• Follow Us on

Home ဖားကန္႔ႏွင့္ ေမာ္ဟန္ရတနာနယ္ေျမအတြင္း ေက်ာက္စိမ္း႐ိုင္းတူးေဖာ္ ထုတ္လုပ္ျခင္းလုပ္ငန္းမ်ားအား အစိုးရမွ ႏွစ္လ ထပ္မံယာယီရပ္ဆိုင္း

ဖားကန္႔ႏွင့္ ေမာ္ဟန္ရတနာနယ္ေျမအတြင္း ေက်ာက္စိမ္း႐ိုင္းတူးေဖာ္ ထုတ္လုပ္ျခင္းလုပ္ငန္းမ်ားအား အစိုးရမွ ႏွစ္လ ထပ္မံယာယီရပ္ဆိုင္း

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ဖားကန္႔ႏွင့္ ေမာ္ဟန္ရတနာနယ္ေျမအတြင္း ေက်ာက္စိမ္း႐ိုင္းတူးေဖာ္ထုတ္လုပ္ျခင္းလုပ္ငန္းမ်ားအား အစိုးရမွ ႏွစ္လထပ္မံယာယီရပ္ဆိုင္းရန္ သယံဇာတႏွင့္သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီးဌာန မွ ဒီဇင္ဘာ ၁၀ ရက္ေန႔ ရက္စြဲျဖင့္ထုတ္ျပန္ေၾကညာထားသည္။
 
အဆိုပါထုတ္ျပန္ခ်က္တြင္ မိုးရာသီကာလအတြင္း လံုခင္း၊ ဖားကန္႔ရတနာနယ္ေျမႏွင့္ ေမာ္လူး၊ ေမာ္ ဟန္ရတနာနယ္ေျမအတြင္း ေက်ာက္စိမ္း႐ိုင္းတူးေဖာ္ ထုတ္လုပ္မႈလုပ္ငန္းမ်ား ထပ္မံ၍ ယာယီရပ္ ဆိုင္းထားရန္ ညႊန္ၾကားျခင္းျဖစ္ေၾကာင္း ေဖာ္ျပပါရွိသည္။
 
ယခုအခါ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ ကာကြယ္ေရးလုပ္ငန္းမ်ားေဆာင္ရြက္ေနသည့္ ကာလအတြင္း ဌာနဆိုင္ရာ၀န္ထမ္းမ်ား၊ ကုမၸဏီ၀န္ထမ္းမ်ားႏွင့္ ေဒသခံျပည္သူမ်ား ေရာဂါကူးစက္ ျခင္းမျဖစ္ပြားေစရန္ႏွင့္ Stay At Home ၿမိဳ႕နယ္စာရင္းတြင္ ပါ၀င္ေနျခင္းတို႔ေၾကာင့္ အဆိုပါနယ္ေျမမ်ားအတြင္း တူးေဖာ္ထုတ္လုပ္ျခင္း လုပ္ငန္းမ်ားအား ဒီဇင္ဘာ ၁ ရက္ေန႔မွ ဇန္န၀ါရီ ၁ ရက္ေန႔အထိ ႏွစ္လ ထပ္မံယာယီရပ္ဆိုင္းရန္ ညႊန္ၾကားစာတြင္ ပါရွိသည္။
 
အလားတူ သယံဇာတႏွင့္သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီးဌာနမွ မိုးရာသီကာလအတြင္း သဘာ၀ေဘးအႏၱရာယ္မ်ား ျဖစ္ေပၚလာႏိုင္မႈေၾကာင့္ ဇူလိုင္လ ၁ ရက္ေန႔မွ စက္တင္ဘာ ၃၀ ရက္ အထိလည္းေကာင္း၊ COVID-19 ေရာဂါျဖစ္ပြားမႈေၾကာင့္ ေအာက္တိုဘာ ၁ ရက္ေန႔မွ ႏို၀င္ဘာ ၃၀ ရက္ေန႔အထိ စုစုေပါင္း ၅ လ အၾကာ လံုခင္း၊ ဖားကန္႔ရတနာနယ္ေျမ၊ ေမာ္လူး၊ ေမာ္ဟန္ရတနာ နယ္ေျမႏွင့္ ခႏၱီးရတနာနယ္ေျမတို႔တြင္ ေက်ာက္စိမ္း႐ိုင္းတူးေဖာ္ထုတ္လုပ္မႈလုပ္ငန္းမ်ားကို ယာယီရပ္ ဆိုင္းထားရန္ ညႊန္ၾကားခဲ့ၿပီးျဖစ္သည္။
 
#PeopleMedia#သယံဇာတ#ဖားကန္႔
 
(unicode)
ဖားကန့်နှင့် မော်ဟန်ရတနာနယ်မြေအတွင်း ကျောက်စိမ်းရိုင်းတူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်းများအား အစိုးရမှ နှစ်လ ထပ်မံယာယီရပ်ဆိုင်း
…………………………………………………………………
 
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ဖားကန့်နှင့် မော်ဟန်ရတနာနယ်မြေအတွင်း ကျောက်စိမ်းရိုင်းတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများအား အစိုးရမှ နှစ်လထပ်မံယာယီရပ်ဆိုင်းရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မှ ဒီဇင်ဘာ ၁၀ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ကြေညာထားသည်။
 
အဆိုပါထုတ်ပြန်ချက်တွင် မိုးရာသီကာလအတွင်း လုံခင်း၊ ဖားကန့်ရတနာနယ်မြေနှင့် မော်လူး၊ မော် ဟန်ရတနာနယ်မြေအတွင်း ကျောက်စိမ်းရိုင်းတူးဖော် ထုတ်လုပ်မှုလုပ်ငန်းများ ထပ်မံ၍ ယာယီရပ် ဆိုင်းထားရန် ညွှန်ကြားခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။
 
ယခုအခါ COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကာလအတွင်း ဌာနဆိုင်ရာဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ရောဂါကူးစက် ခြင်းမဖြစ်ပွားစေရန်နှင့် Stay At Home မြို့နယ်စာရင်းတွင် ပါဝင်နေခြင်းတို့ကြောင့် အဆိုပါနယ်မြေများအတွင်း တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများအား ဒီဇင်ဘာ ၁ ရက်နေ့မှ ဇန်နဝါရီ ၁ ရက်နေ့အထိ နှစ်လ ထပ်မံယာယီရပ်ဆိုင်းရန် ညွှန်ကြားစာတွင် ပါရှိသည်။
 
အလားတူ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မိုးရာသီကာလအတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်မှုကြောင့် ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက် အထိလည်းကောင်း၊ COVID-19 ရောဂါဖြစ်ပွားမှုကြောင့် အောက်တိုဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ စုစုပေါင်း ၅ လ အကြာ လုံခင်း၊ ဖားကန့်ရတနာနယ်မြေ၊ မော်လူး၊ မော်ဟန်ရတနာ နယ်မြေနှင့် ခန္တီးရတနာနယ်မြေတို့တွင် ကျောက်စိမ်းရိုင်းတူးဖော်ထုတ်လုပ်မှုလုပ်ငန်းများကို ယာယီရပ် ဆိုင်းထားရန် ညွှန်ကြားခဲ့ပြီးဖြစ်သည်။
 
#PeopleMedia#သယံဇာတ#ဖားကန့်

Share this post