောင်ဟောင်း အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အဲ့ဒီမြေပြိုကျမှုမှာတော့ လူအသေအပျောက် မရှိဘူး၊ အဆောက်အအုံဟောင်းက လူမနေဘူးလေ ဒါပေမယ့် အဲဒီ အဆောက် အအုံ ကတော့ မြေပြိုကျမှုနဲ့အတူပါသွားတယ်။ ” ဟု ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးဉာဏ်လင်းအောင်က ပြေသည်။

ထို့အပြင် ဩဂုတ်လ ၁၁ ရက်နေ့တွင်လည်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့်မြေစာပုံ ထပ်မံ ပြိုကျမှု ဖြစ်ပွားခဲ့ပြီး ရွှေဟိန်းထက် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီအုပ်ချုပ်မှု အဆောင် အနီးရှိ လူနေ ထိုင်ခြင်းမရှိသည့် (၂)ထပ် အဆောက် အအုံ ၁လုံး မြေစာများနှင့် အတူ ပြိုကျမှူဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးဆက်လက် ရွာသွန်းပါက ထပ်မံ ပြိုကျနိုင်သည့် အခြေအနေရှိသောကြောင့် မြေစာပြိုကျရာ နေရာ အနီးအနားသို့ ရွာသူရွာသားများ သွားလာခြင်း မရှိစေရန် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

ဝေယံ

#PeopleMedia #ဖားကန့်


Share this post