• Follow Us on

Home ဗင်နီဇွဲလားနိုင်ငံက ဒရုန်းများ၊ လေယာဉ်များ စတင်ထုတ်လုပ်နေပြီဟု သမ္မတ မာဒူရို ပြော

ဗင်နီဇွဲလားနိုင်ငံက ဒရုန်းများ၊ လေယာဉ်များ စတင်ထုတ်လုပ်နေပြီဟု သမ္မတ မာဒူရို ပြော

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၁
ဗင်နီဇွဲလားနိုင်ငံက ဘက်စုံသုံး မောင်းသူမဲ့လေယာဉ်များနှင့် အင်ဂျင်တစ်လုံးတပ်လေယာဉ်များ ပြည် တွင်း၌ထုတ်လုပ်မှု စတင်လိုက်ကြောင်း သမ္မတ နီကိုးလပ်စ်မာဒူရိုက ပြောကြားလိုက်သည်။
အမျိုးသားလေကြောင်းပျံသန်းရေးဗဟိုဌာန ဖွဲ့စည်းတည်ထောင်မည့် အမိန့်တစ်ရပ်ကို သမ္မတ မာဒူရိုက နိုဝင်ဘာလ ၁၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
“ဗင်နီဇွဲလားနိုင်ငံမှာ ရှေ့ပြေး လေ့ကျင့်ရေးလေယာဉ်နှစ်မျိုး ထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်” ဟု ရုပ်သံမိန့် ခွန်းတစ်ခုအတွင်း ၄င်းက ဆိုသည်။
အင်ဂျင်တစ်လုံးတပ်လေယာဉ်များကို စိုက်ပျိုးရေးနှင့် လေကြောင်းစောင့်ကြပ်မှုတွင် အသုံးပြုရန် ပုံဖော် ထားသည်။ မကြာမီ ထုတ်လုပ်မှုစတင်နိုင်မည့် ဘက်စုံသုံး မောင်းသူမဲ့လေယာဉ်တစ်မျိုးကိုလည်း ၄င်းက ထုတ် ဖော်ပြသခဲ့သည်။
စီမံကိန်းနှစ်ခုလုံးက နိုင်ငံ့ဖွံ့ဖြိုးရေးနှင့် လုံခြုံရေးကို မြှင့်တင်ပေးမည်ဟု မာဒူရို၏ပြောကြားချက်အရ သိရ သည်။ ဗင်နီဇွဲလားနိုင်ငံက အီရန်နိုင်ငံထံမှ လက်နက်ခဲယမ်းများ ဝယ်ယူခဲ့သည်ဆိုသော ကိုလံဘီယာသမ္မတ အိုင် ဗန်ဒူကေး၏ ပြောကြားချက်အပေါ် အောက်တိုဘာလအတွင်း မာဒူရိုက မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
ဗင်နီဇွဲလားနိုင်ငံက ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမှမဆို လက်နက်ခဲယမ်းများ လွတ်လပ်စွာ ဝယ်ယူပိုင်ခွင့်ရှိ ကြောင်း မာဒူရိုက ပြောကြားခဲ့သည်။
ကိုးကား – ရိုက်တာ
Ref; Venezuela Launching Mass Production of Multi-Purpose Drones, Planes, Maduro Says
#PeopleMedia
(unicode)
……………………………………………
Ref; Venezuela Launching Mass Production of Multi-Purpose Drones, Planes, Maduro Says

Share this post