• Follow Us on

Home ဖျက်ဆီးခံရသည့် ဆက်သွယ်ရေးတာဝါတိုင် ၆၈ တိုင်ရှိပြီဖြစ်ကြောင်း န-စ-က ထုတ်ပြန်

ဖျက်ဆီးခံရသည့် ဆက်သွယ်ရေးတာဝါတိုင် ၆၈ တိုင်ရှိပြီဖြစ်ကြောင်း န-စ-က ထုတ်ပြန်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၄ (People Media)

 

စက်တင်ဘာလ ၉ ရက်နေ့အထိ ဖျက်ဆီးခံရသည့် ဆက်သွယ်ရေးတာဝါတိုင် ၆၈ တိုင်ရှိပြီဖြစ်ကြောင်း န-စ-ကမှ စက်တင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါဖျက်ဆီးခံရသည့် ဆက်သွယ်ရေးတာဝါတိုင် ၆၈ တိုင်မှာ စက်တင်ဘာလ ၉ ရက်နေ့အထိ စာရင်းအရ ဖြစ်ပြီး ယင်းနောက်ပိုင်းတွင်လည်း မီးရှို့ဖျက်ဆီးခံရသည့် တာဝါတိုင်များတိုးလာသည့်အတွက် ၁၀၀ ထက် မနည်း ဖျက်ဆီးခံရနိုင်ချေရှိသည်ဟုဆိုသည်။

 

ဆက်လက်ပြီး ဝမ်းတွင်းမြို့နယ်၊ ဖလံကျင်းကျေးရွာ၊ မိတ္ထီလာ-ပင်းတလဲကားလမ်းဘေးရှိ Mytel ဆက်သွယ် ရေးတာ ဝါတိုင်နှင့် ဝမ်းတွင်းမြို့နယ်၊ သဲတောကျေးရွာရှိ Mytel တာဝါတိုင်များလည်း စက်တင်ဘာလ ၇ ရက် နေ့တွင် ဖောက်ခွဲခံခဲ့ရခြင်းဖြစ်သည်။

 

အလားတူ ငါးဇွန်မြို့၊ အမှတ်(၄)ရပ်ကွက်မှ နေအိမ်ခြံဝင်းအတွင်း စိုက်ထားသည့် ဖုန်းတာဝါတိုင်နှင့် ဆက်စပ် သည့် စက်ပစ္စည်းများဖျက်ဆီးခံခဲ့ရပြီး စက်တင်ဘာလ ၁၃ ရက်နေ့တွင်လည်း ယင်းမာပင်မြို့နယ်ရှိ Mytel ဆက်သွယ်ရေးတာဝါတိုင်နှင့် ဆက်စပ်သည့် စက်ပစ္စည်းများ ဖျက်ဆီးခံခဲ့ရသည်။

 

#PeopleMedia #ဆက်သွယ်ရေးတာဝါတိုင် #နစက

 

(unicode)


………………………………………………………………….

 


 


 


 


 


 



Share this post