• Follow Us on
Latest News

Home ဗန်းမော်၌ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံသူများက UEC ကို ဆန္ဒထုတ်ဖော်


Share this post







(unicode)
ဗန်းမော်၌ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံသူများက UEC ကို ဆန္ဒထုတ်ဖော်

……………………………………..

ဗန်းမော်၊ ဒီဇင်ဘာ – ၂၄ (People Media) ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ပြည်ခိုင်ဖြိုးကို ပါတီ ထောက်ခံကြသူများက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် UEC အနေနှင့် တရားမျှတမှု မရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က ဗန်းမော်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး ရိပ်သာအရှေ့၌ ပြုလုပ်ခဲ့ကြသည်။ ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ကြိုတင်မဲများ စစ်ဆေးပေးရေး… ဒို့အရေး၊ တနိုင်ငံလုံးမဲမသာမှုအား ဝိုင်းဝန်းစစ်ဆေးဖော်ထုတ်ပေးရေး.. ဒို့အရေး။ တရားမဲ့ပြုလုပ်သူများ ဖော်ထုတ်ရေး… ဒို့အရေး၊ တရားမျှသော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းပေးရေး… ဒို့အရေး…၊ မှန်ကန်မျှတမှုမရှိတဲ့ ကော်မရှင် အလိုမရှိ၊ ရွေးကောက်ပွဲ ရလဒ် အလိုမရှိ၊ မဲလိမ်မဲခိုး ဖြစ်ရပ်များ ဆန့်ကျင်ကြ၊ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများ ဆန့်ကျင်ကြ၊ နိုင်င့တော်ငွေကြေးဖြင့် မဲဆွယ်စည်းရုံးခြင်း အလိုမရှိ စသည့် လက်ကိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့ပြီး ကြွေးကြော်သံ ၄ ရက်ဖြင့် ဖော်ထုတ်ခဲ့ကြသည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဗန်းမော်မြို့က ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံ သူများက စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ လူဦးရေ (၂၇)ဦးပါဝင်ပြီး ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းနှင့် ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံသူ အချို့လည်း ဝန်းရံပါဝင်ခဲ့ကြောင်း သိရသည်။ သတင်း/ဓါတ်ပုံ – ဖြိုးဖြိုး
#PeopleMedia #ဗန်းမော်မြို့


Share this post