• Follow Us on

Home ဗဟိုအမ်ိဳးသားဓာတ္ခြဲခန္းေရွ႕တြင္ ျပည္ပျပန္မည့္သူမ်ား ကိုဗစ္ပိုး လာေရာက္စစ္ေဆးရာမွ လူစုလူေဝးျဖစ္ေပၚ

ဗဟိုအမ်ိဳးသားဓာတ္ခြဲခန္းေရွ႕တြင္ ျပည္ပျပန္မည့္သူမ်ား ကိုဗစ္ပိုး လာေရာက္စစ္ေဆးရာမွ လူစုလူေဝးျဖစ္ေပၚ

Share this post

ရန္ကုန္၊ စက္တင္ဘာ-၂၆
ဒဂုံၿမိဳ႕နယ္အတြင္းရွိ ဗဟိုအမ်ိဳးသား ဓာတ္ခြဲခန္းေရွ႕တြင္ျပည္ပ ျပန္ၾကမည့္ သူမ်ားသည္COVID-19ေရာဂါပိုး ရွိမရွိ လာေရာက္ စစ္ေဆးၾကရာ လာေရာက္သူမ်ားသျဖင့္ လူစုလူေဝး ျဖစ္ေပၚေနလွ်က္ရွိေၾကာင္း ျပည္သူ႕ေရွ႕ေဆာင္ပါတီ ဒုတိယဥကၠ႒ ဦးေက်ာ္ေဇယ်က ေျပာသည္။
“အခုအဲ့မွာက ညအထိပါ လူမ်ားေနတာ၊ လူကမ်ားၿပီး ၀န္ထမ္းက နည္းေနေတာ့ ကိုဗစ္ စည္းကမ္းေတြလည္း မသိေတာ့ဘူးေပါ့၊ အဲ့ေတာ့ အဂတိေတြ ပါလာၿပီေလ ျမန္ျမန္ရေအာင္ေတြ Clearျဖစ္ေအာင္ေတြ ဒါေတြက ၀န္ထမ္းေတြ အက်င့္ပ်က္မယ့္ ဟာေတြ ျဖစ္လာနိုင္တဲ့အတြက္ တင္လိုက္တာပါ”ဟု ၎က ေျပာသည္။
အထက္ပါ လူစုလူေဝး ျဖစ္ေပၚမႈေၾကာင့္ မလိုလားအပ္သည့္ ေရာဂါ ျပန့္ပြားေရး မျဖစ္ေစရန္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား တင္ျပလိုက္ၿပီျဖစ္ေၾကာင္း ဦးေက်ာ္ေဇယ်က ဆိုသည္။
လက္ရွိ ဗဟိုအမ်ိဳးသား ဓာတ္ခြဲခန္းတြင္ ၀န္ထမ္းအင္အားမွာ ခုႏွစ္ေယာက္တစ္ဖြဲ႕ႏွင့္ အဆိုင္းသုံးဆိုင္းခြဲကာ တာ၀န္ယူေဆာင္႐ြက္ေပးေနရျခင္းေၾကာင့္ အင္အားမွ်တမႈ မရွိေၾကာင္း၊ တစ္ေန႕ထပ္တစ္ေန လူဦးေရမ်ားလာသည့္ အတြက္ ၀န္ထမ္းအင္အားႏွင့္ မွ်တမႈမရွိသည့္အတြက္ ေန႕ဘက္အျပင္ ညအထိပါ တာ၀န္ယူ ေဆာင္႐ြက္ေပးရသည္။
photo-ဦးေက်ာ္ေဇယ်
[Unicode]
ဗဟိုအမျိုးသားဓာတ်ခွဲခန်းရှေ့တွင် ပြည်ပပြန်မည့်သူများ ကိုဗစ်ပိုး လာရောက်စစ်ဆေးရာမှ လူစုလူဝေးဖြစ်ပေါ်
ရန်ကုန်၊ စက်တင်ဘာ-၂၆
ဒဂုံမြို့နယ်အတွင်းရှိ ဗဟိုအမျိုးသား ဓာတ်ခွဲခန်းရှေ့တွင်ပြည်ပ ပြန်ကြမည့် သူများသည်COVID-19ရောဂါပိုး ရှိမရှိ လာရောက် စစ်ဆေးကြရာ လာရောက်သူများသဖြင့် လူစုလူဝေး ဖြစ်ပေါ်နေလျှက်ရှိကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောသည်။
“အခုအဲ့မှာက ညအထိပါ လူများနေတာ၊ လူကများပြီး ဝန်ထမ်းက နည်းနေတော့ ကိုဗစ် စည်းကမ်းတွေလည်း မသိတော့ဘူးပေါ့၊ အဲ့တော့ အဂတိတွေ ပါလာပြီလေ မြန်မြန်ရအောင်တွေ Clearဖြစ်အောင်တွေ ဒါတွေက ဝန်ထမ်းတွေ အကျင့်ပျက်မယ့် ဟာတွေ ဖြစ်လာနိုင်တဲ့အတွက် တင်လိုက်တာပါ”ဟု ၎င်းက ပြောသည်။
အထက်ပါ လူစုလူဝေး ဖြစ်ပေါ်မှုကြောင့် မလိုလားအပ်သည့် ရောဂါ ပြန့်ပွားရေး မဖြစ်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများ တင်ပြလိုက်ပြီဖြစ်ကြောင်း ဦးကျော်ဇေယျက ဆိုသည်။
လက်ရှိ ဗဟိုအမျိုးသား ဓာတ်ခွဲခန်းတွင် ဝန်ထမ်းအင်အားမှာ ခုနှစ်ယောက်တစ်ဖွဲ့နှင့် အဆိုင်းသုံးဆိုင်းခွဲကာ တာဝန်ယူဆောင်ရွက်ပေးနေရခြင်းကြောင့် အင်အားမျှတမှု မရှိကြောင်း၊ တစ်နေ့ထပ်တစ်နေ လူဦးရေများလာသည့် အတွက် ဝန်ထမ်းအင်အားနှင့် မျှတမှုမရှိသည့်အတွက် နေ့ဘက်အပြင် ညအထိပါ တာဝန်ယူ ဆောင်ရွက်ပေးရသည်။
photo-ဦးကျော်ဇေယျ

Share this post