• Follow Us on

Home ဖျာပုံမြို့နယ်၌ အမျိုးသမီးငယ် (၂) ဦးအား တရုတ်နိုင်ငံတွင် ကလေးထိန်းရမည်ပြောဆိုကာ တရုတ်အမျိုးသား ထံရောင်းစားခဲ့သူ (၂) ဦး ထောင်ဒဏ်နှစ် (၂၀) နှင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံရ

ဖျာပုံမြို့နယ်၌ အမျိုးသမီးငယ် (၂) ဦးအား တရုတ်နိုင်ငံတွင် ကလေးထိန်းရမည်ပြောဆိုကာ တရုတ်အမျိုးသား ထံရောင်းစားခဲ့သူ (၂) ဦး ထောင်ဒဏ်နှစ် (၂၀) နှင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံရ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၁ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးငယ် (၂) ဦးအား တရုတ်နိုင်ငံတွင် ကလေး ထိန်းရမည်ပြောဆိုကာ တရုတ်အမျိုးသားထံ ရောင်းစားခဲ့သူ (၂) ဦးကို ထောင်ဒဏ် (၂၀) နှစ်နှင့် ထောင်ဒဏ် (၁၀) နှစ် အသီးသီးချမှတ်လိုက်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကုလားထိပ်ကျေးရွာနေ မြတ်ကိုနှင့် သိန်းဦးတို့က ဖျာပုံမြို့နေ မ….(၁၈)နှင့် မ….(၂၀)နှစ်တို့ကို တရုတ်နိုင်ငံတင် ကလေးထိန်းသည့်အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ငွေ ကျပ် တစ်သိန်းရရှိမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်အမျိုးသားထံ ပို့ဆောင်ရောင်းစားခဲ့ပြီး ငွေကြေးအကျိုး အမြတ်များ ရယူခဲ့သဖြင့် ဖျာပုံမြို့နယ် ဒေါ်ညိမ်းနယ်မြေရဲစခန်း (ပ) ၁၄၂/ ၂၀၁၉၊ (ပ) ၁၅၇/ ၂၀၁၉၊ လူကုန် ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ တို့ဖြင့် အမှုဖွင့်လှစ်ပြီး တရားစွဲဆိုခဲ့ကြောင်း သိရသည်။

 

ယင်းကဲ့သို့ တရားစွဲဆိုတင်ပို့ခဲ့ရာ ဇန်နဝါရီ ၅ ရက်နေ့တွင် တရားခံမြတ်ကိုအား အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်စီဖြင့် ပေါင်း နှစ်(၂၀)၊ တရားခံ သိန်းဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia #လူကုန်တား

 

(unicode)


……………………………………………………………………

 


 


 


 


 



Share this post