• Follow Us on

Home ဖိႏွိပ္ခံရခိုင္ျပည္သူမ်ားအတြက္ ၀မ္းနည္းျခင္းအထိမ္းအမွတ္အေနျဖင့္ အလံနက္မ်ားစိုက္ထူေနေၾကာင္း ဗကသမ်ားအဖြဲ႕ခ်ဳပ္ေျပာ

ဖိႏွိပ္ခံရခိုင္ျပည္သူမ်ားအတြက္ ၀မ္းနည္းျခင္းအထိမ္းအမွတ္အေနျဖင့္ အလံနက္မ်ားစိုက္ထူေနေၾကာင္း ဗကသမ်ားအဖြဲ႕ခ်ဳပ္ေျပာ

Share this post

ရန္ကုန္၊ စက္တင္ဘာ ၁၆

ဖိႏွိပ္ခံရခိုင္ျပည္သူမ်ားအတြက္ ၀မ္းနည္းျခင္းအထိမ္းအမွတ္အေနျဖင့္ အလံနက္မ်ားကို ရခိုင္ျပည္နယ္ ေက်ာင္းသားသမဂၢမ်ားမွဦးေဆာင္၍ စိုက္ထူေနေၾကာင္း ဗကသမ်ားအဖြဲ႕ခ်ဳပ္ ဒုဥကၠ႒-၁ ကိုေအာင္ ျပည့္စုံၿဖိဳးကေျပာသည္။

အဆိုပါအလံကမ္ပိန္းမ်ားအား ယခုလ ၁၅ ရက္ကစတင္ကာ ရခိုင္ျပည္နယ္ေက်ာင္းသားသမဂၢမ်ားမွ ဦးေဆာင္၍ျပဳလုပ္တာျဖစ္ေၾကာင္း ၎ကေျပာသည္။

“လက္ရွိမွာရခိုင္ျပည္နယ္ကစစ္ပြဲလည္းခံစားေနရတယ္၊ Covid-19ေရာဂါသူတို႔ကလည္း ခံစားေနရတယ္။ အဲ့မွာရွိတဲ့ျပည္သူေတြကႏွစ္ခုကိုခံစားေနရတယ္။ နဂိုထဲက စစ္ေဘးဒဏ္ေၾကာင့္ ေထာင္လေမာင္းေၾကေန တဲ့အခ်ိန္မွာ ကိုဗစ္ထပ္ျဖစ္ေတာ့ ပိုၿပီးဒုကၡပိုေရာက္ေနၾကတယ္။ ကိုဗစ္ျဖစ္ေနတာေတာင္ စစ္ပြဲေတြမရပ္ဘဲ တိုက္ပြဲေတြထပ္ျဖစ္ေနတယ္ ဒုကၡေရာက္ေနတဲ့ျပည္သူေတြအတြက္ြၽန္ေတာ္တို႔ကဒီတိုင္းလုပ္ရတာပါ”ဟု ဗကသမ်ားအဖြဲ႕ခ်ဳပ္ ဒုဥကၠ႒-၁ ကိုေအာင္ျပည့္စုံၿဖိဳးကေျပာသည္။

ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားသမဂၢမ်ားသည္လည္း ရခိုင္ျပည္နယ္က ျပည္သူလူထုႏွင့္အတူ ရပ္တည္သြား မည္ျဖစ္ေၾကာင္း ၎ကေျပာသည္။

အထက္ပါကိစြရပ္မ်ားႏွင့္ပတ္သက္ၿပီး ဖမ္းဆီးခံေနရသည့္ေက်ာင္းသားမ်ားမွာ ရခိုင္ျပည္ ေက်ာင္းသားသမဂၢ ေခါင္းေဆာင္ ၃ ဦး၊ ဗ.က.သ မ်ားအဖြဲ႕ခ်ဳပ္၀င္ေက်ာင္းသား ၁၃ဦး၊ ဗ.က.သ အဖြဲ႕ခ်ဳပ္၀င္ ကိုေဝယံၿဖိဳးမိုး၊ ကိုပို င္မင္းခန္႔၊ မိတၳီလာတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢမွ ကိုသန္းတိုးေအာင္(အေထြေထြအတြင္းေရးမွဴး)၊ ကိုဆန္းလင္းကို(အေဝးသင္ေရးရာတာ၀န္ခံ) တို႔ျဖစ္ေၾကာင္း မိတၳီလာတကၠသိုလ္ေက်ာင္းသားမ်ား သမဂၢ(ဗ.က.သ မ်ားအဖြဲ႕ခ်ဳပ္)မွ ထုတ္ျပန္ထားသည္။

#PeopleMedia #ဗကသ

(unicode)
ဖိနှိပ်ခံရခိုင်ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် အလံနက်များစိုက်ထူနေကြောင်း ဗကသများအဖွဲ့ချုပ်ပြော
…………………………………………………

ရန်ကုန်၊ စက်တင်ဘာ ၁၆

ဖိနှိပ်ခံရခိုင်ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် အလံနက်များကို ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂများမှဦးဆောင်၍ စိုက်ထူနေကြောင်း ဗကသများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ-၁ ကိုအောင် ပြည့်စုံဖြိုးကပြောသည်။

အဆိုပါအလံကမ်ပိန်းများအား ယခုလ ၁၅ ရက်ကစတင်ကာ ရခိုင်ပြည်နယ်ကျောင်းသားသမဂ္ဂများမှ ဦးဆောင်၍ပြုလုပ်တာဖြစ်ကြောင်း ၎င်းကပြောသည်။

“လက်ရှိမှာရခိုင်ပြည်နယ်ကစစ်ပွဲလည်းခံစားနေရတယ်၊ Covid-19ရောဂါသူတို့ကလည်း ခံစားနေရတယ်။ အဲ့မှာရှိတဲ့ပြည်သူတွေကနှစ်ခုကိုခံစားနေရတယ်။ နဂိုထဲက စစ်ဘေးဒဏ်ကြောင့် ထောင်လမောင်းကြေနေ တဲ့အချိန်မှာ ကိုဗစ်ထပ်ဖြစ်တော့ ပိုပြီးဒုက္ခပိုရောက်နေကြတယ်။ ကိုဗစ်ဖြစ်နေတာတောင် စစ်ပွဲတွေမရပ်ဘဲ တိုက်ပွဲတွေထပ်ဖြစ်နေတယ် ဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက်ျွန်တော်တို့ကဒီတိုင်းလုပ်ရတာပါ”ဟု ဗကသများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ-၁ ကိုအောင်ပြည့်စုံဖြိုးကပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများသည်လည်း ရခိုင်ပြည်နယ်က ပြည်သူလူထုနှင့်အတူ ရပ်တည်သွား မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

အထက်ပါကိစွရပ်များနှင့်ပတ်သက်ပြီး ဖမ်းဆီးခံနေရသည့်ကျောင်းသားများမှာ ရခိုင်ပြည် ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ၃ ဦး၊ ဗ.က.သ များအဖွဲ့ချုပ်ဝင်ကျောင်းသား ၁၃ဦး၊ ဗ.က.သ အဖွဲ့ချုပ်ဝင် ကိုဝေယံဖြိုးမိုး၊ ကိုပို င်မင်းခန့်၊ မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုသန်းတိုးအောင်(အထွေထွေအတွင်းရေးမှူး)၊ ကိုဆန်းလင်းကို(အဝေးသင်ရေးရာတာဝန်ခံ) တို့ဖြစ်ကြောင်း မိတ္ထီလာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(ဗ.က.သ များအဖွဲ့ချုပ်)မှ ထုတ်ပြန်ထားသည်။

#PeopleMedia #ဗကသ


Share this post