• Follow Us on

Home ဗဟန်း (၃) လမ်း ကားမှတ်တိုင်အနီး လူကူးဂုံးကျော်တံတားပေါ်တွင် မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း တွေ့ရှိ

ဗဟန်း (၃) လမ်း ကားမှတ်တိုင်အနီး လူကူးဂုံးကျော်တံတားပေါ်တွင် မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း တွေ့ရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၃ (People media)

 

ရွှေတိဂုံဘုရား၊ ကန်တော်ကြီးပန်းခြံ၊ မြေပဒေသာကျွန်းစသည့်နေရာများနှင့် အနီးဆုံးနေရာ တစ်နေရာဖြစ်သည့် ဗဟန်းမြို့နယ်၊ ဗဟန်း(၃)လမ်းကားမှတ်တိုင်အနီးတွင် တည်ဆောက်ထားသော လူကူးဂုံးကျော်တံတားပေါ်တွင် စက်တင်ဘာ ၂ ရက်နေ့က မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိခဲ့ကြောင်းသိရသည်။

 

အဆိုပါ လက်လုပ်ဗုံးကို မွေးနေ့လက်ဆောင်ပေးမည့် ပါဆယ်အိတ်သဏ္ဍန်မျိုးပြုလုပ်ထားပြီး ယင်းသို့ ပြုလုပ်ထားခြင်းကို မသင်္ကာ၍ စစ်ဆေးရာမှ တစ်ဆင့် လက်လုပ်ဗုံးကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

“လူကူးဂုံးကျော်တံတားပေါ်မှာ ဗုံးတွေ့တာကတော့ သိပ်မကြားလိုက်ဘူး၊ အဲ့ဒီနေ့မှာပဲ ဗဟန်းရဲစခန်းအနီးမှာ လည်း လက်လုပ်ဗုံးတစ်လုံး တွေ့ရှိခဲ့တာလည်း ရှိခဲ့တယ်” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပါ တယ်။

 

ဗဟန်းမြို့နယ်တွင် မပေါက်ကွဲသေးသော လက်လုပ်ဗုံးများ တွေ့ရှိမှုရှိခဲ့သည့်အပြင် ယနေ့တွင်လည်း မင်္ဂလာ တောင်ညွန့်မြို့နယ် ကြက်ဘဲဈေးအနီး တပ်မတော်ငါးပိနှင့် ငံပြာရည်စက်ရုံရှေ့တွင် ယနေ့ နံနက်အစောပိုင်းက လက်လုပ်မိုင်းပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

#People media #ဗဟန်းမြို့နယ် #ဗုံး

 

(unicode)


…………………………………………………………………………..

 


 


 


 


 


 



Share this post