• Follow Us on

Home ဖိလစ္ပိုင္သမၼတ ဒူတာေတး ဒုသမၼတကို ရာထူးက ထုတ္ပယ္

ဖိလစ္ပိုင္သမၼတ ဒူတာေတး ဒုသမၼတကို ရာထူးက ထုတ္ပယ္

Share this post

ဖိလစ္ပိုင္သမၼတ ရိုဒရီဂို ဒူတာေတးဟာ ႏို၀င္ဘာ ၂၄ ရက္ေန႔က ဒုသမၼတ လင္နီေရာ့ဘရီဒိုကို ရာထူးက ထုတ္ပယ္လိုက္ပါတယ္။

မူးယစ္တိုက္ဖ်က္ေရးစီမံကိန္းေတြကို ထိခုိက္မႈရွိေစတာေၾကာင့္ အခုလို ထုတ္ပယ္ခံရျခင္းျဖစ္တယ္လို႔ သိ ရပါတယ္။ လင္နီေရာ့ဘရီဒိုဟာ ဒူတာေတးရဲ႕ ႏုိင္ငံေရးၿပိဳင္ဘက္တစ္ဦးျဖစ္ၿပီး သီးျခားေရြးေျမွာက္ခံရသူ လည္းျဖစ္ပါတယ္။

ဘရီဒိုဟာ ၄င္းရဲ႕ မဟာမိတ္ေတြက ဒူတာေတးရဲ႕ ဒုသမၼတရာထူးအတြက္ ကမ္းလွမ္းခ်က္ဟာ ေထာင္ေခ်ာက္ တစ္ခုျဖစ္တယ္လို႔ အႀကံေပးခ်က္ကို လက္မခံဘဲ ဒုသမၼတတာ၀န္ကို လက္ခံခဲ့တာျဖစ္ပါတယ္။ ဒုသမၼတ တာ၀န္ကို ထမ္းေဆာင္ၿပီး သီတင္းႏွစ္ပတ္ေက်ာ္ၾကာျမင့္တဲ့အခ်ိန္မွာ ေရာ့ဘရီဒိုဟာ အခုလို ထုတ္ပယ္ခံ လိုက္ရတာျဖစ္ပါတယ္။

သမၼတ ဒူတာေတးရဲ႕ ေျပာေရးဆိုခြင့္ရွိသူကေတာ့ ေရာ့ဘရီဒိုဟာ မူးယစ္တိုက္ဖ်က္ေရးစီမံကိန္းေတြကို ေဆာင္ရြက္ရာမွာ သမၼတကို တိုင္ပင္မႈမရွိခဲ့ဘဲ ဒူတာေတးအေနနဲ႔ အေတာ္ေလးသည္းခံခဲ့တယ္လို႔ ေျပာ ပါတယ္။ ေရာ့ဘရီဒိုရဲ႕ ေျပာေရးဆိုခြင့္ရွိသူကေတာ့ အခုကိစၥနဲ႔ပတ္သက္ၿပီး တစ္စံုတစ္ရာ မွတ္ခ်က္ေပးျခင္း မရွိေသးပါဘူး။

Ref; Reuters

#PeopleMedia #International

(unicode)
ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဒုသမ္မတကို ရာထူးက ထုတ်ပယ်
………………………………………………………….

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးဟာ နိုဝင်ဘာ ၂၄ ရက်နေ့က ဒုသမ္မတ လင်နီရော့ဘရီဒိုကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

မူးယစ်တိုက်ဖျက်ရေးစီမံကိန်းတွေကို ထိခိုက်မှုရှိစေတာကြောင့် အခုလို ထုတ်ပယ်ခံရခြင်းဖြစ်တယ်လို့ သိ ရပါတယ်။ လင်နီရော့ဘရီဒိုဟာ ဒူတာတေးရဲ့ နိုင်ငံရေးပြိုင်ဘက်တစ်ဦးဖြစ်ပြီး သီးခြားရွေးမြှောက်ခံရသူ လည်းဖြစ်ပါတယ်။

ဘရီဒိုဟာ ၄င်းရဲ့ မဟာမိတ်တွေက ဒူတာတေးရဲ့ ဒုသမ္မတရာထူးအတွက် ကမ်းလှမ်းချက်ဟာ ထောင်ချောက် တစ်ခုဖြစ်တယ်လို့ အကြံပေးချက်ကို လက်မခံဘဲ ဒုသမ္မတတာဝန်ကို လက်ခံခဲ့တာဖြစ်ပါတယ်။ ဒုသမ္မတ တာဝန်ကို ထမ်းဆောင်ပြီး သီတင်းနှစ်ပတ်ကျော်ကြာမြင့်တဲ့အချိန်မှာ ရော့ဘရီဒိုဟာ အခုလို ထုတ်ပယ်ခံ လိုက်ရတာဖြစ်ပါတယ်။

သမ္မတ ဒူတာတေးရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ရော့ဘရီဒိုဟာ မူးယစ်တိုက်ဖျက်ရေးစီမံကိန်းတွေကို ဆောင်ရွက်ရာမှာ သမ္မတကို တိုင်ပင်မှုမရှိခဲ့ဘဲ ဒူတာတေးအနေနဲ့ အတော်လေးသည်းခံခဲ့တယ်လို့ ပြော ပါတယ်။ ရော့ဘရီဒိုရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အခုကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။

Ref; Reuters

#PeopleMedia #International


Share this post