• Follow Us on

Home ဖားကန႔္ၿမိဳ႕နယ္က ပိုးေတြ႕လူနာမ်ားတြင္ ဆယ္ႏွစ္ေအာက္ ကေလးငယ္ သုံးဦးပါဝင္

ဖားကန႔္ၿမိဳ႕နယ္က ပိုးေတြ႕လူနာမ်ားတြင္ ဆယ္ႏွစ္ေအာက္ ကေလးငယ္ သုံးဦးပါဝင္

Share this post

ဖားကန႔္၊ စက္တင္ဘာ ၃၀
ကခ်င္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ယေန႔ စက္တင္ဘာလ ၃၀ ရက္ေန႔ ထုတ္ျပန္ခဲ့သည့္ ဖားကန႔္ၿမိဳ႕နယ္က COVID-19 ပိုးေတြ႕လူနာ (၂၃) ဦးတြင္ အသက္ (၁၀)ႏွစ္ေအာက္ ကေလး ငယ္ (၃) ဦးပါဝင္ေၾကာင္း သိရသည္။
ယင္း (၁၀)ႏွစ္ေအာက္ကေလးငယ္ (၃) ဦးမွာ (၈)ႏွစ္အရြယ္က်ား (၁)ဦး၊ မ တစ္ဦး (၁)ႏွင့္ အသက္(၅)ႏွစ္ အရြယ္ မိန္းကေလးငယ္ (၁)ဦး ပါဝင္ေၾကာင္း သိရသည္။ ထို႔အျပင္ အဆိုပါ (၁၀)ႏွစ္ေအာက္ ကေလးငယ္ (၃) ဦး အပါအဝင္ ပိုးေတြ႕လူနာမ်ားတြင္ အသက္ (၁၈)ႏွစ္ႏွင့္ (၁၈)ႏွစ္ေအာက္ လူနာ စုစုေပါင္း (၆) ဦး ပါဝင္ေၾကာင္း ကနဦး သိရသည္။
အဆိုပါ COVID-19 ပိုးေတြ႕ အတည္ျပဳလူနာမ်ားတြင္ (၄)ဦးမွာ လူနာအမွတ္စဥ္ (၁၇၁၂)ႏွင့္ ထိေတြ႕သူမ်ားျဖစ္ၿပီး က်န္ပိုးေတြ႕သူမ်ားမွာ တစ္ရြာတည္းေနသူမ်ားျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနက အတည္ျပဳထုတ္ျပန္သည္။
ယေန႔ စက္တင္ဘာလ ၃၀ ရက္ေန႔၊ ကခ်င္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၏ထုတ္ျပန္ခ်က္တြင္ ဖားကန႔္ၿမိဳ႕နယ္မွ ၂၃ ဦး၊ မိုးညႇင္းၿမိဳ႕နယ္မွ ၂ ဦး၊ ျမစ္ႀကီးနားၿမိဳ႕နယ္မွ ၁ ဦး စုစုေပါင္း ပိုးေတြ႕လူနာ (၂၆) ဦး ျဖစ္ေၾကာင္း သိရသည္။
မင္းမင္း

(unicode)

ဖားကန့်မြို့နယ်က ပိုးတွေ့လူနာများတွင် ဆယ်နှစ်အောက် ကလေးငယ် သုံးဦးပါဝင်

ဖားကန့်၊ စက်တင်ဘာ ၃၀
ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ ထုတ်ပြန်ခဲ့သည့် ဖားကန့်မြို့နယ်က COVID-19 ပိုးတွေ့လူနာ (၂၃) ဦးတွင် အသက် (၁၀)နှစ်အောက် ကလေး ငယ် (၃) ဦးပါဝင်ကြောင်း သိရသည်။
ယင်း (၁၀)နှစ်အောက်ကလေးငယ် (၃) ဦးမှာ (၈)နှစ်အရွယ်ကျား (၁)ဦး၊ မ တစ်ဦး (၁)နှင့် အသက်(၅)နှစ် အရွယ် မိန်းကလေးငယ် (၁)ဦး ပါဝင်ကြောင်း သိရသည်။ ထို့အပြင် အဆိုပါ (၁၀)နှစ်အောက် ကလေးငယ် (၃) ဦး အပါအဝင် ပိုးတွေ့လူနာများတွင် အသက် (၁၈)နှစ်နှင့် (၁၈)နှစ်အောက် လူနာ စုစုပေါင်း (၆) ဦး ပါဝင်ကြောင်း ကနဦး သိရသည်။
အဆိုပါ COVID-19 ပိုးတွေ့ အတည်ပြုလူနာများတွင် (၄)ဦးမှာ လူနာအမှတ်စဉ် (၁၇၁၂)နှင့် ထိတွေ့သူများဖြစ်ပြီး ကျန်ပိုးတွေ့သူများမှာ တစ်ရွာတည်းနေသူများဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အတည်ပြုထုတ်ပြန်သည်။
ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ထုတ်ပြန်ချက်တွင် ဖားကန့်မြို့နယ်မှ ၂၃ ဦး၊ မိုးညှင်းမြို့နယ်မှ ၂ ဦး၊ မြစ်ကြီးနားမြို့နယ်မှ ၁ ဦး စုစုပေါင်း ပိုးတွေ့လူနာ (၂၆) ဦး ဖြစ်ကြောင်း သိရသည်။
မင်းမင်း

Share this post