• Follow Us on

Home ဖားကန့်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ဖားကန့်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

Share this post

မြစ်ကြီးနား၊ ဒီဇင်ဘာလ ၂၈ (People Media)

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မော်ဝမ်းကျေးရွာတွင် နှစ်ပွင့်ဗိုလ်အဆင့်ရှိ စေတနာ့ဝန်ထမ်း၊ အရန်မီးသတ် တစ်ဦး ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၅ နာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက် (၅) နာရီခန့်က သေဆုံးသူ ကိုသန်းကျော်နှင့် ဇနီးဖြစ်သူတို့မှာ မော်ဝမ်းကျေးရွာမှ တောင်ပြိုကျေးရွာသို့ ကုန်စိမ်းများသွားရောက်ရောင်းချစဉ် မှော်မောင်လျှံရေကန်အနီး လူငယ်နှစ်ဦး ရောက်ရှိ လာကာ သေနတ်ဖြင့် (၃) ချက် ပစ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“သူအမျိုးသမီးက ဟင်းသီးဟင်းရွက် ကုန်စိမ်းရောင်းတယ်၊ ဒီနေ့ မနက်က (၅) နာရီလောက်မှာ သူတို့က တောင်ပြိုဘက်သွားရောင်းတဲ့ချိန်လမ်းမှာ မှော်မောင်းလျှံရေကန်နားရောက်တော့ လူငယ်နှစ်ဦးက နောက်က နေလိုက်လာပြီး သေနတ်နဲ့ပစ်ခဲ့တယ်၊ အမျိုးသမီးက မလုပ်ဖို့တောင်းပန်တယ်ပြောတယ်၊ ဒါပေမဲ့ ပစ်သွားခဲ့ တယ်” ဟု ၎င်းကပြောသည်။

 

အဆိုပါ ပစ်သတ်ခံရသူမှာ စေတနာ့ဝန်ထမ်း အရန်မီးသတ်တပ်ဖွဲ့တွင် နှစ်ပွင့်ဗိုလ်အဆင့်ဖြင့် ဒုတပ်ခွဲမှူး တာဝန်ထမ်းဆောင်နေကြောင်းသိရသည်။

 

အလားတူ လက်ရှိအချိန်၌ ဖားကန့်မြို့နယ်အတွင်း၌ လူမှုကူညီရေး ဆောင်ရွက်သူအချို့ လုပ်ကြံခံရမှုများ ဖြစ်ပေါ်လျက်ရှိသည်။

 

Photo – credit

 

ဗညားနွဲ့(EPN)

 

#PeopleMedia #EPN

 

(unicode)


………………………………………………………….

 


 


 


 


 


 


 

Photo – credit

 


 

#PeopleMedia #EPN


Share this post