• Follow Us on
Latest News

Home ဖိလစ္ပိုင္တြင္ တိုင္ဖြန္းမုန္တိုင္း၀င္ေရာက္ၿပီးေနာက္ လူေထာင္ခ်ီေဘးလြတ္ရာေ႐ႊ႕ေျပာင္းေနရ

ဖိလစ္ပိုင္တြင္ တိုင္ဖြန္းမုန္တိုင္း၀င္ေရာက္ၿပီးေနာက္ လူေထာင္ခ်ီေဘးလြတ္ရာေ႐ႊ႕ေျပာင္းေနရ

Share this post

မနီလာ၊ ေအာက္တိုဘာ ၂၆

ဖိလစ္ပိုင္ႏိုင္ငံၿမိဳ႕ေတာ္မနီလာေတာင္ပိုင္းမွျပည္နယ္မ်ားတြင္ တိုင္ဖြန္းမုန္တိုင္း မိုလာဗီ၀င္ေရာက္ၿပီးေနာက္ ေဒသခံေထာင္ခ်ီေဘးလြတ္ရာသို႔ထြက္ေျပးေနၾကသည္။

မုန္တိုင္းအ႐ွိန္ေၾကာင့္ ေရႀကီးၿပီး အိမ္မ်ားျမဳပ္ေနသည္ဟု အာဏာပိုင္မ်ားကေျပာသည္။ ေဒသခံ ၂၅၀၀၀ ခန္႔ေဘးလြတ္ရာထြက္ေျပးခဲ့ၾကၿပီး လူ ၂၀၀၀၀ ခန္႔ ေက်ာင္းမ်ားႏွင့္အစိုးရ႐ံုးမ်ားတြင္ ခိုလႈံေနၾကသည္။

တိုင္ဖြန္းမုန္တိုင္းေၾကာင့္ ထိခိုက္ေသဆံုးအေရအတြက္ခ်က္ခ်င္းမသိရေသးေသာ္လည္း ဘန္တန္ဂတ္စ္ ျပည္နယ္တြင္ ေလွျမဳပ္ၿပီးေနာက္ တံငါသည္ ၁၂ ေယာက္ေပ်ာက္ဆံုးေနေၾကာင္းႏွင့္ ၇ ေယာက္ကို ကယ္ဆယ္ႏိုင္ေၾကာင္း အာဏာပိုင္မ်ားကထုတ္ျပန္သည္။

ေလတိုက္ႏႈန္း တနာရီလွ်င္ ၁၂၅ ကီလိုမီတာႏႈန္း႐ွိေနၿပီး တနာရီ ၁၈၀ ကီလိုမီတာအထိ ေလျပင္းမ်ား တိုက္ခတ္သည့္တိုင္ဖြန္းမုန္တိုင္း မိုလာဗီသည္ တနလၤာေန႔တြင္ ေတာင္တ႐ုတ္ပင္လယ္မွဖိလစ္ပိုင္သို႔၀င္ ေရာက္လာႏိုင္ေၾကာင္း အစိုးရမိုးေလ၀သဌာနကသတိေပးထားသည္။

ကမ္းေျခေစာင့္တပ္ဖြဲ႔က သေဘၤာမ်ားႏွင့္ႀကိဳပို႕သေဘၤာမ်ားကို ပင္လယ္ျပင္ထြက္ရာမွတားျမစ္ထားၿပီး ကုန္တင္ကားယာဥ္ေမာင္း၊ လုပ္သားမ်ားႏွင့္ ခရီးသည္မ်ား စုစုေပါင္း ၁၈၀၀ ေက်ာ္ဆိပ္ကမ္းတြင္ေသာင္တ င္ေနၾကသည္။

Ref : Typhoon Molave displaces thousands, floods villages in Philippines

#PeopleMedia

(unicode)
ဖိလစ်ပိုင်တွင် တိုင်ဖွန်းမုန်တိုင်းဝင်ရောက်ပြီးနောက် လူထောင်ချီဘေးလွတ်ရာရွှေ့ပြောင်းနေရ
………………………………………….

မနီလာ၊ အောက်တိုဘာ ၂၆

ဖိလစ်ပိုင်နိုင်ငံမြို့တော်မနီလာတောင်ပိုင်းမှပြည်နယ်များတွင် တိုင်ဖွန်းမုန်တိုင်း မိုလာဗီဝင်ရောက်ပြီးနောက် ဒေသခံထောင်ချီဘေးလွတ်ရာသို့ထွက်ပြေးနေကြသည်။

မုန်တိုင်းအရှိန်ကြောင့် ရေကြီးပြီး အိမ်များမြုပ်နေသည်ဟု အာဏာပိုင်များကပြောသည်။ ဒေသခံ ၂၅၀၀၀ ခန့်ဘေးလွတ်ရာထွက်ပြေးခဲ့ကြပြီး လူ ၂၀၀၀၀ ခန့် ကျောင်းများနှင့်အစိုးရရုံးများတွင် ခိုလှုံနေကြသည်။

တိုင်ဖွန်းမုန်တိုင်းကြောင့် ထိခိုက်သေဆုံးအရေအတွက်ချက်ချင်းမသိရသေးသော်လည်း ဘန်တန်ဂတ်စ် ပြည်နယ်တွင် လှေမြုပ်ပြီးနောက် တံငါသည် ၁၂ ယောက်ပျောက်ဆုံးနေကြောင်းနှင့် ၇ ယောက်ကို ကယ်ဆယ်နိုင်ကြောင်း အာဏာပိုင်များကထုတ်ပြန်သည်။

လေတိုက်နှုန်း တနာရီလျှင် ၁၂၅ ကီလိုမီတာနှုန်းရှိနေပြီး တနာရီ ၁၈၀ ကီလိုမီတာအထိ လေပြင်းများ တိုက်ခတ်သည့်တိုင်ဖွန်းမုန်တိုင်း မိုလာဗီသည် တနင်္လာနေ့တွင် တောင်တရုတ်ပင်လယ်မှဖိလစ်ပိုင်သို့ဝင် ရောက်လာနိုင်ကြောင်း အစိုးရမိုးလေဝသဌာနကသတိပေးထားသည်။

ကမ်းခြေစောင့်တပ်ဖွဲ့က သင်္ဘောများနှင့်ကြိုပို့သင်္ဘောများကို ပင်လယ်ပြင်ထွက်ရာမှတားမြစ်ထားပြီး ကုန်တင်ကားယာဉ်မောင်း၊ လုပ်သားများနှင့် ခရီးသည်များ စုစုပေါင်း ၁၈၀၀ ကျော်ဆိပ်ကမ်းတွင်သောင်တ င်နေကြသည်။

Ref : Typhoon Molave displaces thousands, floods villages in Philippines

#PeopleMedia


Share this post