• Follow Us on

Home ဖားကန္႔ၿမိဳ႕မွာ မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ ေျမစာပုံၿပိဳက်

ဖားကန္႔ၿမိဳ႕မွာ မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ ေျမစာပုံၿပိဳက်

Share this post

ဖားကန္႔၊ စက္တင္ဘာ ၂

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္၊ ဆိပ္မူေက်းရြာအုပ္စု၊ ေဝွခါေက်းရြာရွိ၊ လခူးေခ်ာင္းေက်းရြာအတြင္း မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ေျမစာပုံၿပိဳက်မူျဖစ္ခဲ့ေၾကာင္း သိရသည္။

စက္တင္ဘာလ ၂ ရက္ေန႔ နံနက္ပိုင္းကလခူးေခ်ာင္းေက်းရြာအတြင္း မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ ရာသီသိမ္းခ်ိန္ လုပ္ကြက္ရပ္နားထားေသာ ဂ်ိတ္လင္း၊ ေက်ာက္စိမ္းသစ္ရြက္၊ စိမ္းေရႊဝါေက်ာက္မ်က္ကုမၸဏီ စုေပါင္းလုပ္ကြက္အတြင္းမွ အျမင့္(၁၀၀၀)ေပ၊ အက်ယ္ (၂၀၀)ေပရွိ ေျမစာမ်ား ၿပိဳက်မူျဖစ္ခဲ့ၿပီး ေျမစာၿပိဳၾကမူေၾကာင့္ လခူးေက်းရြာအတြင္းရွိ အႏၲရယ္ရွိ လူေနထိုင္ျခင္းမရွိတဲ့ ေနအိမ္(၃၀)လုံးအနက္ ေနအိမ္(၃)လုံးမွာ ေျမစာႏွင့္အတူ ၿပိဳက်ပ်က္စီးသြားခဲ့ေၾကာင္း ရဲမွတ္တမ္းမ်ားအရသိရသည္။

အဆိုပါအခင္းျဖစ္ရာသို႔ ဆိပ္မူရဲကင္းစခန္းမွဴး ရဲအုပ္ အြမ္နိန္ အဖြဲ႕၊ ေဝွခါေက်းရြာတာဝန္ခံ ဦးေက်ာ္မင္း တို႔ႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့ၿပီး ေျမစာၿပိဳက်မူေၾကာင့္ လူ၊တိရစၧာန္ ထိခိုက္၊ေသဆုံး၊ ဒဏ္ရာရရွိမႈမ ရွိေၾကာင္းႏွင့္ ေျမစာၿပိဳက်ခဲ့သည့္ေနရာကို ၿမိဳ႕နယ္သဘာဝေဘးအႏၲရယ္ဆိုင္ရာစီမံခန္႔ခြဲေရးအဖြဲ႕မွ ကြင္း ဆင္းစစ္ေဆးမူကိုေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

ေကသီ

ဓာတ္ပုံ – ဆိပ္မူနယ္ေျမရဲစခန္း

#PeopleMedia

(unicode)
ဖားကန့်မြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေစာပုံပြိုကျ
…………………………………………….

ဖားကန့်၊ စက်တင်ဘာ ၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာရှိ၊ လခူးချောင်းကျေးရွာအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေစာပုံပြိုကျမူဖြစ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းကလခူးချောင်းကျေးရွာအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရာသီသိမ်းချိန် လုပ်ကွက်ရပ်နားထားသော ဂျိတ်လင်း၊ ကျောက်စိမ်းသစ်ရွက်၊ စိမ်းရွှေဝါကျောက်မျက်ကုမ္ပဏီ စုပေါင်းလုပ်ကွက်အတွင်းမှ အမြင့်(၁၀၀၀)ပေ၊ အကျယ် (၂၀၀)ပေရှိ မြေစာများ ပြိုကျမူဖြစ်ခဲ့ပြီး မြေစာပြိုကြမူကြောင့် လခူးကျေးရွာအတွင်းရှိ အန္တရယ်ရှိ လူနေထိုင်ခြင်းမရှိတဲ့ နေအိမ်(၃၀)လုံးအနက် နေအိမ်(၃)လုံးမှာ မြေစာနှင့်အတူ ပြိုကျပျက်စီးသွားခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

အဆိုပါအခင်းဖြစ်ရာသို့ ဆိပ်မူရဲကင်းစခန်းမှူး ရဲအုပ် အွမ်နိန် အဖွဲ့၊ ဝှေခါကျေးရွာတာဝန်ခံ ဦးကျော်မင်း တို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ပြီး မြေစာပြိုကျမူကြောင့် လူ၊တိရစ္ဆာန် ထိခိုက်၊သေဆုံး၊ ဒဏ်ရာရရှိမှုမ ရှိကြောင်းနှင့် မြေစာပြိုကျခဲ့သည့်နေရာကို မြို့နယ်သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့မှ ကွင်း ဆင်းစစ်ဆေးမူကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ကေသီ

ဓာတ်ပုံ – ဆိပ်မူနယ်မြေရဲစခန်း

#PeopleMedia


Share this post