• Follow Us on

Home ဖားကန႔္တြင္ မယားပါသမီးကို အလိုမတူဘဲ သားမယား ျပဳက်င့္

ဖားကန႔္တြင္ မယားပါသမီးကို အလိုမတူဘဲ သားမယား ျပဳက်င့္

Share this post

ဖားကန့္၊ ၾသဂုတ္ ၅

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္ ၊ဆိပ္မူအုပ္စု၊လခူးေခ်ာင္ေက်း႐ြာတြင္ မယားပါသမီးကို ဖ ခင္ျဖစ္သူက အလိုမတူဘဲ သားမယားအျဖစ္ျပဳက်င့္ခဲ့ေၾကာင္းသိရသည္။

ဇူလိုင္လ ၃၁ ရက္ေန႕တြင္ ေနအိမ္၌ ေဒၚ.. သည္ သားသမီးမ်ားႏွင့္ အတူရွိေနစဥ္ ခင္ပြန္းျဖစ္သူ ဦးလွထြန္းေအာင္သည္ အရက္ေသစာေသာက္စားမူးယစ္ၿပီး ေရာက္ရွိလာကာ မိန္းမျဖစ္သူ ႏွင့္သားသမီးမ်ားကို ဆဲဆိုႀကိမ္းေမာင္းၿပီး၊နင့္သမီးကို ငါဖ်က္ဆီးပစ္မည္ဟုေျပာဆိုၿခိမ္းေျခာက္မႈေၾကာင့္ ေၾကာက္လန႔္ကာ သားသမီးမ်ားကို ေခၚေဆာင္ကာ ေနအိမ္မွထြက္လာၿပီး ၎၏ၿခံပိုင္ရွင္ျဖစ္သူ၏ ေနအိမ္သို႔ သြားေနထိုင္ခဲ့ေၾကာင္းသိရသည္။

အဆိုပါ အိမ္သို႔ေနစဥ္၌ ယခင္အိမ္ေထာင္မွရရွိေသာ သမီးျဖစ္သူ မ ……ကို ေမးျမန္းခဲ့ရာ လြန္ခဲ့ေသာ ေမလ(ရက္မမွတ္မိ) ၁၀ နာရီ အခ်ိန္ခန႔္ တြင္ ၎ေဈးသြားေနခ်ိန္၌ ခင္ပြန္းျဖစ္သူ ဦးလွထြန္းေအာင္(ခ)ေမာင္ထြန္းမွ သမီးျဖစ္သူကို အတြင္းခံႏွင့္လုံခ်ည္တို႔ကို ဆြဲခြၽတ္ၿပီး အလိုမတူဘဲ သားမယားအျဖစ္ျပဳက်င့္ခဲ့ေၾကာင္း၊ ထို႔အျပင္ မိခင္မရွိသည့္အခ်ိန္မ်ားႏွင့္ ေဈးသြားခ်ိန္မ်ားတြင္ မယားပါသမီးကို အလိုမတူဘဲ သားမယားအျဖစ္ (၂၀)ႀကိမ္ခန႔္ ျပဳက်င့္ ခဲ့ေၾကာင္းႏွင့္ ေနာက္ဆုံးအႀကိမ္မွာ ဇူလိုင္လ ၂၉ရက္ေန႕တြင္လည္း ထပ္မံျပဳက်င့္ခဲ့ေၾကာင္း သမီးျဖစ္သူ မ…….ေျပာျပခ်က္အရ သိရေၾကာင္း ရဲမွတ္တမ္းတြင္ ေဖၚျပထားသည္။

ထို႔ေၾကာင့္ ယခင္အိမ္ေထာင္မွ သမီးျဖစ္သူ အသက္(၁၄)ႏွစ္ကို အလိုမတူဘဲ သားမယားအျဖစ္ ျပဳက်င့္သူ (လက္ရွိအိမ္ေထာင္) ခင္ပြန္း ဦးလွထြန္းေအာင္ (ခ) ေမာင္ထြန္း အသက္(၄၇)ႏွစ္ ဖားကန့္ၿမိဳ႕ေနသူကို ျပဳက်င့္ခံရသည့္ မိခင္က တရားလိုျပဳတိုင္းတန္းထားသျဖင့္ ဥပေဒအတိုင္း ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ေကသီ

#PeopleMedia #ဖားကန႔္

[Unicode]
ဖားကန့်တွင် မယားပါသမီးကို အလိုမတူဘဲ သားမယား ပြုကျင့်
………………………………………………………

ဖားကန့်၊ သြဂုတ် ၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ဆိပ်မူအုပ်စု၊လခူးချောင်ကျေးရွာတွင် မယားပါသမီးကို ဖ ခင်ဖြစ်သူက အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်းသိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့တွင် နေအိမ်၌ ဒေါ်.. သည် သားသမီးများနှင့် အတူရှိနေစဉ် ခင်ပွန်းဖြစ်သူ ဦးလှထွန်းအောင်သည် အရက်သေစာသောက်စားမူးယစ်ပြီး ရောက်ရှိလာကာ မိန်းမဖြစ်သူ နှင့်သားသမီးများကို ဆဲဆိုကြိမ်းမောင်းပြီး၊နင့်သမီးကို ငါဖျက်ဆီးပစ်မည်ဟုပြောဆိုခြိမ်းခြောက်မှုကြောင့် ကြောက်လန့်ကာ သားသမီးများကို ခေါ်ဆောင်ကာ နေအိမ်မှထွက်လာပြီး ၎င်း၏ခြံပိုင်ရှင်ဖြစ်သူ၏ နေအိမ်သို့ သွားနေထိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ အိမ်သို့နေစဉ်၌ ယခင်အိမ်ထောင်မှရရှိသော သမီးဖြစ်သူ မ ……ကို မေးမြန်းခဲ့ရာ လွန်ခဲ့သော မေလ(ရက်မမှတ်မိ) ၁၀ နာရီ အချိန်ခန့် တွင် ၎င်းဈေးသွားနေချိန်၌ ခင်ပွန်းဖြစ်သူ ဦးလှထွန်းအောင်(ခ)မောင်ထွန်းမှ သမီးဖြစ်သူကို အတွင်းခံနှင့်လုံချည်တို့ကို ဆွဲချွတ်ပြီး အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ ထို့အပြင် မိခင်မရှိသည့်အချိန်များနှင့် ဈေးသွားချိန်များတွင် မယားပါသမီးကို အလိုမတူဘဲ သားမယားအဖြစ် (၂၀)ကြိမ်ခန့် ပြုကျင့် ခဲ့ကြောင်းနှင့် နောက်ဆုံးအကြိမ်မှာ ဇူလိုင်လ ၂၉ရက်နေ့တွင်လည်း ထပ်မံပြုကျင့်ခဲ့ကြောင်း သမီးဖြစ်သူ မ…….ပြောပြချက်အရ သိရကြောင်း ရဲမှတ်တမ်းတွင် ဖေါ်ပြထားသည်။

ထို့ကြောင့် ယခင်အိမ်ထောင်မှ သမီးဖြစ်သူ အသက်(၁၄)နှစ်ကို အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်သူ (လက်ရှိအိမ်ထောင်) ခင်ပွန်း ဦးလှထွန်းအောင် (ခ) မောင်ထွန်း အသက်(၄၇)နှစ် ဖားကန့်မြို့နေသူကို ပြုကျင့်ခံရသည့် မိခင်က တရားလိုပြုတိုင်းတန်းထားသဖြင့် ဥပဒေအတိုင်း ဆောင်ရွက်နေကြောင်း သိရသည်။

ကေသီ

#PeopleMedia #ဖားကန့်


Share this post