• Follow Us on

Home ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိ သုံးဦးကို အမေရိကန် ဆန်ရှင်ပိတ်ဆို့အရေးယူ


Share this post




Ref; Dailymail

#PeopleMedia


(Unicode)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိ သုံးဦးကို အမေရိကန် ဆန်ရှင်ပိတ်ဆို့အရေးယူ
………………………………………………………

မြန်မာ့တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အမေရိကန်က အင်္ဂါနေ့မှာ ပိတ်ဆို့ အရေးယူ မှု(sanction) ထပ်မံတိုးမြှင့်လိုက်ပါတယ်။

ဘင်္ဂါလီလူမျိုးစုတွေကို သတ်ဖြတ်မှုနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အမေရိကန်က ဇူလိုင်လမှာ အလည် အပတ်လာရောက်ခွင့် ပိတ်ပင်ထားခဲ့ပြီးဖြစ်ပါတယ်။ အင်္ဂါနေ့ထုတ်ပြန်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုမှာတော့ အမေရိ ကန်နဲ့ ဆက်နွယ်နေတဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်ပင်ခြင်းနဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ ၄င်းနဲ့ ဘဏ္ဍာရေး လွှဲပြောင်းမှုကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ခြင်းတွေပါ ပါဝင်လာခဲ့ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ အလားတူ အရေးယူပိတ်ဆို့မှုတွေကို မြန်မာ့တပ်မတော်ရဲ့ တခြားအရာ ရှိအကြီးအကဲသုံးဦးအပေါ်မှာလည်း ဆောင်ရွက်ထားတယ်လို့သိရပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေအပေါ် နှိပ်စက်ညှင်းပန်းမှု၊ ပြန်ပေးဆွဲမှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုနဲ့ သတ် ဖြတ်မှုတွေကို လုံးဝသည်းခံမှာမဟုတ်ဘူးလို့လည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင် မန်နူချန်က ထုတ် ပြန်ချက်ထဲမှာ ပြောကြားခဲ့ပါတယ်။

Ref; Dailymail

#PeopleMedia

(ပြည်တွင်းပြည်ပ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးစသည့် သတင်းများ အသစ်တင်တိုင်း သိရှိရန် PeopleMedia သတင်းဌာန Page ကို like လုပ်ဖို့ မေတ္တာရပ်ခံပါတယ်)

Image may contain: 1 person, hat

Share this post