• Follow Us on

Home “ဗမာပြည်မှာ ဥပဒေက နှစ်မျိုးဖြစ်နေတယ်။ စာအုပ်ထဲက ရေးထားတဲ့ဥပဒေက လက်တွေ့မှာ သိပ်ပီပြင် လာတာမတွေ့ရဘူး။ စာအုပ်ထဲမှာ ရေးမထားသော နှုတ်မိန့်တွေ ညွန်ကြားလွှာတွေနဲ့ လုပ်နေတာတွေက ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေအတွက် အများကြီးကို ထိခိုက်ပါတယ်” ဦးအေးလွင် (ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ဝင်)

“ဗမာပြည်မှာ ဥပဒေက နှစ်မျိုးဖြစ်နေတယ်။ စာအုပ်ထဲက ရေးထားတဲ့ဥပဒေက လက်တွေ့မှာ သိပ်ပီပြင် လာတာမတွေ့ရဘူး။ စာအုပ်ထဲမှာ ရေးမထားသော နှုတ်မိန့်တွေ ညွန်ကြားလွှာတွေနဲ့ လုပ်နေတာတွေက ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေအတွက် အများကြီးကို ထိခိုက်ပါတယ်” ဦးအေးလွင် (ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ဝင်)

Share this post

အစ္စလာမ်ဘာသာဝင်များ နိုင်ငံသားစိစစ်ရေးကဒ် ပြုလုပ်ရာ၌ ခွဲခြားဆက်ဆံခံနေရကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ပြည်မြို့ခရီးစဉ်မှာ အစ္စလာမ်ဘာသာဝင်တစ်ယောက်က တင်ပြခဲ့ပါတယ်။

အဆိုပါ အစ္စလာမ်ဘာသာဝင်က နိုင်ငံသားစိစစ်ရေးကဒ်ရရှိရန် လဝကကို ငွေပေးရကြောင်း တင်ပြခဲ့ကြပါ တယ်။

ထိုကဲ့သို့ အစ္စလာမ်ဘာသာဝင်များ နိုင်ငံသားစိစစ်ရေးကဒ်ရရှိရန် လဝကမှ ခွဲခြားဆက်ဆံခံရခြင်း အခြေအနေ နှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အဖွဲ့ဝင်တစ်ဦးလည်းဖြစ် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအေးလွင်နှင့် လူထုမီဒီယာမှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

Share this post