• Follow Us on

Home ဗန်းမော်မြို့ရှိ ကျန်းမာရေးဝန်ထမ်းအိမ်ရာကို PDF အဖွဲ့မှ လက်လုပ်မိုင်းဖြင့် လာရောက်ပစ်ခတ်

ဗန်းမော်မြို့ရှိ ကျန်းမာရေးဝန်ထမ်းအိမ်ရာကို PDF အဖွဲ့မှ လက်လုပ်မိုင်းဖြင့် လာရောက်ပစ်ခတ်

Share this post

မြစ်ကြီးနား၊ မတ် ၁၀

 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ကျန်းမာရေးဝန်ထမ်းအိမ်ရာကို PDF အကြမ်းဖက်အဖွဲ့မှ လက်လုပ်မိုင်းဖြင့် လာရောက်ပစ်ခတ်ခဲ့သည်။

 

ဖြစ်စဉ်မှာ ဗန်းမော်မြို့၊ ကျန်းမာရေးဝန်ထမ်းအိမ်ယာအား PDF အဖွဲ့မှ ယမန်နေ့ ည ၈ နာရီကျော်အချိန်တွင် လက်လုပ်မိုင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီး အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် အိမ်ယာအတွင်း ရပ်ထားသော ကားတစ်စီး ထိခိုက်ပျက်စီးခြင်း၊ မှန်တံခါး ၂၂ ချပ် မိုင်းစထိမှန်ပျက်စီးခြင်းနှင့် ခြံစည်းရိုးအုတ်တံတိုင်းများ ပျက်စီးသွားခဲ့သည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီး အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကေကေ

 

#PeopleMedia #EPN

 

(unicode)


………………………………………

 


 


 


 


 


 

#PeopleMedia #EPN


Share this post