• Follow Us on
Latest News

Home ဖားကန္႔ၿမိဳ႕၌ ေျမၿပိဳ၍ ေသဆုံးခဲ့သည္ ေရမေဆးေက်ာက္ရွာေဖြမ်ားကုိ တစ္ဦးလွ်င္ က်ပ္သုံးသိန္းႏႈန္းျဖင့္ လူမႈ ၀န္ထမ္းမွ ေထာက္ပံ့မည္

ဖားကန္႔ၿမိဳ႕၌ ေျမၿပိဳ၍ ေသဆုံးခဲ့သည္ ေရမေဆးေက်ာက္ရွာေဖြမ်ားကုိ တစ္ဦးလွ်င္ က်ပ္သုံးသိန္းႏႈန္းျဖင့္ လူမႈ ၀န္ထမ္းမွ ေထာက္ပံ့မည္

Share this post

ရန္ကုန္၊ ဇူလုိင္-၃

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္၊ ေဝွခါေမွာ္ေက်း႐ြာတြင္ ေျမၿပိဳမႈေၾကာင့္ ေရမေဆးေက်ာက္ရွာေဖြရင္း ေသဆုံး သြားသည့္သူမ်ားကို တစ္ဦးလွ်င္ က်ပ္သုံးသိန္းႏႈန္းျဖင့္ လူမႈ၀န္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထား ေရး၀န္ႀကီးဌာနမွ ၎တို႔မိသားစု၀င္မ်ားကို ေထာက္ပံ့ေပးအပ္မည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ဝင္ တစ္ဦးက ေျပာသည္။

ေရမေဆးေက်ာက္ရွာေဖြရင္းေသဆုံးသည့္ျဖစ္စဥ္ႏွင့္ပတ္သက္၍ People Media သတင္းဌာနမွ ဇူလိုင္(၃)ရက္ ၌ ဆက္သြယ္ေမးျမန္းရာတြင္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕မွ သယံဇာတႏွင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး ၀န္ႀကီး ဦးဒါရွီလဆိုင္းက အထက္ပါအတုိင္း ေျပာဆုိခဲ့ျခင္း ျဖစ္သည္။

“အခုၿပိဳက်သြားတဲ့ေနရာက ရာသီခ်ိန္ၿပီးသြားလို႔ မိုးတြင္းဆိုေတာ့ ပိတ္သိမ္းထားတဲ့ေနရာ။ အဲဒီေနရာကို ေရမ ေဆးသမားေတြက ၀င္ေရာက္တူးေဖာ္ရွာေဖြၾကတာ။ အဲဒီေတာ့ အခုေသဆုံးမႈျဖစ္စဥ္မွာ ဘယ္သူဘယ္ဝါကို အေရးယူရမယ္ဆိုတာက ဘယ္လိုမွမျဖစ္နိုင္ဘူး။ သို႔ေသာ္လည္း ဒါကခ်င္ျပည္နယ္အစိုးရအဖြဲ႕ေတြ၊ ေနာက္ ဒီမွာရွိတဲ့ ေက်ာက္မ်က္လုပ္ငန္းရွင္အသင္းေတြ အားလုံးကတတ္နုိင္သေလာက္ ကူညီေထာက္ပံ့ဖို႔ လုပ္ေနၾက တယ္။ အားလုံး သိန္းေထာင္ေက်ာ္တယ္။ အဲဒါကဘယ္ေလာက္ေထာက္ပံ့ေပးမယ္ဆိုတာ တြက္ခ်က္ေနတုန္း။ လူကယ္ျပန္ဌာနကေတာ့ ေသဆုံးသြားသူေတြကို တစ္ဦး က်ပ္သုံးသိန္း ေထာက္ပံ့ေပးသြားမယ္ဆိုတာ ေျပာ တယ္”ဟု ၎ကေျပာသည္။

ဇူလိုင္ ၂ ရက္ေန႔က ကခ်င္ျပည္နယ္၊ ဖားကန္႔ေဝွခါေမွာ္ေက်း႐ြာတြင္ ေရမေဆးေက်ာက္ရွာေဖြေနစဥ္ ေျမၿပိဳက် မႈျဖစ္စဥ္ေၾကာင့္ လူ ၁၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး ၄၀ ေက်ာ္ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ကခ်င္ျပည္နယ္အစိုးရ အဖြဲ႕က အတည္ျပဳေျပာဆုိသည္။

“အဲဒီေနရာေတြက အႏၲရာယ္ရွိတယ္ဆိုတာ သတိေပးဆိုင္းဘုတ္ေတြလည္းကပ္ထားတယ္။ ၀င္းတံခါးေတြ လည္း ပိတ္ထားတယ္။ ဒါေပမဲ့ မရဘူး။ ေရမေဆးရွာေဖြသူေတြက အတင္း၀င္တာပဲ။ အခုျဖစ္တာကလည္း မနက္ ၂ နာရီႀကီး၀င္ၾကတာ။ အဲဒီေတာ့ ဒါေတြကို အတင္းအဓမၼတားရေအာင္လည္း ဒီမိုကေရစီေခတ္ဆိုေတာ့ လူတိုင္းလြတ္လပ္ခြင့္ကလည္းရွိတယ္ေလ။ ထပ္မျဖစ္ေအာင္က ရာသီဥတုလည္း ကြၽန္ေတာ္တို႔က ဟန္႔တားလို႔ မရဘူး။ ကြၽန္ေတာ္တို႔ကေတာ့ အႏၲရာယ္ရွိတယ္ဆိုတာကို သူတို႔သိရွိႏိုင္ေအာင္ သတိေပးဆိုင္းဘုတ္ေတြ မ်ား မ်ားကပ္မယ္။ ၿပီးေတာ့ အကာအရံေတြလုပ္မယ္။ ဒီလုပ္ငန္းစဥ္ေတြကေတာ့ လုပ္ဖို႔ရွိပါတယ္’’ဟု ျဖစ္စဥ္မ်ားကို ၀န္ႀကီး ဦးဒါရွီလဆိုင္းကေျပာသည္။

အဆုိပါေသဆုံးမႈမ်ားကုိ ႏုိင္ငံေရးပါတီမ်ားႏွင့္ ျမန္မာႏုိင္ငံအေျခစုိက္ ႏုိင္ငံတကာသံ႐ုံးမ်ားကလည္း ဝမ္းနည္း ေၾကာင္း ထုတ္ျပန္လ်က္ရွိသည္။

#PeopleMedia #ဖားကန္႔ #ကခ်င္ျပည္နယ္အစုိးရအဖြဲ႕

(unicode)
ဖားကန့်မြို့၌ မြေပြို၍ သေဆုံးခဲ့သည် ရေမဆေးကျောက်ရှာဖွေများကို တစ်ဦးလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် လူမှု ဝန်ထမ်းမှ ထောက်ပံ့မည်
……………………………………………………

ရန်ကုန်၊ ဇူလိုင်-၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါမှော်ကျေးရွာတွင် မြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာဖွေရင်း သေဆုံး သွားသည့်သူများကို တစ်ဦးလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ၎င်းတို့မိသားစုဝင်များကို ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ရေမဆေးကျောက်ရှာဖွေရင်းသေဆုံးသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ People Media သတင်းဌာနမှ ဇူလိုင်(၃)ရက် ၌ ဆက်သွယ်မေးမြန်းရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလဆိုင်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အခုပြိုကျသွားတဲ့နေရာက ရာသီချိန်ပြီးသွားလို့ မိုးတွင်းဆိုတော့ ပိတ်သိမ်းထားတဲ့နေရာ။ အဲဒီနေရာကို ရေမ ဆေးသမားတွေက ဝင်ရောက်တူးဖော်ရှာဖွေကြတာ။ အဲဒီတော့ အခုသေဆုံးမှုဖြစ်စဉ်မှာ ဘယ်သူဘယ်ဝါကို အရေးယူရမယ်ဆိုတာက ဘယ်လိုမှမဖြစ်နိုင်ဘူး။ သို့သော်လည်း ဒါကချင်ပြည်နယ်အစိုးရအဖွဲ့တွေ၊ နောက် ဒီမှာရှိတဲ့ ကျောက်မျက်လုပ်ငန်းရှင်အသင်းတွေ အားလုံးကတတ်နိုင်သလောက် ကူညီထောက်ပံ့ဖို့ လုပ်နေကြ တယ်။ အားလုံး သိန်းထောင်ကျော်တယ်။ အဲဒါကဘယ်လောက်ထောက်ပံ့ပေးမယ်ဆိုတာ တွက်ချက်နေတုန်း။ လူကယ်ပြန်ဌာနကတော့ သေဆုံးသွားသူတွေကို တစ်ဦး ကျပ်သုံးသိန်း ထောက်ပံ့ပေးသွားမယ်ဆိုတာ ပြော တယ်”ဟု ၎င်းကပြောသည်။

ဇူလိုင် ၂ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်ဝှေခါမှော်ကျေးရွာတွင် ရေမဆေးကျောက်ရှာဖွေနေစဉ် မြေပြိုကျ မှုဖြစ်စဉ်ကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး ၄၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရ အဖွဲ့က အတည်ပြုပြောဆိုသည်။

“အဲဒီနေရာတွေက အန္တရာယ်ရှိတယ်ဆိုတာ သတိပေးဆိုင်းဘုတ်တွေလည်းကပ်ထားတယ်။ ဝင်းတံခါးတွေ လည်း ပိတ်ထားတယ်။ ဒါပေမဲ့ မရဘူး။ ရေမဆေးရှာဖွေသူတွေက အတင်းဝင်တာပဲ။ အခုဖြစ်တာကလည်း မနက် ၂ နာရီကြီးဝင်ကြတာ။ အဲဒီတော့ ဒါတွေကို အတင်းအဓမ္မတားရအောင်လည်း ဒီမိုကရေစီခေတ်ဆိုတော့ လူတိုင်းလွတ်လပ်ခွင့်ကလည်းရှိတယ်လေ။ ထပ်မဖြစ်အောင်က ရာသီဥတုလည်း ကျွန်တော်တို့က ဟန့်တားလို့ မရဘူး။ ကျွန်တော်တို့ကတော့ အန္တရာယ်ရှိတယ်ဆိုတာကို သူတို့သိရှိနိုင်အောင် သတိပေးဆိုင်းဘုတ်တွေ များ များကပ်မယ်။ ပြီးတော့ အကာအရံတွေလုပ်မယ်။ ဒီလုပ်ငန်းစဉ်တွေကတော့ လုပ်ဖို့ရှိပါတယ်’’ဟု ဖြစ်စဉ်များကို ဝန်ကြီး ဦးဒါရှီလဆိုင်းကပြောသည်။

အဆိုပါသေဆုံးမှုများကို နိုင်ငံရေးပါတီများနှင့် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံးများကလည်း ဝမ်းနည်း ကြောင်း ထုတ်ပြန်လျက်ရှိသည်။

#PeopleMedia #ဖားကန့် #ကချင်ပြည်နယ်အစိုးရအဖွဲ့


Share this post