• Follow Us on
Latest News

Home ဖိလစ္ပိုင္ျပည္တြင္းေသာင္းက်န္းသူမ်ားႏွင့္ တိုက္ပြဲတြင္ စစ္သား ၆ ဦးက်ဆံုး၍ လူ ၂၀ ၀န္းက်င္ ဒဏ္ရာရ

ဖိလစ္ပိုင္ျပည္တြင္းေသာင္းက်န္းသူမ်ားႏွင့္ တိုက္ပြဲတြင္ စစ္သား ၆ ဦးက်ဆံုး၍ လူ ၂၀ ၀န္းက်င္ ဒဏ္ရာရ

Share this post

ဖိလစ္ပိုင္ႏိုင္ငံအလယ္ပိုင္း အေရွ႕ဆမ္မာျပည္နယ္မွာ လက္နက္ကိုင္ေသာင္းက်န္းသူေတြနဲ႔ ဖိလစ္ပိုင္လံုၿခံဳေရး တပ္ဖြဲ႕၀င္ေတြ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္သား ၆ ဦးေသဆံုးကာ ၂၀ ေလာက္ ဒဏ္ရာရရွိခဲ့ပါတယ္။

တနလၤာေန႔ ေဒသစံေတာ္ခ်ိန္ ညေန ၅ နာရီအခ်ိန္မွာ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲအတြင္း NPA သူပုန္အဖြဲ႕၀င္တစ္ဦး လည္း ေသဆံုးခဲ့တယ္လို႔ ဖိလစ္ပိုင္ရဲတပ္ဖြဲ႕က ေျပာပါတယ္။

နာရီ၀က္ၾကာ တိုက္ပြဲမစတင္မီ ေဖာက္ခြဲေရးပစၥည္း ၆ ခုေလာက္ေပါက္ကြဲခဲ့တယ္လို႔လည္း ေျပာပါတယ္။

အခုျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ဖိလစ္ပိုင္စစ္တပ္က ထုတ္ျပန္ခ်က္ မရွိေသးပါဘူး။ ဖိလစ္ပိုင္သမၼတ ဒူတာေတးဟာ ဆယ္စုႏွစ္ခ်ီၾကာျမင့္ေနၿပီျဖစ္တဲ့ NPA ေသာင္းက်န္းသူမ်ားကို ၄င္းသမၼတသက္တမ္းမကုန္ခင္ ၂၀၂၂ ခုႏွစ္ အတြင္း အျပတ္ရွင္းလင္းဖို႔ စစ္တပ္ကို ညႊန္ၾကားထားပါတယ္။

Ref; BERNAMA

#PeopleMedia #International

(Unicode)
ဖိလစ်ပိုင်ပြည်တွင်းသောင်းကျန်းသူများနှင့် တိုက်ပွဲတွင် စစ်သား ၆ ဦးကျဆုံး၍ လူ ၂၀ ဝန်းကျင် ဒဏ်ရာရ
……………………………………………………………

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း အရှေ့ဆမ်မာပြည်နယ်မှာ လက်နက်ကိုင်သောင်းကျန်းသူတွေနဲ့ ဖိလစ်ပိုင်လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ ၂၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီအချိန်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း NPA သူပုန်အဖွဲ့ဝင်တစ်ဦး လည်း သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။

နာရီဝက်ကြာ တိုက်ပွဲမစတင်မီ ဖောက်ခွဲရေးပစ္စည်း ၆ ခုလောက်ပေါက်ကွဲခဲ့တယ်လို့လည်း ပြောပါတယ်။

အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်ချက် မရှိသေးပါဘူး။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ ဆယ်စုနှစ်ချီကြာမြင့်နေပြီဖြစ်တဲ့ NPA သောင်းကျန်းသူများကို ၄င်းသမ္မတသက်တမ်းမကုန်ခင် ၂၀၂၂ ခုနှစ် အတွင်း အပြတ်ရှင်းလင်းဖို့ စစ်တပ်ကို ညွှန်ကြားထားပါတယ်။

Ref; BERNAMA

#PeopleMedia #International


Share this post