• Follow Us on

Home ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲရှေ့၌ မိုင်းကွဲမှုဖြစ်ပွားရာ ဆရာ ဆရာမ (၅) ဦး၊ ကျောင်းသား (၂) ဦးနှင့် မိဘ (၁) ဦး ဒဏ်ရာရရှိ

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲရှေ့၌ မိုင်းကွဲမှုဖြစ်ပွားရာ ဆရာ ဆရာမ (၅) ဦး၊ ကျောင်းသား (၂) ဦးနှင့် မိဘ (၁) ဦး ဒဏ်ရာရရှိ

Share this post

မန္တလေး၊ နိုဝင်ဘာ ၂၇ (People Media)

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ အခြေခံပညာ အထက်တန်း ကျောင်းခွဲရှေ့၌ ယမန်နေ့နံနက် ၈ နာရီခွဲခန့်တွင် အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် လက်လုပ်ရီမုမိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ပေါက်ကွဲမှုကြောင့် ဆရာဆရာမ(၅)ဦး၊ ကျောင်းသားကျောင်းသူ (၂) ဦးနှင့် ကျောင်း သားမိဘ (၁) ဦးတို့ ဒဏ်ရာရရှိခဲ့သည်။

 

ဖြစ်စဉ်မှာ ယမန်နေ့နံနက်ပိုင်း၌  မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဝင်းမှ မှော်စီစာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ် ဦးစီးသည့် ဆရာ ၃ ဦးနှင့် ဆ ရာမ ၅ ဦးတို့သည် မော်တော်ယာဉ်ဖြင့် သွားရောက်ခဲ့သည်။

 

ဆရာ/ဆရာမတို့၏ ယာဉ်နောက်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက မော်တော်ယာဉ် ၁ စီးဖြင့် လုံခြုံရေးလိုက်ပါ ဆောင်ရွက်ပေးခဲ့ရာ မှော်စီစာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှေ့သို့အရောက်၌ လမ်း၏ ညာ ဘက်ခြမ်းမှ အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် လက်လုပ်ရီမုမိုင်း ၁ လုံး ပေါက်ကွဲခဲ့ပြီး ဆရာ(၂)ဦး၊ ဆရာမ (၃) ဦး၊ အနီးဝန်းကျင်ရှိ ကျောင်းသား (၁) ဦး၊ ကျောင်းသူ (၁) ဦးနှင့် ကျောင်းသားမိဘ (၁) ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အထက်ပါ ဒဏ်ရာရရှိခဲ့သူများအား ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက် ရှိသည်။

 

#PeopleMedia #ပညာရေး

 

(unicode)


……………………………………………………….

 

မန်တလေး၊ နိုဝငျဘာ ၂၇ (People Media)

 


 


 


 


 



Share this post