• Follow Us on

Home ဗဟန်းမြို့နယ်ရှိ သရုပ်ဆောင်ယဉ်လတ်၏ နေအိမ် လက်လုပ်ဗုံး ပစ်ပေါက်ခံရ၊ လူထိခိုက်မှုမရှိ

ဗဟန်းမြို့နယ်ရှိ သရုပ်ဆောင်ယဉ်လတ်၏ နေအိမ် လက်လုပ်ဗုံး ပစ်ပေါက်ခံရ၊ လူထိခိုက်မှုမရှိ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၅ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဥဿဖယားလမ်းရှိ သရုပ်ဆောင်ယဉ်လတ်နေအိမ်သည် ယနေ့ နံနက်ပိုင်းက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခံရကြောင်း ယင်းမြို့နယ်နေထိုင်သူများထံမှ သိရသည်။

 

ထို့အတူ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ပတ္တမြားလမ်းနှင့် ကနုကမာလမ်းထောင့်၊ စတိုးဆိုင်ရှိ အမျိုး သားတစ်ဦးသည် ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်လုပ်ကြံခြင်းခံခဲ့ရသည်။

 

အလားတူ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ဥဿဖယားလမ်းအတွင်းရှိ သရုပ်ဆောင် ယဉ်လတ်၏ နေအိမ်သည် လက်လုပ်ဗုံးဖြင့် ပစ်သွင်းခံရပြီး ပေါက်ကွဲမှုကြောင့် နေအိမ်ရှေ့ရှိ ပစ္စည်းတစ်ချို့ ထိခိုက် ပျက်စီးခဲ့ပြီး၊ လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်အပေါ် စစ်ကား (၃) စီးနှင့် ရဲကား (၂) စီး လမ်းအတွင်းသို့ ဝင်ရောက်လာပြီး လမ်းရှိ သွားလူသူ အချို့ကို စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia #ယဉ်လတ်

 

(unicode)


………………………………………………………..

 


 


 


 


 


 



Share this post