• Follow Us on

Home ဗမာပြည်သူ့လွတ်မြောက်ရေးတပ်(BPLA) အဖွဲ့ဝင် (၃) ဦးနှင့် ဒေါက်တာတစ်ဦး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်(BPLA) အဖွဲ့ဝင် (၃) ဦးနှင့် ဒေါက်တာတစ်ဦး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရ

Share this post

ကရင်၊ မတ် ၁၉

 

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) အဖွဲ့ဝင် ရဲဘော် (၃) ဦးနှင့် ဒေါက်တာတစ်ဦးတို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ယင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

 

(BPLA) အဖွဲ့၏ မူဝါဒရေးရာအဖွဲ့မှ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ရဲဘော်စုချစ် (Former Executive Director of Seagull: Human Right, Peace and Development)၊ ရဲဘော် ဟန်ဖြိုးအောင်၊ ရဲဘော် သိန်းမင်းဆန်းနှင့် စေတနာ့ဝန်ထမ်း ဒေါက်တာတစ်ဦးတို့သည် မတ်လ ၉ ရက် ညနေပိုင်းတွင် KNU/KNLA တပ်မဟာ(၁) နယ်မြေ သက်ကယ်ကျင်းကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

 

လက်ရှိအချိန်တွင် ၎င်းတို့ လေးဦးစလုံးသည် စစ်ကြောရေးတွင် ရောက်ရှိနေသည်မှာ တစ်ပတ်ကျော်ကြာရှိနေ ပြီး အသေးစိတ်အခြေအနေများကို မသိရသေးကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


………………………………….

 


 


 


 


 

#PeopleMedia


Share this post