• Follow Us on

Home ဖားကန့်မြို့ ကျောက်စိမ်းမှော်ဒေသရှိ ဆက်သွယ်ရေးတာဝါတိုင်တစ်တိုင် ထပ်မံဖောက်ခွဲခံရ

ဖားကန့်မြို့ ကျောက်စိမ်းမှော်ဒေသရှိ ဆက်သွယ်ရေးတာဝါတိုင်တစ်တိုင် ထပ်မံဖောက်ခွဲခံရ

Share this post

ဖားကန့်၊ စက်တင်ဘာ ၂၂ (People Media)

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်ကျောက်စိမ်းမှော်ဒေသရှိ ဆက်သွယ်ရေးတာဝါတိုင်တစ်တိုင်သည် စက်တင်ဘာ ၂၁ ရက် ညပိုင်းက ထပ်မံဖောက်ခွဲခံရကြောင်း ဒေသခံများထံ အတည်ပြုသိရသည်။

 

ဖောက်ခွဲခံရသည့် တာဝါတိုင်မှာ  ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆိုင်းရာရွာသစ်ကျေးရွာရှိ တာဝါတိုင်တစ်တိုင် ဖြစ်ပြီး စက်တင်ဘာ ၂၁ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်က ဖောက်ခွဲခံရသည်။

 

“ဒီည ၇ နာရီ ၂၀ ဝန်းကျင်ခန့်က ဖြစ်တာ၊ မိုင်တဲ (Mytel) တာဝါတိုင်တော့ မဟုတ်ဘူးတဲ့၊ တယ်လီနော (Telenor) တိုင်ကြီးလို့ ပြောနေကြတယ်” ဟု ၎င်းက ဆိုသည်။

 

ဖားကန့်ဒေသတွင် ပြီးခဲ့သည် စက်တင်ဘာလ ၁၈ ရက်နေ့ ည ၇နာရီခွဲအချိန်ကလည်း ကျောက်သွေးတောင် ကျေးရွာက ဆက်သွယ်‌ရေးတာဝါတိုင်တစ်တိုင် ဖောက်ခွဲခံခဲ့ရပြီး ယင်းတာဝါတိုင်မှာလည်း မိုင်တဲ (Mytel) တာဝါတိုင်မဟုတ်ဘဲ အမ်ပီတီ (MPT) တာဝါတိုင်သာဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

 

ဖားကန့်ဒေသ၌ ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့ကတည်းက ယနေ့အထိ တစ်လကျော်ကြာ mobile data အင်တာနက် (internet) လိုင်းများနှင့် wifi internet လိုင်းတချို့ ဖြတ်တောက်ခံထားရပြီး လက်ရှိတွင် IPStar Connection နှင့် Fiber Connection ဖြင့်သာ internet အသုံးပြုနိုင်သည်ဟု ဒေသခံများထံက သိရသည်။

 

ယနေ့ ဖောက်ခွဲခံရသည့် ဆက်သွယ်ရေးတာဝါတိုင် ပျက်စီးဆုံးရှုံးမှုအခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ် မသိရှိရသေးပေ။

 

နိုင်ငံရေးအခြေအနေ အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသ၌ မြို့တွင်းနှင့် ကျေးရွာအချို့တွင် မိုင်းထောင်မှု၊ ပေါက်ကွဲမှု၊ ဖောက်ခွဲမှုများ၊ ရဲကင်းစခန်း တိုက်ခိုက်ခံရမှုများ အပြင် လူသတ်မှုနှင့် လုယက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။

 

Photo – ပုံအဟောင်းပြန်လည်ဖော်ပြခြင်းဖြစ်သည်။

 

ပိုင်ကြီး(ကချင်မြေ-EPN)

 

#PeopleMedia #EPN #ဖားကန့် #ဆက်သွယ်ရေးတာဝါတိုင်

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 


 



Share this post