• Follow Us on

Home ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း၌ မြန်မာ့တပ်မတော်မှ အရာရှိသင်တန်းသားပေါင်း ၇၀၀၀ ကျော် ရုရှားနိုင်ငံတက္ကသိုလ်အသီးသီး၌ အဆင့်မြင့် ပညာများ သင်ယူနိုင်ခဲ့


Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)




ထို့အပြင် ဒီမိုကရေစီဆိုသည့်ခေါင်းစဉ်ဖြင့် အရှေ့တောင်အာရှဒေသတွင်းတွင်သာမက မြန်မာနိုင်ငံအတွင်း တွင်ပါ နိုင်ငံရေးအပြောင်းအလဲများကို မိတ်ဆွေအမည်ခံပါဝင်ဆောင်ရွက်နေသူများဖြစ်သည့် အနောက်နိုင်ငံ အချို့နှင့် အမေရိကန်ပြည်ထောင်စုတို့သည် မြန်မာပြည်အစိုးရကို လူသားချင်းစာနာထောက်ထားမှုမရှိကြောင်း အပြစ်တင်ရှုတ်ချသလို မြန်မာ့တပ်မတော်ကိုလည်း မွတ်ဆလင်မျိုးနွယ်ဝင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများ ဆောင်ရွက်နေသလို ကမ္ဘာကထင်မြင်စေရန် လုပ်ကြံဖန်တီး အကွက်ဆင်လျက်ရှိနေသည်ဟုလည်း ယင်း ဆောင်းပါးတွင်ပါရှိသည်။



(unicde)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း၌ မြန်မာ့တပ်မတော်မှ အရာရှိသင်တန်းသားပေါင်း ၇၀၀၀ ကျော် ရုရှားနိုင်ငံတက္ကသိုလ်အသီးသီး၌ အဆင့်မြင့် ပညာများ သင်ယူနိုင်ခဲ့
…………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း မြန်မာ့တပ်မတော်မှ အရာရှိသင်တန်းသားပေါင်း ၇၀၀၀ ကျော်သည် ရုရှားနိုင်ငံတက္ကသိုလ်အသီးသီးတွင် အဆင့်မြင့်ပညာများ အောင်မြင်စွာ သင်ယူဆည်းပူးနိုင်ခဲ့သည်။

(၁၁၈)ကြိမ်မြောက်ထုတ်ဝေသည့် ရုရှားနိုင်ငံ၏ နိုင်ငံရေးစာစောင်တစ်ခုဖြစ်သည့် Politics Magazine တွင် ရုရှား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr.Mikhail Dmitriev ရေးသားသည့် “တောင့်တင်းခိုင်မာသော တပ်မတော်သည် အမိမြေငြိမ်းချမ်းသာယာရေး၏ အာမခံချက်ဖြစ်သည်”ခေါင်းစဉ်ပါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အကြောင်း ရေးသားထား သည့်ဆောင်းပါးတွင် ဖော်ပြပါရှိသည်။

ယင်းဆောင်းပါးတွင် မြန်မာနိုင်ငံတွင်းရှုပ်ထွေးလှသည့် နိုင်ငံရေးနှင့် စစ်ရေးအခြေအနေတို့အတွက် မရှိမဖြစ်လို အပ်သည့် ခေတ်မီစစ်လက်နက်ပစ္စည်းများကို ရုရှားနိုင်ငံမှ ဝယ်ယူလျက်ရှိပြီး ယဉ်ကျေးမှုရိုးရာအမွေအနှစ်နှင့် ဘာသာသာသနာထွန်းကား ပြန့်ပွားရေးအတွက် မော်စကိုမြို့အနီး ဘာလာရှိခါအရပ်တွင် တည်ထောင်ခဲ့သော ထေရဝါဒဗုဒ္ဓစင်တာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ကြီးမှူးဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း ရေးသားထားသည်။

ထို့အပြင် ဒီမိုကရေစီဆိုသည့်ခေါင်းစဉ်ဖြင့် အရှေ့တောင်အာရှဒေသတွင်းတွင်သာမက မြန်မာနိုင်ငံအတွင်း တွင်ပါ နိုင်ငံရေးအပြောင်းအလဲများကို မိတ်ဆွေအမည်ခံပါဝင်ဆောင်ရွက်နေသူများဖြစ်သည့် အနောက်နိုင်ငံ အချို့နှင့် အမေရိကန်ပြည်ထောင်စုတို့သည် မြန်မာပြည်အစိုးရကို လူသားချင်းစာနာထောက်ထားမှုမရှိကြောင်း အပြစ်တင်ရှုတ်ချသလို မြန်မာ့တပ်မတော်ကိုလည်း မွတ်ဆလင်မျိုးနွယ်ဝင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများ ဆောင်ရွက်နေသလို ကမ႓ာကထင်မြင်စေရန် လုပ်ကြံဖန်တီး အကွက်ဆင်လျက်ရှိနေသည်ဟုလည်း ယင်း ဆောင်းပါးတွင်ပါရှိသည်။
လက်တွေ့တွင် ဘာသာရေးအစွန်းရောက် လက်နက်ကိုင်သောင်းကျန်းသူများ ပါဝင်ပတ်သက်နေသည့် ဒေသတွင်းလက်နက်ကိုင်ပဋိပက္ခများမှသည် ပြည်တွင်းစစ်အသွင်သို့ ကူးပြောင်းမသွားစေရန် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းပေးထားသူမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခေါင်းဆောင်သော မြန်မာ့တပ်မတော်ပင်ဖြစ်ကြောင်း ရုရှား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Mikhail Dmitriev ရေးသားသည့် ဘာသာပြန်ဆောင်းပါးတွင် ဖော်ပြပါရှိသည်။

#PeopleMedia #ရုရှားတက္ကသိုလ် #အရာရှိသင်တန်းသား


Share this post