• Follow Us on

Home ဖားကန့်မှာဆန္ဒပြ အမျိုးသားသုံးဦး ပုဒ်မ-၅၀၅(က) ဖြင့် တရားစွဲခံရ

ဖားကန့်မှာဆန္ဒပြ အမျိုးသားသုံးဦး ပုဒ်မ-၅၀၅(က) ဖြင့် တရားစွဲခံရ

Share this post

ဖားကန့်၊ မတ် ၁၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်ယနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ် လှုပ်ရှားမှု၌ ပါဝင်သည့် အမျိုးသားသုံးဦး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲခံထားရကြောင်း ဖားကန့် မြို့မရဲစခန်းမှ သိရသည်။

တရားစွဲခံထားရသည့် အမျိုးသားသုံးဦးမှာ ရဲမြင့်ညို၊ (ဘ)ဦးရဲအောင်၊ ကိုတင်ဝင်း၊ (ဘ)ဦးကျော်လင်း၊ ကိုပြည့်စုံအောင်၊ (ဘ)ဦးကျော်မြတို့ဖြစ်ပြီး အဆိုပါသုံးဦးမှာ ဆန္ဒပြရန်လူစုလူဝေး စည်းရုံးလှုံ့ဆော်ခြင်း၊ ဝန်ထမ်းများ CDM တွင်ပါရန်လှုံ့ဆော်ခြင်းများကို ပြုလုပ်သည်ဟုဆိုကာ ဖားကန့်မြို့မ ရဲစခန်းမှ ဒုရဲမှူးခင် မောင်ဇင်က တရားလိုပြုလုပ်၍ ယနေ့ မတ်လ ၁၃ရက်နေ့တွင် အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။

အဆိုပါ တရားစွဲခံထားရသည့် အမျိုးသား သုံးဦးကို လက်ရှိတွင်ဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်ကြောင်းလည်း သိရသည်။

သတင်း – လွမ်းအောင်
ဓါတ်ပုံ – နောနော်

#PeopleMedia


Share this post