• Follow Us on

Home ဗန်းမော်မြို့၌ တရားလွှတ်တော်ရှေ့နေတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ

ဗန်းမော်မြို့၌ တရားလွှတ်တော်ရှေ့နေတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ

Share this post

မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၃ (People Media)

 

ယနေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ခွန်သာရပ်ကွက်၌ တရားလွှတ်တော်ရှေ့နေတစ်ဦးသည် နံနက်စာ ရှမ်းခေါက်ဆွဲစားနေစဉ် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ၍ သေဆုံးခဲ့သည်။

 

“သေဆုံးသူက တရားလွှတ်တော်ရှေ့နေပါ။ အသက်က ၄၀ ကနေ ၄၅ နှစ်အတွင်း ရှိနိုင်ပါတယ်။ နံနက်စာ ရှမ်းခေါက်ဆွဲ စားနေတဲ့အချိန် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

အလားတူ ဗန်းမော်မြို့နယ်ရှိ စာသင်ကျောင်းများလည်း မကြာခဏ လက်လုပ်မိုင်းထောင်ခြင်းခံနေရသလို ကျောင်းမတက်ရေး လှုပ်ရှားမှုများလည်း နိုင်ငံရေးအင်အားစုအချို့က ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ တိုင်းဒေသကြီး ပြည်နယ်များ၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေး/ကျန်းမာရေးဝန်ထမ်းများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ စစ်မှုထမ်းဟောင်းများနှင့် သတင်းပေးဟုစွပ်စွဲခံရသူများသည် မကြာခဏ လုပ် ကြံသတ်ဖြတ်ခြင်းခံရလျက်ရှိသည်။

 

Photo – EPN

 

#PeopleMedia #တရားဥပဒေစိုးမိုးရေး

 

(unicode)


………………………………………………………….

 


 


 


 


 


 

Photo – EPN

 



Share this post