• Follow Us on

Home ဗိုင္းရပ္စ္ကူးစက္ခံရသူတစ္ေန႔ ၁ သိန္းေလာက္႐ွိလာႏိုင္တယ္လို႔ အေမရိကန္ထိပ္တန္းသုေတသီသတိေပး

ဗိုင္းရပ္စ္ကူးစက္ခံရသူတစ္ေန႔ ၁ သိန္းေလာက္႐ွိလာႏိုင္တယ္လို႔ အေမရိကန္ထိပ္တန္းသုေတသီသတိေပး

Share this post

ဝါ႐ွင္တန္ဒီစီ၊ ဇူလိုင္ ၁

အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူတစ္ေန႔ကို အေယာက္ ၁ သိန္းတိုးလာမယ္ဆိုလည္း အံ့ၾသစရာမ႐ွိဘူးလို႔ အေမရိကန္ထိပ္တန္းေရာဂါသုေတသီေဒါက္တာအန္တိုနီ ေဖာက္ခ်ီက အေမရိကန္ဆီးနိတ္ လႊတ္ေတာ္ကို အသိေပးပါတယ္။

ေက်ာင္းေတြနဲ႔စီးပြားေရးလုပ္ငန္းေတြျပန္ဖြင့္ဖို႔ႀကိဳးစားမႈေတြအေပၚ ဆီးနိတ္လႊတ္ေတာ္ေကာ္မတီတစ္ရပ္ဆီ သက္ေသခံရာမွာ ဓာတ္မတည့္မႈႏွင့္ ကူးစက္ေရာဂါမ်ားဆိုင္ရာအမ်ိဳးသားသိပၸံရဲ႕ ၫႊန္ၾကားေရးမွဴးေဒါက္တာ ေဖာက္ခ်ီက ေျပာတာပါ။

ျပန္ဖြင့္ဖို႔လိုအပ္တဲ့မွတ္တိုင္ေတြကို ျပည္နယ္ေတြကေက်ာ္ခဲ့လို႔ ေရာဂါျဖစ္ပြားမႈေတြျမင့္တက္ေနတာလို႔လည္း ေျပာပါတယ္။

ဒါ့ေၾကာင့္ေန႔စဥ္ကူးစက္မႈပမာဏ ၂ ဆေက်ာ္ေလာက္တိုးလာရင္ေတာင္ အံ့ၾသစရာမ႐ွိဘူးလို႔ ေဒါက္တာေဖာက္ ခ်ီက သတိေပးတာပါ။

“ကၽြန္ေတာ္တို႔အခုမထိန္းခ်ဳပ္ႏိုင္ဘူးဆိုတာ ႐ွင္းေနတာပဲ”လို႔ သူကထြက္ဆိုၿပီး အေမရိကန္ႏိုင္ငံသားေတြဟာ ႏွာေခါင္းစည္းေတြမ၀တ္ၾကတာနဲ႔ လူခ်င္းခပ္ခြာခြာမေနၾကတာေတြ႐ွိေနတယ္လို႔လည္း သူက သတိေပးပါ တယ္။

လႊတ္ေတာ္ၾကားနာမႈမွာ လက္႐ွိကူးစက္ခံရမႈအသစ္ေတြရဲ႕တစ္၀က္နီးပါးဟာ ျပည္နယ္ ၄ ခုကေနလာတာလို႔ လည္း ေျပာပါတယ္။
ဒါ့အျပင္ အေမရိကန္ႏိုင္ငံအားလံုးအတြက္ ေဘးကင္းၿပီး အက်ိဳး႐ွိတဲ့ကာကြယ္ေဆး႐ွာေတြ႕ဖို႔အေရးႀကီးေပမဲ့ အဲဒီလိုေဆး႐ွာေတြ႕ဖို႔ အာမခံခ်က္မ႐ွိေသးဘူးလို႔လည္း ေျပာပါတယ္။

Ref : Coronavirus: Fauci warns of 100,000 US cases per day

#PeopleMedia

(unicode)
ဗိုင်းရပ်စ်ကူးစက်ခံရသူတစ်နေ့ ၁ သိန်းလောက်ရှိလာနိုင်တယ်လို့ အမေရိကန်ထိပ်တန်းသုတေသီသတိပေး
……………………………………………………

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၁

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်နေ့ကို အယောက် ၁ သိန်းတိုးလာမယ်ဆိုလည်း အံ့ဩစရာမရှိဘူးလို့ အမေရိကန်ထိပ်တန်းရောဂါသုတေသီဒေါက်တာအန်တိုနီ ဖောက်ချီက အမေရိကန်ဆီးနိတ် လွှတ်တော်ကို အသိပေးပါတယ်။

ကျောင်းတွေနဲ့စီးပွားရေးလုပ်ငန်းတွေပြန်ဖွင့်ဖို့ကြိုးစားမှုတွေအပေါ် ဆီးနိတ်လွှတ်တော်ကော်မတီတစ်ရပ်ဆီ သက်သေခံရာမှာ ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါများဆိုင်ရာအမျိုးသားသိပ္ပံရဲ့ ညွှန်ကြားရေးမှူးဒေါက်တာ ဖောက်ချီက ပြောတာပါ။

ပြန်ဖွင့်ဖို့လိုအပ်တဲ့မှတ်တိုင်တွေကို ပြည်နယ်တွေကကျော်ခဲ့လို့ ရောဂါဖြစ်ပွားမှုတွေမြင့်တက်နေတာလို့လည်း ပြောပါတယ်။

ဒါ့ကြောင့်နေ့စဉ်ကူးစက်မှုပမာဏ ၂ ဆကျော်လောက်တိုးလာရင်တောင် အံ့ဩစရာမရှိဘူးလို့ ဒေါက်တာဖောက် ချီက သတိပေးတာပါ။

“ကျွန်တော်တို့အခုမထိန်းချုပ်နိုင်ဘူးဆိုတာ ရှင်းနေတာပဲ”လို့ သူကထွက်ဆိုပြီး အမေရိကန်နိုင်ငံသားတွေဟာ နှာခေါင်းစည်းတွေမဝတ်ကြတာနဲ့ လူချင်းခပ်ခွာခွာမနေကြတာတွေရှိနေတယ်လို့လည်း သူက သတိပေးပါ တယ်။

လွှတ်တော်ကြားနာမှုမှာ လက်ရှိကူးစက်ခံရမှုအသစ်တွေရဲ့တစ်ဝက်နီးပါးဟာ ပြည်နယ် ၄ ခုကနေလာတာလို့ လည်း ပြောပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံအားလုံးအတွက် ဘေးကင်းပြီး အကျိုးရှိတဲ့ကာကွယ်ဆေးရှာတွေ့ဖို့အရေးကြီးပေမဲ့ အဲဒီလိုဆေးရှာတွေ့ဖို့ အာမခံချက်မရှိသေးဘူးလို့လည်း ပြောပါတယ်။

Ref : Coronavirus: Fauci warns of 100,000 US cases per day

#PeopleMedia


Share this post