• Follow Us on

Home ဖိလစ္ပိုင္နိုင္ငံက လာမည့္ႏွစ္ ေမလမတိုင္မီ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးထိုးေရးအစီအစဥ္ စတင္မည္

ဖိလစ္ပိုင္နိုင္ငံက လာမည့္ႏွစ္ ေမလမတိုင္မီ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးထိုးေရးအစီအစဥ္ စတင္မည္

Share this post

နိုင္ငံတကာ၊ နိုဝင္ဘာ ၅

ဖိလစ္ပိုင္နိုင္ငံက လာမည့္ႏွစ္ ေမလမတိုင္မီ ျပည္သူလူထုအတြက္ ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးမႈ စ တင္နိုင္ေၾကာင္း ဗိုင္းရပ္စ္ကာကြယ္ေဆး တင္သြင္းေရးႏွင့္ ျဖန္႔ျဖဴးေရးအစီအစဥ္ကို ဦးေဆာင္ရန္ မၾကာေသးမီက တာဝန္ေပးခံရသူ သမၼတ႐ုံးအႀကံေပး ကာလစ္တိုဂါလ္ဗက္ဇ္က ေျပာသည္။

ဖိလစ္ပိုင္နိုင္ငံက လာမည့္ႏွစ္ ပထမသုံးလအတြင္း ဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား ဝယ္ယူမည္ျဖစ္သည္။ ကာကြယ္ေဆးထိုးမႈ အစီအစဥ္က ေငြေၾကးေထာက္ပံ့မႈ၊ ဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား ထုတ္လုပ္မႈႏွင့္ အတည္ျပဳမႈ အေပၚ ႀကီးမားစြာ မူတည္မည္ဟု ဂါလ္ဗက္ဇ္က ေျပာသည္။

ဗိုင္းရပ္စ္ကာကြယ္ေဆး ထိုးမည့္အခ်ိန္ႏွင့္ပတ္သက္၍ ေမးျမန္းရာတြင္ “စီစဥ္ထားတဲ့အတိုင္းဆိုရင္ လာ မဲ့ႏွစ္ ေမလထက္ေနာက္မက်ဘဲ ဗိုင္းရပ္စ္ကာကြယ္ေဆးထိုးမဲ့ အစီအစဥ္ စတင္နိုင္မွာျဖစ္ပါတယ္” ဟု ၄င္းက ေၿဖ ၾကားခဲ့သည္။

ဗိုင္းရပ္စ္ကာကြယ္ေဆး ေရာင္းအားႏွင့္ဝယ္အားတြင္ အခက္အခဲမ်ားရွိပါက ကာကြယ္ေဆးထိုးမည့္ အစီ အစဥ္ကို ၂၀၂၁ ခုႏွစ္အကုန္တြင္ စတင္နိုင္ေၾကာင္း သူက ဆိုသည္။

ယမန္ေန႔က ဖိလစ္ပိုင္နိုင္ငံ၌ ဗိုင္းရပ္စ္ကူးစက္မႈသစ္ ၉၈၇ မႈရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ ျပန္ခဲ့ရာ ေလးလအတြင္း တစ္ရက္တာ ကူးစက္မႈ အနိမ့္ဆုံးျဖစ္လာခဲ့သည္။

ဖိလစ္ပိုင္နိုင္ငံ၌ လက္ရွိအခ်ိန္ထိ အတည္ျပဳ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ ၃၈၈၁၃၇ မႈႏွင့္ ေသဆုံးသူ ၇၃၆၇ ဦးရွိေၾကာင္း သိရသည္။

ကိုးကား – ေအဘီအက္စ္

Ref; Philippines may start COVID-19 vaccination by May 2021 – Galvez

#PeopleMedia

(unicode)
ဖိလစ်ပိုင်နိုင်ငံက လာမည့်နှစ် မေလမတိုင်မီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရေးအစီအစဉ် စတင်မည်
…………………………………………………………………….

နိုင်ငံတကာ၊ နိုဝင်ဘာ ၅

ဖိလစ်ပိုင်နိုင်ငံက လာမည့်နှစ် မေလမတိုင်မီ ပြည်သူလူထုအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှု စ တင်နိုင်ကြောင်း ဗိုင်းရပ်စ်ကာကွယ်ဆေး တင်သွင်းရေးနှင့် ဖြန့်ဖြူးရေးအစီအစဉ်ကို ဦးဆောင်ရန် မကြာသေးမီက တာဝန်ပေးခံရသူ သမ္မတရုံးအကြံပေး ကာလစ်တိုဂါလ်ဗက်ဇ်က ပြောသည်။

ဖိလစ်ပိုင်နိုင်ငံက လာမည့်နှစ် ပထမသုံးလအတွင်း ဗိုင်းရပ်စ်ကာကွယ်ဆေးများ ဝယ်ယူမည်ဖြစ်သည်။ ကာကွယ်ဆေးထိုးမှု အစီအစဉ်က ငွေကြေးထောက်ပံ့မှု၊ ဗိုင်းရပ်စ်ကာကွယ်ဆေးများ ထုတ်လုပ်မှုနှင့် အတည်ပြုမှု အပေါ် ကြီးမားစွာ မူတည်မည်ဟု ဂါလ်ဗက်ဇ်က ပြောသည်။

ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးမည့်အချိန်နှင့်ပတ်သက်၍ မေးမြန်းရာတွင် “စီစဉ်ထားတဲ့အတိုင်းဆိုရင် လာ မဲ့နှစ် မေလထက်နောက်မကျဘဲ ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးမဲ့ အစီအစဉ် စတင်နိုင်မှာဖြစ်ပါတယ်” ဟု ၄င်းက ဖြေ ကြားခဲ့သည်။

ဗိုင်းရပ်စ်ကာကွယ်ဆေး ရောင်းအားနှင့်ဝယ်အားတွင် အခက်အခဲများရှိပါက ကာကွယ်ဆေးထိုးမည့် အစီ အစဉ်ကို ၂၀၂၁ ခုနှစ်အကုန်တွင် စတင်နိုင်ကြောင်း သူက ဆိုသည်။

ယမန်နေ့က ဖိလစ်ပိုင်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်မှုသစ် ၉၈၇ မှုရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်ခဲ့ရာ လေးလအတွင်း တစ်ရက်တာ ကူးစက်မှု အနိမ့်ဆုံးဖြစ်လာခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၌ လက်ရှိအချိန်ထိ အတည်ပြု ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၃၈၈၁၃၇ မှုနှင့် သေဆုံးသူ ၇၃၆၇ ဦးရှိကြောင်း သိရသည်။

ကိုးကား – အေဘီအက်စ်

Ref; Philippines may start COVID-19 vaccination by May 2021 – Galvez

#PeopleMedia


Share this post