• Follow Us on

Home ဖားကန႔္ၿမိဳ႕နယ္အတြင္းသို႔ ေရာက္ရွိေနသည့္ ျမန္မာစကားမေျပာတတ္ေသာ တ႐ုတ္နိုင္ငံသားႏွစ္ဦးအား ဥပေဒအရ ထိန္းသိမ္းထား

ဖားကန႔္ၿမိဳ႕နယ္အတြင္းသို႔ ေရာက္ရွိေနသည့္ ျမန္မာစကားမေျပာတတ္ေသာ တ႐ုတ္နိုင္ငံသားႏွစ္ဦးအား ဥပေဒအရ ထိန္းသိမ္းထား

Share this post

ဖားကန႔္ ၊စက္တင္ဘာ ၃၀
ကခ်င္ျပည္နယ္၊ မိုးညွင္းခရိုင္၊ ဖားကန႔္ၿမိဳ႕နယ္၊ လုံးခင္းေက်း႐ြာအုပ္စု၊ ဆိုင္းရာ႐ြာသစ္တြင္ ျမန္မာစကား မေျပာတတ္ေသာ တ႐ုတ္နိုင္ငံသားႏွစ္ဦးအား ေရာက္ရွိေနသျဖင့္သြားေရာက္ ဖမ္းဆီးရမိ၍ ဥပေဒအရ ထိန္းသိမ္းထားကာ စစ္ေဆးေမးျမန္းမႈမ်ားေဆာင္႐ြက္လ်က္ရွိေၾကာင္း လုံးခင္းနယ္ေျမရဲစခန္းမွ သိရသည္။
ျဖစ္စဥ္မွာ စက္တင္ဘာ ၂၉ရက္က ဖားကန႔္ၿမိဳ႕နယ္၊ လုံးခင္းေက်း႐ြာအုပ္စု၊ ဆိုင္းရာ႐ြာသစ္တြင္ ရာအိမ္မႉး ဦးေအာင္လီႏွင့္ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ လူမႈကူညီေရးအသင္းသားမ်ားသည္ Covid-19 ေရာဂါကြာကြယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနစဥ္ ဆိုင္းရာ႐ြာသစ္အုတ္ဖိုအပိုင္းတြင္ ျမန္မာစကားမေျပာတတ္ေသာ တ႐ုတ္နိုင္ငံသား (၂)ဦး ေရာက္ရွိ ေနေၾကာင္း လာေရာက္သတင္းေပးပို႔တိုင္ၾကားခ်က္အရ ၿမိဳ႕နယ္လဝက ဦးစီးမႉး ဦးသန္းထြန္းဦး ဦးစီးအဖြဲ႕၊ သက္ေသ ဦးေအာင္လီတို႔ႏွင့္အတူ စက္တင္ဘာ ၂၉ရက္ ည၇နာရီခြဲက သြားေရာက္ဖမ္းဆီးခဲ့ၿပီး ၿမိဳ႕နယ္လဝကဦးစီးမႉး႐ုံးသို႔ ေခၚေဆာင္စစ္ေဆးခဲ့ၿပီး အဆိုပါ တ႐ုတ္နိုင္ငံသား MR CHEN TAWANG(၃၃)ႏွစ္၊ ပတ္စ္ပို႔အမွတ္ ED-3042842ႏွင့္ ေဇာ္ခ်န္းခ်န္(၃၇)ႏွစ္၊ တ႐ုတ္မွတ္ပုံတင္အမွတ္-352227198302193055 တို႔ျဖစ္ေၾကာင္းႏွင့္ ကိုင္ေဆာင္လက္မွတ္မ်ား တင္ျပနိုင္ျခင္းမရွိေၾကာင္း၊ ၎တို႔(၂)ဦးမွာ ဆိုင္းရာ႐ြာသစ္ရွိ ဦးေက်ာ္သူရေထြး အိမ္တြင္ ငွားရမ္းေနထိုင္ေၾကာင္း စစ္ေဆးသိရွိရၿပီး ဦးေက်ာ္သူရေထြးအား ရွာေဖြစုံစမ္းဆဲျဖစ္ေၾကာင္း သိရွိရသည္။
အဆိုပါ တ႐ုတ္နိုင္ငံသား(၂)ဦးအား ဒုလဝကမႉး ဦးလြင္ျမင့္မွစက္တင္ဘာ ၃၀ရက္တြင္ လုံးခင္းနယ္ေျမရဲစခန္းသို႔ လာေရာက္အပ္ႏွံသျဖင့္ တာဝန္မႉး ဒုရဲအုပ္ သူရတင့္မွ လြဲေျပာင္း/လက္ခံျပဳလုပ္ခဲ့ၿပီး လုံးခင္းနယ္ေျမရဲခစန္းအခ်ဳပ္တြင္ ခ်ဳပ္ေႏွာင္ ထားရွိကာ အခ်က္အလက္မ်ားအား ဆက္လက္စစ္ေဆးေဆာင္႐ြက္လွ်က္ ရွိေၾကာင္း သတင္းရရွိသည္။
လူေမာ္(မေနာေျမ)
unicode
ဖားကန့်မြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် မြန်မာစကားမပြောတတ်သော တရုတ်နိုင်ငံသားနှစ်ဦးအား ဥပဒေအရ ထိန်းသိမ်းထား
ဖားကန့် ၊စက်တင်ဘာ ၃၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆိုင်းရာရွာသစ်တွင် မြန်မာစကား မပြောတတ်သော တရုတ်နိုင်ငံသားနှစ်ဦးအား ရောက်ရှိနေသဖြင့်သွားရောက် ဖမ်းဆီးရမိ၍ ဥပဒေအရ ထိန်းသိမ်းထားကာ စစ်ဆေးမေးမြန်းမှုများဆောင်ရွက်လျက်ရှိကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၉ရက်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆိုင်းရာရွာသစ်တွင် ရာအိမ်မှူး ဦးအောင်လီနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းသားများသည် Covid-19 ရောဂါကွာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဆိုင်းရာရွာသစ်အုတ်ဖိုအပိုင်းတွင် မြန်မာစကားမပြောတတ်သော တရုတ်နိုင်ငံသား (၂)ဦး ရောက်ရှိ နေကြောင်း လာရောက်သတင်းပေးပို့တိုင်ကြားချက်အရ မြို့နယ်လဝက ဦးစီးမှူး ဦးသန်းထွန်းဦး ဦးစီးအဖွဲ့၊ သက်သေ ဦးအောင်လီတို့နှင့်အတူ စက်တင်ဘာ ၂၉ရက် ည၇နာရီခွဲက သွားရောက်ဖမ်းဆီးခဲ့ပြီး မြို့နယ်လဝကဦးစီးမှူးရုံးသို့ ခေါ်ဆောင်စစ်ဆေးခဲ့ပြီး အဆိုပါ တရုတ်နိုင်ငံသား MR CHEN TAWANG(၃၃)နှစ်၊ ပတ်စ်ပို့အမှတ် ED-3042842နှင့် ဇော်ချန်းချန်(၃၇)နှစ်၊ တရုတ်မှတ်ပုံတင်အမှတ်-352227198302193055 တို့ဖြစ်ကြောင်းနှင့် ကိုင်ဆောင်လက်မှတ်များ တင်ပြနိုင်ခြင်းမရှိကြောင်း၊ ၎င်းတို့(၂)ဦးမှာ ဆိုင်းရာရွာသစ်ရှိ ဦးကျော်သူရထွေး အိမ်တွင် ငှားရမ်းနေထိုင်ကြောင်း စစ်ဆေးသိရှိရပြီး ဦးကျော်သူရထွေးအား ရှာဖွေစုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တရုတ်နိုင်ငံသား(၂)ဦးအား ဒုလဝကမှူး ဦးလွင်မြင့်မှစက်တင်ဘာ ၃၀ရက်တွင် လုံးခင်းနယ်မြေရဲစခန်းသို့ လာရောက်အပ်နှံသဖြင့် တာဝန်မှူး ဒုရဲအုပ် သူရတင့်မှ လွဲပြောင်း/လက်ခံပြုလုပ်ခဲ့ပြီး လုံးခင်းနယ်မြေရဲခစန်းအချုပ်တွင် ချုပ်နှောင် ထားရှိကာ အချက်အလက်များအား ဆက်လက်စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိသည်။
လူမော်(မနောမြေ)

Share this post