• Follow Us on

Home ဖြဲ႔စည္းပုံျပင္ဆင္ေရး ေဟာေျပာခ်က္နဲ႔ပတ္သက္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္ကို ဖမ္း၀ရမ္းထုတ္

ဖြဲ႔စည္းပုံျပင္ဆင္ေရး ေဟာေျပာခ်က္နဲ႔ပတ္သက္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္ကို ဖမ္း၀ရမ္းထုတ္

Share this post

ဖြဲ႔စည္းပုံျပင္ဆင္ေရး ေဟာေျပာပြဲေတြမွာ ေျပာဆိုမႈနဲ႔ပတ္သက္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္ကို ဖမ္း၀ရမ္းထုတ္ခံထားေၾကာင္း ဇန္နဝါရီ ၂၁ ရက္ေန႔က ကာယကံရွင္၏ ေျပာဆိုခ်က္အရသိရသည္။

တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္၊ ဗုိလ္ႀကီးေဟာင္းေနမ်ဳိးဇင္နဲ႔ ကဗ်ာဆရာေစာေ၀တုိ႔ကုိ တပ္မေတာ္က ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈအရ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (က) တရားစြဲဆုိထားျခင္းျဖစ္ၿပီး ဇန္နဝါရီ ၂၁ ရက္ေန႔တြင္ ဖမ္း၀ရမ္ထုတ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

“ဆရာကေတာ့ ဖရမ္းထုတ္ခံထားရတဲ့အတြက္ ဒီကိစၥနဲ႔ပတ္သက္လို႔ ဘာမွေျပာခ်င္တာမရွိေသးဘူး။ ဒါနဲ႔ ပတ္သက္လို႔ သတင္းစာရွင္းလင္းပြဲလုပ္မွပဲ ဒီကိစၥကို အကုန္ေျပာဖိုရွိပါမယ္” ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္က ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ဧၿပီလက တနသၤာရီတိုင္းေဒသႀကီး ေကာ့ေသာင္းၿမိဳ႕တြင္ျပဳလုပ္ခဲ့ေသာ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံျပင္ဆင္ေရးႏွင့္ပတ္သက္၍ ေဟာေျပာခဲ့ေသာ္လည္း ႏို၀င္ဘာ ၃ ရက္ေန႔တြင္ ေကာ့ေသာင္းၿမိဳ႕နယ္ ခေမာက္ႀကီး တပ္နယ္မွ ဒုတိယဗိုလ္မွဴးႀကီးေဇာ္ေဇာ္က ေရွ႕ေနဦးႀကီးျမင့္ အပါအဝင္သုံးဦး တရားစြဲဆိုခဲ့ျခင္း ျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ ဇန္နဝါရီ ၂၁ ရက္ေန႔မွသာ ဖမ္း၀ရမ္းထုတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အခု ဆရာအေနနဲ႔ အေနာက္ပိုင္းခ႐ိုင္တရား႐ုံးကိုသြားေနတာရွိတယ္ ဒါေတြနဲ႔ပတ္သက္လို အခုအခ်ိန္မွာ ဘာမွေျပာခ်င္တာမရွိေသးဘူး” ဟု တရားလႊတ္ေတာ္ေရွ႕ေနဦးႀကီးျမင့္က ေျပာသည္။

တပ္မေတာ္အေနျဖင့္ ၂ဝ၁၆ ခုႏွစ္က စတင္ကာ ၂ဝ၁၉ခုႏွစ္အထိ ၄၅ လအတြင္း လြတ္လပ္စြာ ထုတ္ေဖာ္ေျပာ ဆိုခြင့္ႏွင့္ပတ္သက္၍ တရားစြဲဆုိထားေသာ အမႈေပါင္း ၄၇ မႈရွိၿပီး တရားစြဲဆိုခံရသူ ၉၆ ဦးထိရွိၿပီး တရားစြဲခံ ထားရသူ ၉၆ ဦးထဲတြင္ တက္ၾကြလႈပ္ရွားသူ ၅၁ ဦး၊ အရပ္သားျပည္သူ ၁၉ ဦး အထိပါ၀င္ေၾကာင္း အသံ အဖြဲ႕၏ ေလ့လာေစာင့္ၾကည့္မႈမ်ားအရသိရသည္။

ၿဖိဳးေအာင္

#PeopleMedia

(Unicode)
ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောချက်နဲ့ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကို ဖမ်းဝရမ်းထုတ်
…………………………………………………………

ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲတွေမှာ ပြောဆိုမှုနဲ့ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကို ဖမ်းဝရမ်းထုတ်ခံထားကြောင်း ဇန်နဝါရီ ၂၁ ရက်နေ့က ကာယကံရှင်၏ ပြောဆိုချက်အရသိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်နဲ့ ကဗျာဆရာစောဝေတို့ကို တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှုအရ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) တရားစွဲဆိုထားခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက်နေ့တွင် ဖမ်းဝရမ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ဆရာကတော့ ဖရမ်းထုတ်ခံထားရတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှပြောချင်တာမရှိသေးဘူး။ ဒါနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲလုပ်မှပဲ ဒီကိစ္စကို အကုန်ပြောဖိုရှိပါမယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလက တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင်ပြုလုပ်ခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ ဟောပြောခဲ့သော်လည်း နိုဝင်ဘာ ၃ ရက်နေ့တွင် ကော့သောင်းမြို့နယ် ခမောက်ကြီး တပ်နယ်မှ ဒုတိယဗိုလ်မှူးကြီးဇော်ဇော်က ရှေ့နေဦးကြီးမြင့် အပါအဝင်သုံးဦး တရားစွဲဆိုခဲ့ခြင်း ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့မှသာ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခု ဆရာအနေနဲ့ အနောက်ပိုင်းခရိုင်တရားရုံးကိုသွားနေတာရှိတယ် ဒါတွေနဲ့ပတ်သက်လို အခုအချိန်မှာ ဘာမှပြောချင်တာမရှိသေးဘူး” ဟု တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောသည်။

တပ်မတော်အနေဖြင့် ၂ဝ၁၆ ခုနှစ်က စတင်ကာ ၂ဝ၁၉ခုနှစ်အထိ ၄၅ လအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်နှင့်ပတ်သက်၍ တရားစွဲဆိုထားသော အမှုပေါင်း ၄၇ မှုရှိပြီး တရားစွဲဆိုခံရသူ ၉၆ ဦးထိရှိပြီး တရားစွဲခံ ထားရသူ ၉၆ ဦးထဲတွင် တက်ကြွလှုပ်ရှားသူ ၅၁ ဦး၊ အရပ်သားပြည်သူ ၁၉ ဦး အထိပါဝင်ကြောင်း အသံ အဖွဲ့၏ လေ့လာစောင့်ကြည့်မှုများအရသိရသည်။

ဖြိုးအောင်

#PeopleMedia


Share this post