• Follow Us on

Home ဗမ္ကိုမုန္တိုင္း၀င္ေရာက္သျဖင့္ ဖိလစ္ပိုင္ႏွင့္ဗီယက္နမ္တို႔တြင္ ေသဆံုးသူ ၆၇ ေယာက္႐ွိလာ

ဗမ္ကိုမုန္တိုင္း၀င္ေရာက္သျဖင့္ ဖိလစ္ပိုင္ႏွင့္ဗီယက္နမ္တို႔တြင္ ေသဆံုးသူ ၆၇ ေယာက္႐ွိလာ

Share this post

ဟႏြိဳင္း၊ ႏို၀င္ဘာ ၁၆
တနဂၤေႏြေန႔တြင္ ဗီယက္နမ္ႏိုင္ငံသို႔ ဗမ္ကိုမုန္တိုင္း၀င္ေရာက္ခဲ့ၿပီး အေဆာက္အအံုမ်ားပ်က္စီးခဲ့သည့္အျပင္ အနည္းလံုးလူ ၅ ေယာက္ဒဏ္ရာရခဲ့သည္။
ဖိလစ္ပိုင္ႏိုင္ငံတြင္လည္း ေသဆံုးသူ ၆၇ ေယာက္႐ွိေနသည္။
တနဂၤေႏြေန႔မနက္ပိုင္းတြင္ တနာရီကီလိုမီတာ ၉၀ ႏႈန္းျဖင့္ ၀င္ေရာက္ခဲ့ျခင္းျဖစ္သည္။
သစ္ပင္မ်ားအျမစ္မွကၽြတ္ထြက္ၿပီး အိမ္ႏွင့္ေက်ာင္းမ်ားအမိုးမ်ားလန္ၿပီးပ်က္စီးခဲ့သည္။
ၿပီးခဲ့သည့္သီတင္းပတ္ ၆ ပတ္အတြင္း ယခုမုန္တိုင္းသည္ ဗီယက္နမ္ႏိုင္ငံကို၀င္ေရာက္ခဲ့သည့္ေနာက္ဆံုးမုန္တိုင္းျဖစ္ၿပီး ထိုကာလအတြင္း မုန္တိုင္းမ်ားဆက္တိုက္၀င္ေရာက္မႈေၾကာင့္ ေရႀကီးေျမၿပိဳမႈမ်ားဆက္တိုက္ျဖစ္ကာ ေသဆံုးသူ အနည္းဆံုး ၁၅၉ ေယာက္ႏွင့္ေပ်ာက္ဆံုးသူ ၇၀ ေက်ာ္႐ွိေနသည္။
ဖိလစ္ပိုင္ႏိုင္ငံကို ေလတိုက္ႏႈန္း တနာရီ ၁၅၅ မိုင္ႏႈန္းအထိေရာက္ခဲ့သည့္ တိုင္ဖြန္းမုန္တိုင္းအေနႏွင့္၀င္ေရာက္ခဲ့ၿပီးေနာက္ အားေပ်ာ့ကာ ဗီယက္နမ္ႏိုင္ငံကို၀င္ေရာက္ခဲ့ျခင္းျဖစ္သည္။
ယခုႏွစ္တြင္ ဖိလစ္ပိုင္ႏိုင္ငံသို႔အားအျပင္းဆံုးမုန္တိုင္းျဖစ္သည့္ဗမ္ကို၀င္ေရာက္ခဲ့ၿပီးေနာက္ ႏိုင္ငံတ၀န္းလူ ၆၇ ေယာက္ေသဆံုးၿပီး လူ ၁.၇ သန္းေဘးလြတ္ရာတိမ္းေ႐ွာင္ေနရသည္။
မုန္တိုင္းအလြန္တြင္ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္းအဆိုးဆံုးေရႀကီးမႈမ်ားျဖစ္ေနၿပီး ကယ္ဆယ္ေရးအားထုတ္မႈမ်ားကို အဟန္႔အတားျဖစ္ေနသည္။
Ref : Storm Vamco hits Vietnam as Philippines death toll rises to 67
#PeopleMedia
(Unicode)
ဗမ်ကိုမုန်တိုင်းဝင်ရောက်သဖြင့် ဖိလစ်ပိုင်နှင့်ဗီယက်နမ်တို့တွင် သေဆုံးသူ ၆၇ ယောက်ရှိလာ
………………………….
ဟနွိုင်း၊ နိုဝင်ဘာ ၁၆
တနင်္ဂနွေနေ့တွင် ဗီယက်နမ်နိုင်ငံသို့ ဗမ်ကိုမုန်တိုင်းဝင်ရောက်ခဲ့ပြီး အဆောက်အအုံများပျက်စီးခဲ့သည့်အပြင် အနည်းလုံးလူ ၅ ယောက်ဒဏ်ရာရခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင်လည်း သေဆုံးသူ ၆၇ ယောက်ရှိနေသည်။
တနင်္ဂနွေနေ့မနက်ပိုင်းတွင် တနာရီကီလိုမီတာ ၉၀ နှုန်းဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
သစ်ပင်များအမြစ်မှကျွတ်ထွက်ပြီး အိမ်နှင့်ကျောင်းများအမိုးများလန်ပြီးပျက်စီးခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ် ၆ ပတ်အတွင်း ယခုမုန်တိုင်းသည် ဗီယက်နမ်နိုင်ငံကိုဝင်ရောက်ခဲ့သည့်နောက်ဆုံးမုန်တိုင်းဖြစ်ပြီး ထိုကာလအတွင်း မုန်တိုင်းများဆက်တိုက်ဝင်ရောက်မှုကြောင့် ရေကြီးမြေပြိုမှုများဆက်တိုက်ဖြစ်ကာ သေဆုံးသူ အနည်းဆုံး ၁၅၉ ယောက်နှင့်ပျောက်ဆုံးသူ ၇၀ ကျော်ရှိနေသည်။
ဖိလစ်ပိုင်နိုင်ငံကို လေတိုက်နှုန်း တနာရီ ၁၅၅ မိုင်နှုန်းအထိရောက်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းအနေနှင့်ဝင်ရောက်ခဲ့ပြီးနောက် အားပျော့ကာ ဗီယက်နမ်နိုင်ငံကိုဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့အားအပြင်းဆုံးမုန်တိုင်းဖြစ်သည့်ဗမ်ကိုဝင်ရောက်ခဲ့ပြီးနောက် နိုင်ငံတဝန်းလူ ၆၇ ယောက်သေဆုံးပြီး လူ ၁.၇ သန်းဘေးလွတ်ရာတိမ်းရှောင်နေရသည်။
မုန်တိုင်းအလွန်တွင် ပြီးခဲ့သည့်နှစ်များအတွင်းအဆိုးဆုံးရေကြီးမှုများဖြစ်နေပြီး ကယ်ဆယ်ရေးအားထုတ်မှုများကို အဟန့်အတားဖြစ်နေသည်။
Ref : Storm Vamco hits Vietnam as Philippines death toll rises to 67
#PeopleMedia


Share this post