• Follow Us on
Latest News

Home ဖိအားပေးခြိမ်းခြောက်မှုများရှိလာပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်ဟုဆို

ဖိအားပေးခြိမ်းခြောက်မှုများရှိလာပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်ဟုဆို

Share this post

နေပြည်တော်၊ အောက်တိုဘာ ၆ (People Media)

 

နိုင်ငံရေးအရ ဝန်ထမ်းများအပါအဝင် အများပြည်သူကို ဖိအားပေးခြိမ်းခြောက်မှုများရှိလာပါက တိုင်ကြားနိုင် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

အဆိုပါကဲ့သို့ တိုင်ကြားမှုများကို ချက်ခြင်းတုံ့ပြန်အရေးယူနိုင်ရန်အတွက် သီးခြားဖုန်းလိုင်းတစ်ခုအား ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ဆိုသည်။

 

“တိုင်ကြားမှုကတော့ အမြဲလိုလိုတော့ မရှိပါဘူး၊ ရက်ခြားကတော့ တိုင်ကြားမှုတွေကတော့ရှိပါတယ်” မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ကျသူတစ်ဦးက ပြောသည်။

 

လက်ရှိ နိုင်ငံရေးအခြေအနေအရ ဝန်ထမ်းများအပါအဝင် အများပြည်သူအား ဖိအားပေးခြိမ်းခြောက်မှုများ ရှိ လာပါက ဖုန်းနံပတ် ၀၉ ၄၂၆၁၈၃၂၉၃၊ ၀၉ ၄၂၆၁၈၃၃၃၉၊ ၀၉ ၄၂၆၁၈၃၂၂၈ အား ဆက်သွယ်တိုင်ကြားနိုင် ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #မြန်မာနိုင်ငံရဲတပ်ဖွဲ့

 

(unicode)


……………………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post