• Follow Us on

Home ဖိလစ်ပိုင်တပ်မတော်အတွက် စစ်လက်နက်ပစ္စည်းများ တရုတ်လှူဒါန်း

ဖိလစ်ပိုင်တပ်မတော်အတွက် စစ်လက်နက်ပစ္စည်းများ တရုတ်လှူဒါန်း

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၄ (People Media)

 

တရုတ်နိုင်ငံက ဖိစ်ပိုင်တပ်မတော်အတွက် ဒေါ်လာ ၂၁ သန်းတန်ကြေးရှိ စစ်လက်နက်ပစ္စည်းများ လှူ ဒါန်းလိုက်ကြောင်း ဖိလစ်ပိုင်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၁ ရက်နေ့က ကြေညာ လိုက်သည်။

 

တရုတ်နိုင်ငံက လှူဒါန်းသည့် ဒေါ်လာ ၁.၅ သန်းတန်ကြေးရှိ စစ်လက်နက်ပစ္စည်းပထမအသုတ်မှာ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် မနီလာမြို့သို့ရောက်ရှိလာပြီး ဒေါ်လာ ၁ သန်းတန်ကြေးရှိ ဒုတိယအသုတ်စစ်လက်နက်ပစ္စည်း များမှာ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပို့ဆောင်သွားမည်ဖြစ်သည်။

 

တရုတ်နိုင်ငံက လှူဒါန်းသော စစ်လက်နက်ပစ္စည်းများတွင် ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများ၊ ဒရုန်းလေယာဉ်များ၊ ဓာတ်သတ္တုနှင့် မိုင်းရှာကိရိယာများ၊ ရေသန့်စင်စက်များ၊ လူနာတင်ယာဉ်များ၊ မိးသတ်ကားများ၊ ဓာတ်မှန်ရိုက်ကိရိယာများ၊ EOD စက်ရုပ်များ၊ ဗုံးရှင်းဝတ်စုံများ၊ သယ်ယူပို့ဆောင်ရေးယာဉ် များနှင့် မြေတူးစက်များ၊ မြေသယ်ကားများ၊ ဝန်ပင့်စက်များနှင့် မြေကော်စက်များကဲ့သို့ အင်ဂျင်နီယာသုံးယာဉ် ပစ္စည်း ကိရိယာများပါဝင်သည်။

 

ယခုလှူဒါန်းမှုမှာ တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံအတွက် ပထမဦးဆုံးအကြိမ်လှူဒါန်းခြင်းမဟုတ်ပေ။ ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံမှလှူဒါန်းသော စစ်လက်နက်ပစ္စည်းများကို ရရှိခဲ့ဖူးသည်။

 

၂၀၁၇ ခုနှစ်အတွင်းက တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံအတွက် ပေးပို့လှူဒါန်းသော ဒုတိယအသုတ် စစ်လက် နက်ပစ္စည်းများစာရင်းတွင် ရိုင်ဖယ်သေနတ်များ၊ ခဲယမ်းများနှင့် စနိုက်ပါမှန်ပြောင်းများလည်း ပါဝင်သည်။

 

တရုတ်နိုင်ငံကပေးပို့သော စစ်လက်နက်ပစ္စည်းများ လက်ခံရာတွင် ဖိလစ်ပိုင်နိုင်ငံတွင် ငြိမ်းချမ်းမှုထိန်းသိမ်းရေး နှင့် အကြမ်းဖက်အုပ်စုများအားတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီမှုကို ဖိလစ်ပိုင်ကာကွယ် ရေးဌာနနှင့် စစ်ဘက်ဆိုင်ရာ အာဏာပိုင်များက ချီးကျူးပြောဆိုခဲ့သည်။

 

တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံအတွက် စစ်လက်နက်ပစ္စည်းများ ဆက်လက်ပေးပို့နေခြင်းသည် နှစ်နိုင်ငံကြား နိုင်ငံရေးဆက်ဆံမှုများ ထပ်မံတိုးမြှင့်မှုကို ပြသလိုက်ခြင်းလည်းဖြစ်သည်။

 

လက်ရှိထောက်ပံ့မှုသည် အနာဂတ်ကာလ တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ပိုမိုကျယ်ပြန့် အားကောင်းလာစေရဂန်အတွက် လမ်းခင်းပေးလိုက်ခြင်းဖြစ်သည်။

 

Ref: China donates military equipment to the Philippine armed forces

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: China donates military equipment to the Philippine armed forces

 

#PeopleMedia


Share this post