• Follow Us on

Home ဗကသ၏ မူပုိင္ျဖစ္သည့္ ခြပ္ေဒါင္းအမွတ္တံဆိပ္ကုိ NLD ပါတီအမွတ္တံဆိပ္အျဖစ္ ဆက္လက္အသုံးမျပဳရန္ ဗကသမွ NLD ပါတီထံ အိတ္ဖြင့္ေပးစာေပးပုိ႔

ဗကသ၏ မူပုိင္ျဖစ္သည့္ ခြပ္ေဒါင္းအမွတ္တံဆိပ္ကုိ NLD ပါတီအမွတ္တံဆိပ္အျဖစ္ ဆက္လက္အသုံးမျပဳရန္ ဗကသမွ NLD ပါတီထံ အိတ္ဖြင့္ေပးစာေပးပုိ႔

Share this post

ရန္ကုန္၊ ဇြန္ – ၉

ဗကသ၏ မူပုိင္ျဖစ္သည့္ ခြပ္ေဒါင္းအမွတ္တံဆိပ္ကုိ NLD ပါတီအမွတ္တံဆိပ္အျဖစ္ ဆက္လက္အသုံးမျပဳရန္ ဗကသမွ NLD ပါတီထံ အိတ္ဖြင့္ေပးစာေပး၍ ေတာင္းဆုိလုိက္သည္။

“ကြၽန္ေတာ္တို႔ကေတာင္းတာ၊ ေတာင္းတာကုိ ေပးတာမေပးတာက သူတို႔အပိုင္းပဲ၊ အကယ္၍ သူတို႔ယူထားတဲ့ အလံရဲ႕ဂုဏ္သိကၡာကို သူတို႔ေထာက္ၿပီးေတာ့ သူတို႔ရဲ႕လုပ္ရက္ေတြျပင္မယ္ဆိုရင္ေတာ့ တစ္မ်ိဳးေပါ့၊ သူတို႔ ယူသုံးထားတဲ့အလံရဲ႕ဂုဏ္သိကၡာေတြ ကိုယ္စားျပဳမႈေတြကို မ်က္ႏွာမငွဲ႔ဘဲသူတို႔လုပ္ခ်င္ရာလုပ္ ေက်ာင္းသား ေတြ ျပည္သူေတြကို ရန္သူလိုဆက္ဆံၿပီးေတာ့ အလံကိုျပန္မေပးဘဲသုံးေနရင္ေတာ့ သူတိ္ု႔မရွက္တတ္လို႔ပဲလို႔ ကြၽန္ေတာ္တို႔ကေျပာမွာပဲ” ကိုေအာင္ျပည့္စုံၿဖိဳး (ဗ.က.သ ဒု-ဥကၠ႒(၁))က ေျပာသည္။

ဗကသမ်ားအဖဲြ႕ခ်ဳပ္အသံုးျပဳေနၿမဲျဖစ္ေသာ တိုက္ပဲြ၀င္အလံေတာ္မွ ခြပ္ေဒါင္းအမွတ္တံဆိပ္ကို အမ်ိဳးသား ဒီမိုကေရစီအဖဲြ႕ခ်ဳပ္ပါတီမွ ခြပ္ေဒါင္းအလံ ဆက္လက္အသုံးမျပဳရန္ ဇြန္လ ၈ ရက္ တြင္ဗကသမ်ားအဖဲြ႕ခ်ဳပ္မွ ထုတ္ျပန္ထားသည္။

ထို႔အျပင္ NLD ပါတီအာဏာရလာခ်ိန္တြင္ ဗမာႏုိင္ငံလံုးဆိုင္ရာေက်ာင္းသားသမဂၢအဖဲြ႕ခ်ဳပ္ကို ေပ်ာက္ကြယ္ ေစလိုေသာသေဘာျဖင့္ ႏုိင္ငံလံုးဆိုင္ရာေက်ာင္းသားမ်ားသမဂၢ(နကသ)ကို တရား၀င္ ဖဲြ႕စည္းေပးခဲ့ေၾကာင္း၊ အလားတူ အသစ္ေရးဆြဲထားေသာ ဒသမတန္း ျမန္မာစာျပ႒ာန္းစာတြင္ ဗမာနိုင္ငံလံုးဆိုင္ရာ ေက်ာင္းသား သမဂၢဟူသည့္ အမည္မွန္အစား ျမန္မာနိုင္ငံလံုးဆိုင္ရာေက်ာင္းသားသမဂၢဟုေဖာ္ျပ၍ ဗကသ၏ သမိုင္းကို ေဖ်ာက္ဖ်က္လိုဟန္ျဖင့္ ေျပာင္းလဲေရးသားခဲ့ျခင္းသည္ ဗကသအဖဲြ႕ခ်ဳပ္က အိတ္ဖြင့္ေပးစာ၌ ေဖာ္ျပထားသည္။

NLD ပါတီသည္ စစ္အာဏာရွင္စနစ္ကို သက္ဆိုးရွည္ေစေသာ ၂၀၀၈ ဖဲြ႕စည္ပံု အေျခခံဥပေဒေအာက္သို႔ ဒူး ေထာက္၀င္ေရာက္ထားၿပီး စစ္အာဏာရွင္ ႀကိဳးဆဲြရာကေနေသာ NLD ပါတီက ခြပ္ေဒါင္းေအာင္လံေတာ္ကို အသံုးျပဳေနျခင္းသည္ ခြပ္ေဒါင္းေအာင္လံေတာ္၏ဂုဏ္သေရကို ညိ္ွဳးႏြမ္းေစေၾကာင္း ဗသကအဖဲြ႕ထုတ္ျပန္ ခ်က္၌ ေဖာ္ျပထားသည္။ ဗကသမ်ားအဖြဲ႕ခ်ဳပ္၏ သတၱမအႀကိမ္ေျမာက္ ျမန္မာႏုိင္ငံလံုးဆိုင္ရာညီလာခံ ဆုံးျဖတ္ခ်က္အရ ထုတ္ျပန္ျခင္းျဖစ္ေၾကာင္း အိတ္ဖြင့္ေပးစာ၌ ေဖာ္ျပထားသည္။

#PeopleMedia #ဗကသ #NLD

(unicode)
ဗကသ၏ မူပိုင်ဖြစ်သည့် ခွပ်ဒေါင်းအမှတ်တံဆိပ်ကို NLD ပါတီအမှတ်တံဆိပ်အဖြစ် ဆက်လက်အသုံးမပြုရန် ဗကသမှ NLD ပါတီထံ အိတ်ဖွင့်ပေးစာပေးပို့
……………………………………………………

ရန်ကုန်၊ ဇွန် – ၉

ဗကသ၏ မူပိုင်ဖြစ်သည့် ခွပ်ဒေါင်းအမှတ်တံဆိပ်ကို NLD ပါတီအမှတ်တံဆိပ်အဖြစ် ဆက်လက်အသုံးမပြုရန် ဗကသမှ NLD ပါတီထံ အိတ်ဖွင့်ပေးစာပေး၍ တောင်းဆိုလိုက်သည်။

“ကျွန်တော်တို့ကတောင်းတာ၊ တောင်းတာကို ပေးတာမပေးတာက သူတို့အပိုင်းပဲ၊ အကယ်၍ သူတို့ယူထားတဲ့ အလံရဲ့ဂုဏ်သိက္ခာကို သူတို့ထောက်ပြီးတော့ သူတို့ရဲ့လုပ်ရက်တွေပြင်မယ်ဆိုရင်တော့ တစ်မျိုးပေါ့၊ သူတို့ ယူသုံးထားတဲ့အလံရဲ့ဂုဏ်သိက္ခာတွေ ကိုယ်စားပြုမှုတွေကို မျက်နှာမငှဲ့ဘဲသူတို့လုပ်ချင်ရာလုပ် ကျောင်းသား တွေ ပြည်သူတွေကို ရန်သူလိုဆက်ဆံပြီးတော့ အလံကိုပြန်မပေးဘဲသုံးနေရင်တော့ သူတိ်ု့မရှက်တတ်လို့ပဲလို့ ကျွန်တော်တို့ကပြောမှာပဲ” ကိုအောင်ပြည့်စုံဖြိုး (ဗ.က.သ ဒု-ဥက္ကဋ္ဌ(၁))က ပြောသည်။

ဗကသများအဖွဲ့ချုပ်အသုံးပြုနေမြဲဖြစ်သော တိုက်ပွဲဝင်အလံတော်မှ ခွပ်ဒေါင်းအမှတ်တံဆိပ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ခွပ်ဒေါင်းအလံ ဆက်လက်အသုံးမပြုရန် ဇွန်လ ၈ ရက် တွင်ဗကသများအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

ထို့အပြင် NLD ပါတီအာဏာရလာချိန်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကို ပျောက်ကွယ် စေလိုသောသဘောဖြင့် နိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ(နကသ)ကို တရားဝင် ဖွဲ့စည်းပေးခဲ့ကြောင်း၊ အလားတူ အသစ်ရေးဆွဲထားသော ဒသမတန်း မြန်မာစာပြဋ္ဌာန်းစာတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂဟူသည့် အမည်မှန်အစား မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂဟုဖော်ပြ၍ ဗကသ၏ သမိုင်းကို ဖျောက်ဖျက်လိုဟန်ဖြင့် ပြောင်းလဲရေးသားခဲ့ခြင်းသည် ဗကသအဖွဲ့ချုပ်က အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားသည်။

NLD ပါတီသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသော ၂၀၀၈ ဖွဲ့စည်ပုံ အခြေခံဥပဒေအောက်သို့ ဒူး ထောက်ဝင်ရောက်ထားပြီး စစ်အာဏာရှင် ကြိုးဆွဲရာကနေသော NLD ပါတီက ခွပ်ဒေါင်းအောင်လံတော်ကို အသုံးပြုနေခြင်းသည် ခွပ်ဒေါင်းအောင်လံတော်၏ဂုဏ်သရေကို ညိ်ှုးနွမ်းစေကြောင်း ဗသကအဖွဲ့ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။ ဗကသများအဖွဲ့ချုပ်၏ သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာညီလာခံ ဆုံးဖြတ်ချက်အရ ထုတ်ပြန်ခြင်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားသည်။

#PeopleMedia #ဗကသ #NLD


Share this post