• Follow Us on

Home ဖားကန့်မြို့မရပ်ကွက်ရှိ အရံမီးသတ်ဝန်ထမ်းတစ်ဦး ကိုဗစ်-၁၉ သံသယဖြင့် သေဆုံး၊ ကနဦးဆေးစစ်ချက်အရ မိသားစုဝင် ၂ ဦး၌ ပိုးတွေ့

ဖားကန့်မြို့မရပ်ကွက်ရှိ အရံမီးသတ်ဝန်ထမ်းတစ်ဦး ကိုဗစ်-၁၉ သံသယဖြင့် သေဆုံး၊ ကနဦးဆေးစစ်ချက်အရ မိသားစုဝင် ၂ ဦး၌ ပိုးတွေ့

Share this post

EPN

ဖားကန့်၊ ဇူလိုင် ၁၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြိုနယ်၊ မြို့မရပ်ကွက်အတွင်းရှိ အရံမီးသတ်ဝန်ထမ်းတစ်ဦး ယမန်နေ့ ညနေ ၆ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးခဲ့ကြောင်း မြို့မရပ်ကွက်တာဝန်ရှိသူထံမှသိရသည်။

အဆိုပါသေဆုံးသူသည် လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ကျန်းမာရေးမကောင်းဖြစ်နေပြီး ဆေးခန်းပြသခြင်း မရှိဘဲ အိမ်တွင်းကုသနေပြီး ၁၂ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် အသက်ရှုကြပ်ပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း တာဝန်ရှိသူကပြောသည်။

“အခုသေဆုံးသွားတဲ့ အရံမီးသတ်ကောင်လေးက ကျန်းမာရေးမကောင်းဘူးလို့ကြားတယ်။ ဆေးခန်းလဲမပြဘူး။ အိမ်မှာပဲကုနေတာ။ သူတို့အိမ်သားတွေလည်း အနံ့ပျောက်နေကြတယ်လို့လဲ ကြားရတယ်။ သူတို့အိမ်မှာ အားလုံးလူစုစုပေါင်း ၁၂ ယောက်လောက် ပေါင်းနေကြတယ်။ လက်ရှိ နာရေးနဲ့ဖြစ်နေတော့ လေးယောက်ကို စစ်ဆေးလိုက်တာ နှစ်ယောက်က ပိုးတွေ့တယ်။ ရပ်ကွက်အတွင်းက လူအများကတော့ ကိုဗစ်နဲ့သေတာလို ခန့်မှန်းပြောနေတယ်” ဟု ၎င်းကပြောသည်။

သေဆုံးသွားသည့် အရံမီးသတ်အမျိးသားမှာ အသက်သုံးဆယ်ခန့်ရှိပြီး မြို့မအရံမီးသတ်ရုံးသို့သွားလာမှုမရှိ သည့်အတွက် အရံမီးသတ်ရုံးအား လော့ဒေါင်းချထားတာမျိးမရှိဘူးဟု မြို့မရပ်ကွက်တာဝန်ရှိသူက ဆက် လက်ပြောသည်။

“သေဆုံးသူအမျိးသားက အသက်(၃၀)လောက်ရှိမယ်။ သူတို့က အရံမီးသတ်ဆိုတော့ ရုံးမှာမနေကြဘူး။ ကိုယ့်အိမ်ကိုယ်ပဲ နေကြတာ။ အဲ့ဒါကြောင့် မြို့မအရံမီးသတ်ရုံးအား လော့ဒေါင်းချထားတာမရှိဘူး။ သေဆုံးသူ ရဲ့ ကျန်မိသားစုများကိုတော့ မနက်ဖြန်ကျမှ ကျန်းမာရေးဆက်လက်စစ်ဆေးမှာ” ဟု ၎င်းကပြောသည်။

ယမန်နေ့ ဇူလိုင်လ ၁၂ ရက်တွင် သီတဂူစင်တာမှ သံသယလူနာ ၁၇ ဦးနှင့် ယူမာအိုးအိမ်စင်တာမှ သံသယ လူနာ ၃၉ ဦးတို့ကို ကိုဗစ်-၁၉ စစ်ဆေးခဲ့ရာမှာ သီတဂူဆေးရုံမှ ၁၃ ဦးနဲ့ ယူမာအိုးအိမ်စင်တာမှ ၁၂ ဦး စုစုပေါင်းအတည်ပြုလူနာ ၂၅ ဦးအထိရှိကြောင်း လူမှုကူညီရေးအသင်းတစ်ခုမှ သိရသည်။

ဖားကန့်မြို့နယ်အတွင်း အနံ့ပျောက်ဖျားနာသူများ အမြှောက်အများရှိနေကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ရှစ်ဦးအထက်ရှိကြောင်း သိရသည်။

မြတ်မင်း

#PeopleMedia #EPN #COVID19 #ကချင်ပြည်နယ် #ဖားကန့်

(unicode)
………………………………………………………………………….

EPN











Share this post