• Follow Us on
Latest News

Home ဖိလစ္ပိုင္တြင္ IS အၾကမ္းဖက္အဖြဲ႕၀င္မ်ားလႈပ္ရွားေနဆဲဟု ေ၀ဖန္မႈမ်ား ထြက္ေပၚ

ဖိလစ္ပိုင္တြင္ IS အၾကမ္းဖက္အဖြဲ႕၀င္မ်ားလႈပ္ရွားေနဆဲဟု ေ၀ဖန္မႈမ်ား ထြက္ေပၚ

Share this post

ဖိလစ္ပိုင္စစ္တပ္ဟာ ႏိုင္ငံေတာင္ပိုင္း မာရာ၀ီၿမိဳ႕ကို ငါးလၾကာစီးနင္းထားမႈကို အဆံုးသတ္လိုက္ ၿပီျဖစ္ပါတယ္။ ငါးလၾကာ စစ္ဆင္ေရးအတြင္း အီရတ္က IS အၾကမ္းဖက္အဖြဲ႕ေတြနဲ႔ ဆက္သြယ္မႈ ရွိေနတဲ့ လက္နက္ကိုင္အၾကမ္းဖက္တိုက္ခုိက္သူလို႔ သံသယရွိသူ ၄၂ ဦးကို သုတ္သင္ရွင္းလင္းႏုိင္ ခဲ့ပါတယ္။

ဒုတိယကမၻာစစ္ေနာက္ပိုင္း ကာလအရွည္ဆံုး ျပည္တြင္းစစ္ပြဲေတြအတြင္း IS အၾကမ္းဖက္အဖြဲ႕နဲ႔ ဆက္ႏြယ္မႈရွိတဲ့ လက္နက္ကိုင္အၾကမ္းဖက္အဖြဲ႕ေတြက အၾကမ္းဖက္သမား ၉၂၅ ဦး၊ အစိုးရတပ္ ဖြဲ႕၀င္ ၁၆၅ ဦးနဲ႔ အရပ္သား ၄၅ ဦးေသဆံုးခဲ့ၾကပါတယ္။

ဒါ့အျပင္ တုိက္ပြဲေတြေၾကာင့္ ဖိလစ္ပိုင္စစ္တပ္ရဲ႕ မာရွယ္ေလာဥပေဒထုတ္ျပန္ခ်က္ေအာက္မွာ မင္ဒါနာအိုကၽြန္းေဒသခံျပည္သူ ေထာင္ေသာင္းခ်ီၿပီး ေဘးကင္းရာကို ေရႊ႕ေျပာင္းခဲ့ၾကရပါတယ္။

သမၼတဒူတာေတးက မာရာ၀ီၿမိဳ႕ကို အၾကမ္းဖက္ေတြရဲ႕လက္ေအာက္က လြတ္ေျမာက္ခဲ့ၿပီလို႔ ေၾကညာခဲ့ၿပီး ၂ ႏွစ္အၾကာမွာေတာ့ အတိုက္အခံႏုိင္ငံေရးသမားေတြနဲ႔ မာရာ၀ီဒုကၡသည္ေတြက အစိုးရရဲ႕ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြဟာ အထမေျမာက္ခဲ့ဘူးလို႔ ေ၀ဖန္ခဲ့ၾကပါတယ္။

ဒါ့အျပင္ အၾကမ္းဖက္၀ါဒီနဲ႔ အၾကမ္းဖက္သမားေတြဟာ ဖိလစ္ပိုင္မွာ ဆက္လက္ရွင္သန္ေနဆဲလို႔ လည္း ေ၀ဖန္ေျပာဆိုမႈေတြရွိေနခဲ့ပါတယ္။

Ref; https://www.aljazeera.com

(unicode)
ဖိလစ်ပိုင်တွင် IS အကြမ်းဖက်အဖွဲ့ဝင်များလှုပ်ရှားနေဆဲဟု ဝေဖန်မှုများ ထွက်ပေါ်
———————————————————————

ဖိလစ်ပိုင်စစ်တပ်ဟာ နိုင်ငံတောင်ပိုင်း မာရာဝီမြို့ကို ငါးလကြာစီးနင်းထားမှုကို အဆုံးသတ်လိုက် ပြီဖြစ်ပါတယ်။ ငါးလကြာ စစ်ဆင်ရေးအတွင်း အီရတ်က IS အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်သွယ်မှု ရှိနေတဲ့ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သူလို့ သံသယရှိသူ ၄၂ ဦးကို သုတ်သင်ရှင်းလင်းနိုင် ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကာလအရှည်ဆုံး ပြည်တွင်းစစ်ပွဲတွေအတွင်း IS အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေက အကြမ်းဖက်သမား ၉၂၅ ဦး၊ အစိုးရတပ် ဖွဲ့ဝင် ၁၆၅ ဦးနဲ့ အရပ်သား ၄၅ ဦးသေဆုံးခဲ့ကြပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြောင့် ဖိလစ်ပိုင်စစ်တပ်ရဲ့ မာရှယ်လောဥပဒေထုတ်ပြန်ချက်အောက်မှာ မင်ဒါနာအိုကျွန်းဒေသခံပြည်သူ ထောင်သောင်းချီပြီး ဘေးကင်းရာကို ရွှေ့ပြောင်းခဲ့ကြရပါတယ်။

သမ္မတဒူတာတေးက မာရာဝီမြို့ကို အကြမ်းဖက်တွေရဲ့လက်အောက်က လွတ်မြောက်ခဲ့ပြီလို့ ကြေညာခဲ့ပြီး ၂ နှစ်အကြာမှာတော့ အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ မာရာဝီဒုက္ခသည်တွေက အစိုးရရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဟာ အထမမြောက်ခဲ့ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။

ဒါ့အပြင် အကြမ်းဖက်ဝါဒီနဲ့ အကြမ်းဖက်သမားတွေဟာ ဖိလစ်ပိုင်မှာ ဆက်လက်ရှင်သန်နေဆဲလို့ လည်း ဝေဖန်ပြောဆိုမှုတွေရှိနေခဲ့ပါတယ်။

Ref; https://www.aljazeera.com


Share this post