• Follow Us on

Home ဖိုင်ဇာ/ဘိုင်ယွန်တက်ခ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အမေရိကန်တွင် အရေးပေါ်အသုံးပြုခွင့်ရရှိ


Share this post

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
 
 
 
 
 
 
 
 
#PeopleMedia
 
(unicode)
ဖိုင်ဇာ/ဘိုင်ယွန်တက်ခ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အမေရိကန်တွင် အရေးပေါ်အသုံးပြုခွင့်ရရှိ
………………………………………………….
 
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
အမေရိကန်အစားအစာနှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန(FDA)က အမေရိကန်ပြည်ထောင်စုအတွက် ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးခဲ့သည်။
 
အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ခြင်းသည် အရေးပေါ်အခြေအနေတရပ်တွင် ဆေးပစ္စည်းတမျိုးကိုအသုံပြုနိုင် ကြောင်း FDA က ခွင့်ပြုပေးခြင်းဖြစ်ပြီး အပြည့်အဝခွင့်ပြုခြင်းမဟုတ်သေးချေ။
 
FDA ထံမှလိုင်စင်အပြည့်အဝရရန် ကုမ္ပဏီများက နောက်တကြိမ်ထပ်မံလျှောက်ထားရမည်ဖြစ်သည်။
 
ကာကွယ်ဆေးစတင်မထိုးခင် အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဗဟိုဌာန CDC၊ ရောခါခုခံစနစ်အကြံ ပေးကော်မတီက ကာကွယ်ဆေးအသုံးပြုသင့်ကြောင်းအကြံပေးရန် မဲခွဲဆုံးဖြတ်ရမည်ဖြစ်ပြီး CDC ကလည်း အကြံပြုချက်ကို လက်ခံရမည်ဖြစ်သည်။
 
စနေနေ့မနက်ပိုင်းတွင် ကော်မတီအစည်းအဝေးပြုလုပ်မည်ဖြစ်သည်။
 
လာမည့်သီတင်းပတ်များအတွင်း လူသန်း ၂၀ ကျော်ကို ကာကွယ်ဆေးထိုးပေးမည်ဖြစ်သည်။
 
အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် လူ ၃ သန်းနီးပါးသေဆုံးခဲ့သည်။
 
Ref : FDA issues emergency use authorization for PfizerBioNTech Covid-19 vaccine
 
#PeopleMedia

Share this post