• Follow Us on

Home ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ၂၀၂၂ ရွေးကောက်ပွဲတွင် အထက်လွှတ်တော်အမတ်နေရာအတွက် ယှဉ် ပြိုင်မည်

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ၂၀၂၂ ရွေးကောက်ပွဲတွင် အထက်လွှတ်တော်အမတ်နေရာအတွက် ယှဉ် ပြိုင်မည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၆ (People Media)

 

သမ္မတသက်တမ်း ကုန်ဆုံးတော့မည် ဖိလစ်ပိုင်နိုင်ငံသမ္မတ ရိုဒရီဂို ဒူတာတေးသည် ၂၀၂၂ ခုနှစ် မေလ ရွေးကောက်ပွဲများတွင် ဥပဒေပြုအထက်လွှတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စား လှယ်လောင်း အသိအမှတ်ပြုလက်မှတ်အား နိုဝင်ဘာ ၁၅ ရက်တွင် စာရင်းပေးသွင်းခဲ့ကြောင်း သိရသည်။

 

အသက် ၇၆ နှစ်အရွယ် သမ္မတ ဒူတာတေးသည် ကိုယ်စားလှယ်လောင်းအစားထိုးရန် နောက်ဆုံးရက်ဖြစ်သည့် နိုဝင်ဘာ ၁၆ ရက်တွင် ရွေးကောက်ပွဲကော်မရှင်ထံ စာရင်းသွင်းရန် ၎င်း၏ ရှေ့နေအား စေလွှတ်ခဲ့သည်။

 

သမ္မတ ဒူတာတေးသည် ၎င်း၏ အာဏာရပါတီ PDP-Laban အစား Pederalismo ng Dugong Dakilang Samahan (PDDS) ပါတီအောက်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့်လတွင် သမ္မတ ဒူတာတေးက နိုင်ငံရေးမှ အနားယူပြီး ပြည်သူများ၏ဆန္ဒကို နားထောင်ကာ လာမည့်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

 

ဒူတာတေးသည် ၂၀၁၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ၎င်း၏ သမ္မတ သက်တမ်းသည် ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖိလစ်ပိုင်နိုင်ငံသမ္မတများသည် ခြောက်နှစ်သက်တမ်းတစ်ကြိမ်သာ တာဝန်ထမ်း ဆောင်ရန် ကန့်သတ်ထားသည်။

 

လာမည့်ရွေးကောက်ပွဲများအား ၂၀၂၂ ခုနှစ် မေ ၉ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

 

ဒူတာတေး၏ ပြောရေးဆိုခွင့်ရှိသူ Harry Roque ကလည်း နိုဝင်ဘာ ၁၅ ရက်တွင် ရာထူးမှနုတ်ထွက်ပြီးနောက် လာမည့်ရွေးကောက်ပွဲတွင် အထက်လွှတ်တော်နေရာမှ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“ကိုယ်စားလှယ်လောင်း အသိအမှတ်ပြုလက်မှတ်ကို စာရင်းသွင်းပြီးထဲက ကျွန်တော်က သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူ မဟုတ်တော့ပါဘူး” ဟု Harry Roque က ရွေးကောက်ပွဲကော်မရှင်ထံ စာရင်းပေးသွင်းပြီးနောက် မကြာမီ သတင်းထောက်များအား ပြောကြားခဲ့သည်။

 

(Xinhua)

 

#PeopleMedia #ဖိလစ်ပိုင်သမ္မတ

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 


 

(Xinhua)

 

#PeopleMedia #ဖိလဈပိုငျသမ်မတ


Share this post