• Follow Us on

Home ဗိုင္းရပ္စ္ကာကြယ္ေဆး ထုတ္လုပ္နိုင္လ်င္ မေလးရွားနိုင္ငံကို ဦးစားေပး မည္ဟု တ႐ုတ္ နိုင္ငံျခားေရးဝန္ႀကီး ေျပာ

ဗိုင္းရပ္စ္ကာကြယ္ေဆး ထုတ္လုပ္နိုင္လ်င္ မေလးရွားနိုင္ငံကို ဦးစားေပး မည္ဟု တ႐ုတ္ နိုင္ငံျခားေရးဝန္ႀကီး ေျပာ

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၁၃
 
ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး ေအာင္ျမင္စြာ ထုတ္လုပ္နိုင္ပါက မေလးရွားနိုင္ငံကို ဦးစားေပးနိုင္ငံ စာရင္း ထည့္သြင္းရန္ တ႐ုတ္နိုင္ငံက သေဘာတူညီလိုက္ၿပီျဖစ္သည္။
 
မေလးရွား နိုင္ငံျခားေရးဝန္ႀကီး ဟက္ရွမ္မူဒင္ဟူစိန္က အေရွ႕ေတာင္အာရွခရီးစဥ္အျဖစ္ မေလးရွားနိုင္ငံ သို႔ေရာက္ရွိေနသည့္ တ႐ုတ္ နိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီႏွင့္အတူ ယေန႔ ပူးတြဲသတင္းစာရွင္းလင္းပြဲ၌ ေၾကညာခဲ့ျခင္း ျဖစ္သည္။
 
“ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး ေအာင္ျမင္စြာ ထုတ္လုပ္နိုင္ရင္ မေလးရွားနိုင္ငံကို ေထာက္ပံ့ၿပီး ဦးစား ေပးစာရင္းထဲမွာ မေလးရွားနိုင္ငံကို ထည့္သြင္းမယ္ဆိုတဲ့ တ႐ုတ္နိုင္ငံရဲ့ ကတိကဝတ္ကို ကၽြန္ေတာ္တို ႀကိဳဆိုၿပီး အသိအမွတ္ျပဳပါတယ္” ဟု ၄င္းက ေျပာသည္။
 
ကာကြယ္ေဆး သုေတသနျပဳမႈ၊ ထုတ္လုပ္မႈႏွင့္ ျဖန္႔ျဖဴးမႈျပဳလုပ္ရာတြင္ မေလးရွားမိတ္ဖက္မ်ားႏွင့္ ဘက္စုံပူးေပါင္းေဆာင္ရြက္မႈ တည္ေထာင္ရန္ တ႐ုတ္လုပ္ငန္းမ်ားကို အားေပးမည့္ တ႐ုတ္နိုင္ငံ၏သေဘာတူညီ ခ်က္ကို ႀကိဳဆိုပါေၾကာင္း သူက ဆိုသည္။
 
မေလးရွားနိုင္ငံက ကာကြယ္ေဆးထုတ္လုပ္မႈကို အနီးကပ္ ေစာင့္ၾကည့္ေနေၾကာင္း ကာကြယ္ေဆးရရွိ ေရးက အစိုးရအတြက္ ထိပ္တန္းဦးစားေပးလုပ္ငန္းတစ္ရပ္ျဖစ္ေၾကာင္း ဟူစိန္က ေျပာသည္။
အမ်ားျပည္သူ အသုံးျပဳနိုင္ရန္ နိုဝင္ဘာလထက္ေနာက္မက်ဘဲ ဗိုင္းရပ္စ္ကာကြယ္ေဆး အဆင္သင့္ရနိုင္ သည္ဟု တ႐ုတ္နိုင္ငံက ေျပာၾကားခဲ့ေၾကာင္း ၄င္းက ဆိုသည္။
 
“တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီရဲ့ မေလးရွားနိုင္ငံခရီးစဥ္က ဗိုင္းရပ္ကာကြယ္ေဆး ပူးေပါင္းေဆာင္ ရြက္မႈနဲ႔ ညႇိႏွိုင္းေဆာင္ရြက္မႈမွာ ကၽြန္ေတာ္တို႔ ေနာက္မက်ေနဘူးဆိုတာ ျပသရာေရာက္ပါတယ္” ဟု ၄င္းက ေျပာသည္။
 
ကိုးကား – ရိုက္တာ
 
Ref; Malaysia to be on priority list for China-produced COVID-19 vaccine: Foreign minister
 
(unicode)
ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်နိုင်လျင် မလေးရှားနိုင်ငံကို ဦးစားပေး မည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီး ပြော
……………………………………………………………
 
နိုင်ငံတကာ၊ အောက်တိုဘာ ၁၃
 
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အောင်မြင်စွာ ထုတ်လုပ်နိုင်ပါက မလေးရှားနိုင်ငံကို ဦးစားပေးနိုင်ငံ စာရင်း ထည့်သွင်းရန် တရုတ်နိုင်ငံက သဘောတူညီလိုက်ပြီဖြစ်သည်။
 
မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဟက်ရှမ်မူဒင်ဟူစိန်က အရှေ့တောင်အာရှခရီးစဉ်အဖြစ် မလေးရှားနိုင်ငံ သို့ရောက်ရှိနေသည့် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့်အတူ ယနေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့ခြင်း ဖြစ်သည်။
“ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အောင်မြင်စွာ ထုတ်လုပ်နိုင်ရင် မလေးရှားနိုင်ငံကို ထောက်ပံ့ပြီး ဦးစား ပေးစာရင်းထဲမှာ မလေးရှားနိုင်ငံကို ထည့်သွင်းမယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ ကတိကဝတ်ကို ကျွန်တော်တို ကြိုဆိုပြီး အသိအမှတ်ပြုပါတယ်” ဟု ၄င်းက ပြောသည်။
 
ကာကွယ်ဆေး သုတေသနပြုမှု၊ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုပြုလုပ်ရာတွင် မလေးရှားမိတ်ဖက်များနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု တည်ထောင်ရန် တရုတ်လုပ်ငန်းများကို အားပေးမည့် တရုတ်နိုင်ငံ၏သဘောတူညီ ချက်ကို ကြိုဆိုပါကြောင်း သူက ဆိုသည်။
 
မလေးရှားနိုင်ငံက ကာကွယ်ဆေးထုတ်လုပ်မှုကို အနီးကပ် စောင့်ကြည့်နေကြောင်း ကာကွယ်ဆေးရရှိ ရေးက အစိုးရအတွက် ထိပ်တန်းဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း ဟူစိန်က ပြောသည်။
 
အများပြည်သူ အသုံးပြုနိုင်ရန် နိုဝင်ဘာလထက်နောက်မကျဘဲ ဗိုင်းရပ်စ်ကာကွယ်ဆေး အဆင်သင့်ရနိုင် သည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့ကြောင်း ၄င်းက ဆိုသည်။
 
“တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီရဲ့ မလေးရှားနိုင်ငံခရီးစဉ်က ဗိုင်းရပ်ကာကွယ်ဆေး ပူးပေါင်းဆောင် ရွက်မှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုမှာ ကျွန်တော်တို့ နောက်မကျနေဘူးဆိုတာ ပြသရာရောက်ပါတယ်” ဟု ၄င်းက ပြောသည်။
 
ကိုးကား – ရိုက်တာ
 
Ref; Malaysia to be on priority list for China-produced COVID-19 vaccine: Foreign minister

Share this post