• Follow Us on

Home ဖိုက္ဇာ ကိုဗစ္ကာကြယ္ေဆးမ်ား ၿဗိတိန္နိုင္ငံသို႔ ေရာက္ၿပီ

ဖိုက္ဇာ ကိုဗစ္ကာကြယ္ေဆးမ်ား ၿဗိတိန္နိုင္ငံသို႔ ေရာက္ၿပီ

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၅

Pfizer ႏွင့္ BioNTech တို႔ ပူးတြဲထုတ္လုပ္သည့္ ပထမအသုတ္ ကိုဗစ္ကာကြယ္ေဆးမ်ား ၿဗိတိန္နိုင္ငံသို႔ ေရာက္ရွိလာခဲ့ၿပီဟု ၿဗိတိန္အစိုးရက အတည္ျပဳလိုက္သည္။

ကိုဗစ္ကာကြယ္ေဆးမ်ားကို ျပင္သစ္ႏွင့္ ၿဗိတိန္ၾကား Channel Tunnel ေခၚ ဉမင္လိုဏ္ေခါင္းမွတစ္ ဆင့္ ဘယ္လ္ဂ်ီယမ္နိုင္ငံရွိ ကုမၸဏီ၏စက္႐ုံမွ ၿဗိတိန္နိုင္ငံသို႔ ထရပ္ကားမ်ားျဖင့္ ပို႔ေဆာင္ခဲ့ျခင္းျဖစ္သည္။

လာမည့္အဂၤါေန႔မွစ၍ သက္ႀကီးေစာင့္ေရွာက္ေရးေဂဟာ ေနထိုင္သူမ်ားႏွင့္ ဝန္ထမ္းမ်ားကို ကိုဗစ္ကာ ကြယ္ေဆး စတင္ထိုးေပးမည္ဟု ၿဗိတိန္အစိုးရက ေမၽွာ္လင့္သည္။

အမ်ိဳးသားက်န္းမာေရးဌာန (NHS) မွ ဝန္ထမ္းမ်ားႏွင့္ အသက္ ၈၀ ေက်ာ္ သက္ႀကီးျပည္သူမ်ားကို ကို ဗစ္ကာကြယ္ေဆးထိုးေပးရန္ ဦးစားေပးစာရင္းတြင္ ထည့္သြင္းထားသည္။

“ခရစၥမတ္မတိုင္မီ ဗိုင္းရပ္စ္ကာကြယ္ေဆး ထိုးမဲ့အစီအစဥ္ စတင္မွာျဖစ္ေပမဲ့ ႏွစ္သစ္ကူးေရာက္မွသာ အစုလိုက္အျပဳံလိုက္ ကာကြယ္ေဆးထိုးမွာျဖစ္ပါတယ္” ဟု ၿဗိတိန္ စီးပြားေရးဝန္ႀကီး အေလာ့ခ္ရွာမာက ေျပာသည္။

ၿဗိတိန္နိုင္ငံက သုံးပတ္ျခား၍ ႏွစ္ႀကိမ္ထိုးရမည့္ Pfizer ကာကြယ္ေဆး အလုံးေရ သန္း ၄၀ မွာယူခဲ့သည္။ အဆိုပါ ကိုဗစ္ကာကြယ္ေဆးမ်ားက ျပည္သူ သန္း ၂၀ အတြက္ လုံေလာက္ၿပီး ယခုႏွစ္အတြင္း ကာကြယ္ေဆး အ လုံးေရ ၈၀၀၀၀၀ ေရာက္ရွိမည္ဟု ၿဗိတိန္အစိုးရက ေျပာသည္။

တစ္နိုင္ငံလုံးအတိုင္းအတာ ကာကြယ္ေဆးထိုးေရး အစီအစဥ္ စတင္ခ်ိန္တြင္ ျပည္သူမ်ားအတြက္ ကာ ကြယ္ေဆးထိုးေရးစင္တာမ်ား တည္ေဆာက္မည္ျဖစ္သည္။

ကိုဗစ္ကာကြယ္ေဆးမ်ားကို ေဆးခန္းမ်ား၊ ေဆးဆိုင္မ်ား၌လည္း ရရွိနိုင္မည္ျဖစ္သည္။ ၿဗိတိန္တပ္မ ေတာ္က ဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား ေထာက္ပံ့ပို႔ေဆာင္ေရးႏွင့္ ျဖန္႔ျဖဴးေရးတြင္ အကူအညီေပးမည္ျဖစ္သည္။

ကိုးကား – စီဂ်ီတီအင္န္

Ref; Pfizer vaccine arrives in the UK ahead of roll-out

(unicode)
ဖိုက်ဇာ ကိုဗစ်ကာကွယ်ဆေးများ ဗြိတိန်နိုင်ငံသို့ ရောက်ပြီ
……………………………………………

နိုင်ငံတကာ၊ ဒီဇင်ဘာ ၅

Pfizer နှင့် BioNTech တို့ ပူးတွဲထုတ်လုပ်သည့် ပထမအသုတ် ကိုဗစ်ကာကွယ်ဆေးများ ဗြိတိန်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီဟု ဗြိတိန်အစိုးရက အတည်ပြုလိုက်သည်။

ကိုဗစ်ကာကွယ်ဆေးများကို ပြင်သစ်နှင့် ဗြိတိန်ကြား Channel Tunnel ခေါ် ဉမင်လိုဏ်ခေါင်းမှတစ် ဆင့် ဘယ်လ်ဂျီယမ်နိုင်ငံရှိ ကုမ္ပဏီ၏စက်ရုံမှ ဗြိတိန်နိုင်ငံသို့ ထရပ်ကားများဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

လာမည့်အင်္ဂါနေ့မှစ၍ သက်ကြီးစောင့်ရှောက်ရေးဂေဟာ နေထိုင်သူများနှင့် ဝန်ထမ်းများကို ကိုဗစ်ကာ ကွယ်ဆေး စတင်ထိုးပေးမည်ဟု ဗြိတိန်အစိုးရက မျှော်လင့်သည်။

အမျိုးသားကျန်းမာရေးဌာန (NHS) မှ ဝန်ထမ်းများနှင့် အသက် ၈၀ ကျော် သက်ကြီးပြည်သူများကို ကို ဗစ်ကာကွယ်ဆေးထိုးပေးရန် ဦးစားပေးစာရင်းတွင် ထည့်သွင်းထားသည်။

“ခရစ္စမတ်မတိုင်မီ ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးမဲ့အစီအစဉ် စတင်မှာဖြစ်ပေမဲ့ နှစ်သစ်ကူးရောက်မှသာ အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးမှာဖြစ်ပါတယ်” ဟု ဗြိတိန် စီးပွားရေးဝန်ကြီး အလော့ခ်ရှာမာက ပြောသည်။

ဗြိတိန်နိုင်ငံက သုံးပတ်ခြား၍ နှစ်ကြိမ်ထိုးရမည့် Pfizer ကာကွယ်ဆေး အလုံးရေ သန်း ၄၀ မှာယူခဲ့သည်။ အဆိုပါ ကိုဗစ်ကာကွယ်ဆေးများက ပြည်သူ သန်း ၂၀ အတွက် လုံလောက်ပြီး ယခုနှစ်အတွင်း ကာကွယ်ဆေး အ လုံးရေ ၈၀၀၀၀၀ ရောက်ရှိမည်ဟု ဗြိတိန်အစိုးရက ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ကာကွယ်ဆေးထိုးရေး အစီအစဉ် စတင်ချိန်တွင် ပြည်သူများအတွက် ကာ ကွယ်ဆေးထိုးရေးစင်တာများ တည်ဆောက်မည်ဖြစ်သည်။

ကိုဗစ်ကာကွယ်ဆေးများကို ဆေးခန်းများ၊ ဆေးဆိုင်များ၌လည်း ရရှိနိုင်မည်ဖြစ်သည်။ ဗြိတိန်တပ်မ တော်က ဗိုင်းရပ်စ်ကာကွယ်ဆေးများ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးတွင် အကူအညီပေးမည်ဖြစ်သည်။

ကိုးကား – စီဂျီတီအင်န်

Ref; Pfizer vaccine arrives in the UK ahead of roll-out


Share this post