• Follow Us on

Home ဖိုင္ဇာ၏ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို အသံုးျပဳခြင့္ေပးရန္ အေမရိကန္ FDA အႀကံေပးမ်ားအႀကံျပဳ

ဖိုင္ဇာ၏ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို အသံုးျပဳခြင့္ေပးရန္ အေမရိကန္ FDA အႀကံေပးမ်ားအႀကံျပဳ

Share this post

ဝါ႐ွင္တန္၊ ဒီဇင္ဘာ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အေမရိကန္ေဆးကုမၸဏီဖိုင္ဇာႏွင့္ ဂ်ာမနီေဆးသုေတသနကုမၸဏီဘိုင္ယြန္းတက္ခ္တို႔ပူးေပါင္းထုတ္လုပ္သည့္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို အသံုးျပဳခြင့္ေပးရန္ အေမရိကန္အစားအစာႏွင့္ ေဆးဝါးႀကီးၾကပ္ကြပ္ကဲမႈ ဌာန FDA ၏ ကာကြယ္ေဆးဆိုင္ရာအႀကံေပးမ်ားက ၾကာသေတးေန႔တြင္ မဲခြဲဆံုးျဖတ္ကာ အႀကံျပဳခဲ့သည္။

အၾကံေပးအဖြဲ႔၀င္ ၇ ေယာက္က အတည္ျပဳသင့္ေၾကာင္းမဲေပးခဲ့ၿပီး ၄ ေယာက္က မျပဳသင့္ေၾကာင္းႏွင့္ တေယာက္က ၾကားေနမဲေပးခဲ့သည္။

ေကာ္မတီ၀င္မ်ားက ၿဗိတိန္တြင္ကာကြယ္ေဆးထိုးၿပီးေနာက္ ဓာတ္မတည့္မႈျဖစ္ခဲ့သည့္ လူ ၂ ေယာက္ေၾကာင့္ စိုးရိမ္ေၾကာင္း ထုတ္ေျပာခဲ့သည္။

ထိုအစီရင္ခံစာမ်ားေၾကာင့္ ကာကြယ္ေဆးမ်ားႏွင့္ဓာတ္မတည့္သူမ်ားသို႔ ကာကြယ္ေဆးပါ၀င္ပစၥည္းမ်ားႏွင့္ ဓာတ္မတည့္သည့္ရာဇ၀င္႐ွိသူမ်ားအတြက္ ကာကြယ္ေဆးႏွင့္အတူ သတိေပးခ်က္မ်ားထုတ္သြားမည္ဟုလည္း FDA ၀န္ထမ္းမ်ားကေျပာသည္။

အေရးေပၚအသံုးျပဳခြင့္သည္ အျပည့္အ၀အသံုးျပဳခြင့္ေပးျခင္းကို အတိုခ်ံဳ႕သည့္သေဘာျဖစ္သည္။

အျပည့္အ၀အသံုးျပဳခြင့္ရရန္ သီးျခားေလွ်ာက္ထားရမည္ျဖစ္ၿပီး ၾကာသပေတးေန႔တြင္မဲေပးအတည္ျပဳျခင္း သည္လည္း ေဆးကို ခ်က္ခ်င္းအသံုးျပဳခြင့္ေပးျခင္းမဟုတ္ေသးေခ်။

FDA က အႀကံျပဳခ်က္ကိုလက္ခံျခင္း႐ွိ၊ မ႐ွိ ဆံုးျဖတ္မည္ျဖစ္ၿပီး ထိုကာကြယ္ေဆးအတြက္ အေရးေပၚအသံုးျပဳ ခြင့္ထုတ္ေပးမည္ဟု အရိပ္အႁမြက္ေျပာေနသည္။

Ref : FDA advisers recommend authorization of Pfizer/BioNTech coronavirus vaccine

#PeopleMedia

(unicode)
ဖိုင်ဇာ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးရန် အမေရိကန် FDA အကြံပေးများအကြံပြု
……………………………………………

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အမေရိကန်ဆေးကုမ္ပဏီဖိုင်ဇာနှင့် ဂျာမနီဆေးသုတေသနကုမ္ပဏီဘိုင်ယွန်းတက်ခ်တို့ပူးပေါင်းထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးရန် အမေရိကန်အစားအစာနှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲမှု ဌာန FDA ၏ ကာကွယ်ဆေးဆိုင်ရာအကြံပေးများက ကြာသတေးနေ့တွင် မဲခွဲဆုံးဖြတ်ကာ အကြံပြုခဲ့သည်။

အကြံပေးအဖွဲ့ဝင် ၇ ယောက်က အတည်ပြုသင့်ကြောင်းမဲပေးခဲ့ပြီး ၄ ယောက်က မပြုသင့်ကြောင်းနှင့် တယောက်က ကြားနေမဲပေးခဲ့သည်။

ကော်မတီဝင်များက ဗြိတိန်တွင်ကာကွယ်ဆေးထိုးပြီးနောက် ဓာတ်မတည့်မှုဖြစ်ခဲ့သည့် လူ ၂ ယောက်ကြောင့် စိုးရိမ်ကြောင်း ထုတ်ပြောခဲ့သည်။

ထိုအစီရင်ခံစာများကြောင့် ကာကွယ်ဆေးများနှင့်ဓာတ်မတည့်သူများသို့ ကာကွယ်ဆေးပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်သည့်ရာဇဝင်ရှိသူများအတွက် ကာကွယ်ဆေးနှင့်အတူ သတိပေးချက်များထုတ်သွားမည်ဟုလည်း FDA ဝန်ထမ်းများကပြောသည်။

အရေးပေါ်အသုံးပြုခွင့်သည် အပြည့်အဝအသုံးပြုခွင့်ပေးခြင်းကို အတိုချုံ့သည့်သဘောဖြစ်သည်။

အပြည့်အဝအသုံးပြုခွင့်ရရန် သီးခြားလျှောက်ထားရမည်ဖြစ်ပြီး ကြာသပတေးနေ့တွင်မဲပေးအတည်ပြုခြင်း သည်လည်း ဆေးကို ချက်ချင်းအသုံးပြုခွင့်ပေးခြင်းမဟုတ်သေးချေ။

FDA က အကြံပြုချက်ကိုလက်ခံခြင်းရှိ၊ မရှိ ဆုံးဖြတ်မည်ဖြစ်ပြီး ထိုကာကွယ်ဆေးအတွက် အရေးပေါ်အသုံးပြု ခွင့်ထုတ်ပေးမည်ဟု အရိပ်အမြွက်ပြောနေသည်။

Ref : FDA advisers recommend authorization of Pfizer/BioNTech coronavirus vaccine

#PeopleMedia


Share this post