• Follow Us on

Home ဖီေမာ္ေရခဲေတာင္ကို ႏိုင္ငံျခားသားမ်ား ဝင္ေရာက္ႏိုင္သည့္ ခရီးသြားေနရာအျဖစ္ သတ္မွတ္ႏိုင္ေရး ေဆာင္ရြက္သြားမည္ဟုဆို

ဖီေမာ္ေရခဲေတာင္ကို ႏိုင္ငံျခားသားမ်ား ဝင္ေရာက္ႏိုင္သည့္ ခရီးသြားေနရာအျဖစ္ သတ္မွတ္ႏိုင္ေရး ေဆာင္ရြက္သြားမည္ဟုဆို

Share this post

ျမစ္ႀကီးနား၊ မတ္ ၃

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားခ႐ိုင္၊ ကခ်င္အထူးေဒသ(၁)၊ ခ်ီေဖြၿမိဳ႕နယ္၊ ဖီေမာ္ၿမိဳ႕ရွိ ဖီေမာ္ေရခဲေတာင္ကို ျပည္ပမွ ႏိုင္ငံျခားသားမ်ား ဝင္ေရာက္ႏိုင္သည့္ ခရီးသြားေနရာ တစ္ခုအျဖစ္ သတ္မွတ္ႏိုင္ေရး ေဆာင္ရြက္ေနေၾကာင္း ကခ်င္ျပည္နယ္ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဦးစီးဌာနမွ သိရသည္။

ယင္းေရခဲေတာင္သည္ ပင္လယ္ေရမ်က္ႏွာျပင္ အျမင့္ေပ (၈၀၀၀)ခန္႔ ရွိေၾကာင္း သိရၿပီး လက္ရွိတြင္ ျပည္တြင္းမွ ခရီးသြားလည္ပတ္သူခ်ိဳ႕သြားေရာက္လည္ပတ္မႈမ်ား ရွိေနၿပီး ႏိုင္ငံသားျခားသားခရီးသြား ဧည့္သည္မ်ားဝင္ေရာက္လည္ပတ္ႏိုင္သည့္ ေနရာအျဖစ္ သတ္မွတ္ႏိုင္ေရးေဆာင္ရြက္သြားမည္ဟု ကခ်င္ျပည္နယ္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဦးစီးဌာနမွ ျပည္နယ္ၫႊန္ၾကားေရးမွဴး ဦးခိုင္ဝင္းက ဆိုသည္။

”ျပည္တြင္းခရီးသြားကေတာ့ ရတယ္။ အခုက ႏိုင္ငံျခားသားဝင္ေရာက္မႈကို ကန္႔သတ္ထားတယ္။ ဒါေပမယ့္ ခြင့္ျပဳႏိုင္ေအာင္ႀကိဳးစားမယ္။”ဟု ဦးခိုင္ဝင္းကေျပာသည္။

ဖီေမာ္ေရခဲေတာင္သည္ နယ္ေျမလုံၿခဳံေရးအရလည္း လုံၿခဳံစိတ္ခ်မႈရွိျခင္းေၾကာင့္ ယခုကဲ့သို႔ သတ္မွတ္ရန္ ႀကိဳးပမ္းရျခင္းျဖစ္ေၾကာင္းလည္း ယခုကဲ့သို႔ထည့္သြင္း ေျပာဆိုခဲ့သည္။

”နယ္ေျမလုံၿခဳံေရးအရ ကန္႔သတ္ေတာ့ထားတယ္။ ဒါေပမယ့္ အဲ့ဘက္မွာက ထာဝရၿငိမ္းခ်မ္းေရးအဖြဲ႕ ရွိတယ္။ နယ္ျခားေစာင့္တပ္လည္းရွိတယ္။ တပ္မေတာ္ တပ္စခန္းေတြလည္း ရ္ှိေနပါတယ္”ဟု ဦးခိုင္ဝင္းက ေျပာသည္။

လြမ္းေအာင္

#peoplemedia #EPN

(unicode)
ဖီမော်ရေခဲတောင်ကို နိုင်ငံခြားသားများ ဝင်ရောက်နိုင်သည့် ခရီးသွားနေရာအဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်သွားမည်ဟုဆို
……………………………………………………………………………….

မြစ်ကြီးနား၊ မတ် ၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကချင်အထူးဒေသ(၁)၊ ချီဖွေမြို့နယ်၊ ဖီမော်မြို့ရှိ ဖီမော်ရေခဲတောင်ကို ပြည်ပမှ နိုင်ငံခြားသားများ ဝင်ရောက်နိုင်သည့် ခရီးသွားနေရာ တစ်ခုအဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်နေကြောင်း ကချင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာနမှ သိရသည်။

ယင်းရေခဲတောင်သည် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ (၈၀၀၀)ခန့် ရှိကြောင်း သိရပြီး လက်ရှိတွင် ပြည်တွင်းမှ ခရီးသွားလည်ပတ်သူချို့သွားရောက်လည်ပတ်မှုများ ရှိနေပြီး နိုင်ငံသားခြားသားခရီးသွား ဧည့်သည်များဝင်ရောက်လည်ပတ်နိုင်သည့် နေရာအဖြစ် သတ်မှတ်နိုင်ရေးဆောင်ရွက်သွားမည်ဟု ကချင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးခိုင်ဝင်းက ဆိုသည်။

”ပြည်တွင်းခရီးသွားကတော့ ရတယ်။ အခုက နိုင်ငံခြားသားဝင်ရောက်မှုကို ကန့်သတ်ထားတယ်။ ဒါပေမယ့် ခွင့်ပြုနိုင်အောင်ကြိုးစားမယ်။”ဟု ဦးခိုင်ဝင်းကပြောသည်။

ဖီမော်ရေခဲတောင်သည် နယ်မြေလုံခြုံရေးအရလည်း လုံခြုံစိတ်ချမှုရှိခြင်းကြောင့် ယခုကဲ့သို့ သတ်မှတ်ရန် ကြိုးပမ်းရခြင်းဖြစ်ကြောင်းလည်း ယခုကဲ့သို့ထည့်သွင်း ပြောဆိုခဲ့သည်။

”နယ်မြေလုံခြုံရေးအရ ကန့်သတ်တော့ထားတယ်။ ဒါပေမယ့် အဲ့ဘက်မှာက ထာဝရငြိမ်းချမ်းရေးအဖွဲ့ ရှိတယ်။ နယ်ခြားစောင့်တပ်လည်းရှိတယ်။ တပ်မတော် တပ်စခန်းတွေလည်း ရ်ှိနေပါတယ်”ဟု ဦးခိုင်ဝင်းက ပြောသည်။

လွမ်းအောင်

#peoplemedia #EPN


Share this post