• Follow Us on
Latest News

Home ဗိုင်းရပ်ကြောင့် ဖိလစ်ပိုင်စုံတွဲ(၂၂၀)သည်နှာခေါင်းစည်းတွေဝတ်ဆင်၍ လက်ထပ်

ဗိုင်းရပ်ကြောင့် ဖိလစ်ပိုင်စုံတွဲ(၂၂၀)သည်နှာခေါင်းစည်းတွေဝတ်ဆင်၍ လက်ထပ်

Share this post

၂၀၂၀၊ ဖေဖေါ်ဝါရီ ၂၄

 

ကိုရိုနာဗိုင်းရပ်ကူးစက် ပျံ့နှံနေတာကြောင့် ဖိလစ်ပိုင်မှာ စုံတွဲပေါင်း ၂၂၀ ဟာ အပြာရောင် နှားခေါင်းစည်းတွေ ဝတ်ဆင်ပြီးမင်္ဂလာဆောင်ပွဲ ဆင်နွှဲခဲ့ကြပါတယ်။

 

လူပေါင်း နှစ်ထောင်ကျော်ကို အသက်ဆုံးရှုံးစေခဲ့တဲ့ ဗိုင်းရပ်စ်ပိုးကို အံတုပြီးချစ်သူမောင်နှံတွေ၊ ဆွေမျိုးသားချင်းတွေဟာ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း ဘာကိုလော့မြို့က ဦးဆောင်ဦးရွက်ပြု ကျင်းပတဲ့ စုပေါင်း မင်္ဂလာပွဲကို တက်ရောက်ခဲ့ကြပါတယ်။

 

မြို့တော်ခန်းမထဲမှာတော့ အဖြူရောင်အင်္ကျီတွေ၊ မင်္လာဝတ်စုံတွေဝတ်ဆင်ထားတဲ့ မင်္လာမောင်နှံတွေနဲ့ ပြည့်နေပါတယ်။ ထူးခြားတာကတော့ အပြာရောင်နှာခေါင်းစည်းတွေဝတ်ဆင်ထားကြတာပါ။ ဒါကလည်း မဖြစ်မနေ ဝတ်ဆင်ကြရတာလည်းဖြစ်ပြီး အာဏာပိုင်တွေက ပေးထားတာဖြစ်ပါတယ်။

 

“‌နှားခေါင်းစည်းတွေ ဝတ်ထားပြီး နမ်းရတာ တစ်မျိုးကြီးပေါ့။ ဒါပေမဲ့ ဝတ်ဖို့ လိုတယ်လေ” လို့ မင်္ဂလာသတို့သားတစ်ဦးဖြစ်သူ ဂျွန်ပေါ အင်ဗန်တာက ပြောပါတယ်။

 

မင်္ဂလာ‌ပွဲတက်ရောက်သူတွေဟာ ၁၄ရက်စာအတွက် ခရီးသွားလာမှုအပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေပြုလုပ်ဖို့လိုပါတယ်။

 

“ကျွန်တော်တို့မိသားစုတွေ အင်အားကောင်းရင်း ဘာကိုလော့မြို့ကြီးလည်း အင်အားတောင့်တင်းပါတယ်” လို့ မင်္ဂလာပွဲကို ဆောင်ရွက်ပေးခဲ့တဲ့ မြို့တော်ဝန် အီဗလီယို လီယိုနာဒီယာက ဆိုပါတယ်။

 

အဲဒီမြို့မှာ နှစ်ပတ်လည် မင်္ဂလာဆောင်ပွဲကို ၂၀၁၃ ခုနှစ်မှာ စုံတွဲပေါင်း ၂၀၁၃ တွဲနဲ့ စပြီး ဆောင်ရွက်ခဲ့ပါတယ်။

 

#peoplemedia

Source: Reuters

 

https://www.reuters.com/…/masks-and-kisses-philippine-coupl…


Share this post