• Follow Us on

Home ဖားကန့် မြေစာပုံပြိုကျမှုတွင် အမျိုးသား ငါးဦး သေဆုံး၊ အလောင်း ရှာမတွေ့သေး

ဖားကန့် မြေစာပုံပြိုကျမှုတွင် အမျိုးသား ငါးဦး သေဆုံး၊ အလောင်း ရှာမတွေ့သေး

Share this post

ဖားကန့်၊ ဒီဇင်ဘာ ၂၀ (People Media)

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မနမှော်ရှိကျောက်စိမ်းလုပ်ကွက်တစ်နေရာ၌ ဖြစ်ပွားခဲ့သည့် မြေစာပုံပြိုကျမှုဖြစ် စဉ်တွင် ရေမဆေးသမား ငါးဦးသေဆုံးပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးကြောင်း ကွန်းဖောင်ဒေး ရှင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

ဖြစ်စဉ်မှာ ယမန်နေ့ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး မနမှော်ရှိကျောက်စိမ်း လုပ်ကွက်တစ်နေရာတွင် စာမြေပုံပြိုကျခဲ့ရာ ယင်းမြေစာပုံအနီး ရေမဆေးရှာနေသည့် အမျိုးသားငါးဦးမြေစာပုံဖိသေဆုံးသွားပြီး ရုပ်အ လောင်းကို လက်ရှိအချိန်ထိ ရှာမတွေ့သေးကြောင်း ရှာဖွေကယ်ဆယ်ပြုလုပ်နေခဲ့သည့် ကွန်းဖောင်ဒေးရှင်း ပရဟိသလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

”မြေစာပုံပြိုတဲ့ဖြစ်စဉ်မှာ ကျွန်တော်တို့ဆီ စာရင်းတက်ခဲ့တာက ငါးယောက်တက်ခဲ့တယ်။ ပါသွားတဲ့လူ။ အဲ့ဒီပါ သွားတဲ့လူငါးယောက်က ကုမ္ပဏီဝန်ထမ်းနှစ်ဦးပြီးတော့ ဆိုင်းဂျာဘွမ်ကျေးရွာက နှစ်ယောက်။ မက်လင်ချောင် ကတစ်ယောက် အားလုံးငါးယောက်ပါသွားတယ်၊ အဲ့ဒီငါးယောက်လည်း အခုချိန်ထိ တစ်လောင်းမှ မတွေ့သေး ဘူး”ဟု ၎င်းကပြောသည်။

 

ယင်းမြေစာပုံပြိုကျမှုဖြစ်စဉ်အတွင်း သေဆုံးသွားသည့် အမျိုးသားငါးဦးအနက် မက်လင်ချောင်ကျေးရွာမှ ဦး ထွန်းထွန်းနိုင်၊ အသက် (၃၇) နှစ်၊ ဆိုင်းဂျာဘွမ်ကျေးရွာမှ ဦးအိုက်စံနှင့် ဦးအန်ဒြေးယာတို့ဖြစ်ပြီး ကုမ္ပဏီဝန် တမ်းနှစ်ဦး၏ အမည်ကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်းသိရသည်။

 

သေဆုံးသွားသည့် အမျိုးသားငါးဦး၏ ရုပ်အလောင်းကို ယမန်နေ့က လူအင်အားသုံးကာ တစ်ရက်လုံးရှာဖွေခဲ့ သော်လည်း ရှာမတွေ့ခဲ့သောကြောင့် ယနေ့ထပ်မံရှာဖွေရန် အစီအစဉ်မရှိသေးကြောင်း ကွန်းဖောင်ဒေရှင်း ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

 

”ရှာဖွေရေးတွေကလည်း မနေ့က တစ်နေကုန်ရှာတော့ အစအနတောင်မမြင်ရတော့ ဒီနေ့က မရှာတော့ဘူး ဆိုပြီးတော့မှ တစ်ယောက်မှမသွားကြတော့ဘူးလို့ဆုံးဖြတ်ထားတယ် တခြားလူတွေသွားရင်တော့ မပြော တတ်ဘူး” ဟု ၎င်းကပြောသည်။

 

ဖားကန့်မြို့နယ်အတွင်းတွင် ယခင်နှစ်များကလည်း ကျောက်စိမ်းလုပ်ကွက်များအတွင်း မြေစာပုံပြိုကျမှုများ ကြောင့် ရေမဆေးသမားများ သေဆုံးမှုမကြာခဏဖြစ်ပွားခဲ့ပြီး ယခုနှစ် ၂၀၂၁ ခုနှစ်တွင်မြေစာပုံပြိုကျပြီး လူအများအပြားသေဆုံးမှုဖြစ်စဉ်မှာ ယခုပထမအကြိမ်ဖြစ်ကြောင်းသိရသည်။

 

မိုးညို(EPN)

 

#PeopleMedia #EPN #ဖားကန့်

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 



Share this post