• Follow Us on

Home ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို YMBA မှ ထောက်ခံ ကြိုဆို

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို YMBA မှ ထောက်ခံ ကြိုဆို

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဦးဆောင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ဗဟိုမှ ထောက်ခံကြို ဆိုကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။
“YMBA အသင်းကြီးရဲ့ အမျိုးဘာသာသာသနာပညာအတွက် ချမှတ်ခဲ့တဲ့ မူဝါဒလမ်းစဉ်အတိုင်းပဲ အဲ့အတိုင်းပဲ ဆောင်ရွက်တာပါ” ဟု YMBA ဗဟိုမှ တာဝန်ရှိသူတစ်ဦးက People Media သို့ ပြောသည်။
YMBA အသင်းကြီးမှ ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည့် အမိန့်အမှတ် ၉/ ၂၀၂၁အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် သတိုးသီရိအဂ္ဂမဟာမင်္ဂဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ဦးဆောင်သော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ဗဟိုက ထောက်ခံကြိုဆိုကြောင်း ကြေညာချက်တွင် ပါဝင်သည်။
#PeopleMedia #YMBA
(unicode)
…………………………………………………………..

Share this post